Tuesday, 19 March 2019

ဟင်းနုနယ်ရွက်သိမ်းနည်း











ဒီနေ့တော့ ဗီယက်နမ်ဈေးကို သွားရင်း ကိုယ်စားတတ်တဲ့ အသီးအရွက်လေးတွေ လှိုင်လှိုင်ပေါ်တုန်း များများဝယ်လာခဲ့ပါတယ်။

အများကြီးဆိုတော့ တရက်ထဲလဲ စားလို့မကုန်တဲ့အတွက် ကြာကြာထားလို့ရမဲ့ နည်းလေးတွေ ပြင်ဆင်ကာ သိမ်းထားဖြစ်တာမို့လို့ မာမာသိမ်းတဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပြင်ဆင်ပုံ

  1. ဟင်းနုနယ်ရွက်များကို အရင်ဆုံး ရေများများထဲမှာ အပင်လိုက် ရေဆေးပေးပါ
  2. ပြီးတာနဲ့ ဟင်းနုနယ်ရွက်များကို အရွက်များ ခြွေပေးပြီး သပ်သပ်ဖယ်ထားပါ
  3. ဖယ်ထားသော အရွက်များကို ရေ သုံးထပ်လောက် ဆေးပြီး ရေစစ်ထားပါ
  4. ကျန်နေတဲ့ အရိုးများကို ရင့်နေတဲ့ နေရာမှ အကြောများကို ဓါးထက်ထက်လေးနဲ့ သင်ပေးပါ
  5. သင်ထားသော အကြောများကို လွှင်ပြစ့်ပေးပါ
  6. အကြောသင်ပြီးတာနဲ့ အလယ်မှ ထက်ခြမ်းခွဲပေးပြီး အနေတော်လေးတွေ ဖြတ်ပေးပါ
  7. အကြောသင်ပြီး လှီးဖြတ်ထားသော အရိုးလေးတွေကိုလဲ ရေသုံးထပ်လောက်ဆေးကာ ရေစစ်ထားပါ
  8. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးထဲမှာ ရေတစ်ဝက်သာသာလောက် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  9. ရေပွက်ပွက်ဆူလာတာနဲ့ အရင်ဆုံး ဟင်းနုနယ်အရိုးများကို ၅မိနစ်လောက် ထည့်ပြုပ်ပေးပါ
  10. အရိုးများ မနူးတနူးအချိန်မှာ ဆယ်ပေးပြီး ရေအေးအေးနဲ့ ၂ထပ်လောက်ဆေးပေးပါ
  11. ပြီးတာနဲ့  ပြုပ်ထားသော အရိုများ အရောင်မပြောင်းသွားအောင် ရေအေးအေးမှာ စိမ်ထားပေးပါ
  12. ဆူပြီးသား ရေပူပူထဲမှာဘဲ ဟင်းနုနယ်ရွက်များကို သုံးမိနစ်လောက် ထည့်ပြုပ်ပေးပါ
  13. အရွက်များ ပြုပ်နေစဉ်မှာ ရေပူများ ဝေကျတတ်တဲ့အတွက် သတိထားပြီး သစ်သားယောင်းမနှင့် မွှေပေးပါ
  14. ရေပွက်ပွက်ဆူလာပြီး အရွက်များ အရောင်ပြောင်းလာတာနဲ့ ဆယ်ပေးပြီး ရေအေးနဲ့ နှစ်ထပ်လောက် ဆေးပေးပါ
  15. ပြီးတာနဲ့ အရွက်များ အရောင်မပြောင်းအောင် ရေအေးနဲ့ စိမ်ထားပေးပါ
  16. အရိုးများ အရွက်များ အေးသွားတာနဲ့ ရေစစ်ပေးပါ
  17. ရေစစ်သွားတာနဲ့ လေလုံသော ပလပ်စတစ်အိတ်တွေနဲ့ထည့်ပြီး သေသေချာချာ ပိတ်ပေးကာ ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးခဲထားပေးပါ
  18. ကြော်စား ချက်စား သုပ်စားဖို့ ပြင်ဆင်တော့မယ်ဆိုရင်တော့ မပြင်ဆင်ခင် သုံးနာရီလောက် ကြိုတင်ပြီး ထုတ်ထားပေးပြီးမှ ပြင်ဆင်ပေးပါ။

Monday, 18 March 2019

ထောပါတ်သီး ကျောက်ကျော


ထောပါတ်သီးလေးတွေ ဝယ်လာပြီး ဖျော်ရည်လုပ်သောက်လိုက် အသုပ်လေး သုပ်စားလိုက်နဲ့ ရိုးအီလာသလို ဖြစ်လာတော့ ကျောက်ကျောလေး ထိုးဖြစ်သွားပါတယ်။

ထောပါတ်သီး အရသာ မပျက်ဘဲ စိမ့်စိမ့်လေး စားချင်တဲ့အတွက် သကြားအချိုကို လျှော့ထားပါတယ် အချိုကြိုက်ရင်တော့ သကြားကို ပိုထည့်ပေးပါ။

အုန်းနို့ဗူးကိုသုံးထားတဲ့အတွက် လွယ်ကူမြန်ဆန်စွာ လုပ်နိုင်တဲ့အတွက် မာမာလုပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

မာမာကတော့ အချိုပွဲ ၄ယောက်စာအတွက်ဘဲ လုပ်တာမို့ ကျောက်ကျောမှုန့် အထုတ်ရဲ့ တစ်ဝက်နဲ့ဘဲ လုပ်ထားပါတယ် စားမဲ့သူ များရင်တော့ တစ်ထုတ်လုံးအတွက် အခုပေးထားတဲ့ အချိုးအစားထက် တစ်ဆပိုထည့်ပြီး လုပ်နိုင်ပါတယ်။


ပါဝင်ပစ္စည်းများ


  1. ကျောက်ကျောမှုန့်  -၂၅ ဂရမ်အထုတ် ( ရွှေဖလားတံဆိပ်အထုပ် တစ်ဝက်ကို သုံးပါ)
  2. ထောပတ်သီး - တစ်ခြမ်း (လတ်လတ်ဆတ်ဆတ် အသီးကို သုံးပါ)
  3. သကြား - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ဝက်
  4. အုန်းနို့ -၂၀၀ မီလီလီတာ 
  5. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ 
  6. ရေ - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ခွက် (ကျောက်ကျောကျိုရန်)
  7. ရေ - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ခွက် ( ကျောက်ကျောမှုန့် ဖော်ရန်အတွက်)
  8. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု
  9. ဇောက်နက်သော အနေတော်အိုး - တစ်လုံး
ပြင်ဆင်ပုံ
  1. ထောပတ်သီးကို ထက်ခြမ်းကာ အလယ်မှ အစေ့ကိုထုတ်ပြီး အခွံခွာပေးပါ
  2. အခွံခွာပြီးပါက မထူမပါးလေးတွေ လှီးထားပါ 
  3. ရေတစ်ခွက်နှင့် ကျောက်ကျောမှုန့် တစ်ဝက်ကို ပျော်သွားအောင် ဖျော်ထားပါ
  4. ကျိုပြီးသား ကျောက်ကျောရည်ထည့်ရန် ပလပ်စတစ်ဗူး (သို့မဟုတ်) ဗန်းကို အဆင်သင့် ပြင်ထားပါ
  5. ဇောက်နက်သော အနေတော် အိုးထဲတွင် ရေ သကြား အုန်းနို့နှင့် ဆားတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  6. ရေပွက်ပွက်ဆူလာပါက အုန်းနို့ပါတဲ့အတွက် ဝေကျတတ်ပါတယ် 
  7. မီးကို အလယ်လောက်အထိ လျှော့ပေးပြီးမှ အရည်ဖျော်ထားသော ကျောက်ကျောမှုန့်ကို ထည့်မွှေပေးပါ
  8. မွှေနေစဉ်မှာ အရည်များ ပျစ်လာပါက အဆင်သင့် ပြင်ထားသော ဘူးထဲသို့ ကျောက်ကျောရည် တစ်ဝက်ကို လောင်းထည့်ပါ
  9. ပြီးတာနဲ့ လှီးထားသော ထောပါတ်သီးကို မိမိနှစ်သက်သလို စီပြီးထည့်ပေးပါ
  10. ထောပါတ်သီး ထည့်ပေးပြီးတာနဲ့ ကျန်နေသော ကျောက်ကျောရည်ကို လောင်းချပေးပါ
  11. အအေးခံပြီးတာနဲ့ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအဖြစ် ထောပါတ်သီး အုန်းနို့ကျောက်ကျော စိမ့်စိမ့်လေးကို စားသုံးဖို့ ပြင်ပေးနိုင်ပါပြီ။














ထောပါတ်သီးလေးတွေ ဝယ်လာပြီး ဖျော်ရည်လုပ်သောက်လိုက် အသုပ်လေး သုပ်စားလိုက်နဲ့ ရိုးအီလာသလို ဖြစ်လာတော့ ကျောက်ကျောလေး ထိုးဖြစ်သွားပါတယ်။

ထောပါတ်သီး အရသာ မပျက်ဘဲ စိမ့်စိမ့်လေး စားချင်တဲ့အတွက် သကြားအချိုကို လျှော့ထားပါတယ် အချိုကြိုက်ရင်တော့ သကြားကို ပိုထည့်ပေးပါ။

အုန်းနို့ဗူးကိုသုံးထားတဲ့အတွက် လွယ်ကူမြန်ဆန်စွာ လုပ်နိုင်တဲ့အတွက် မာမာလုပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

မာမာကတော့ အချိုပွဲ ၄ယောက်စာအတွက်ဘဲ လုပ်တာမို့ ကျောက်ကျောမှုန့် အထုတ်ရဲ့  တစ်ဝက်နဲ့ဘဲ လုပ်ထားပါတယ် စားမဲ့သူ များရင်တော့ တစ်ထုတ်လုံးအတွက် အခုပေးထားတဲ့ အချိုးအစားထက် တစ်ဆပိုထည့်ပြီး လုပ်နိုင်ပါတယ်။


ပါဝင်ပစ္စည်းများ


  1. ကျောက်ကျောမှုန့်  -၂၅ ဂရမ်အထုတ် ( ရွှေဖလားတံဆိပ်အထုပ် တစ်ဝက်ကို သုံးပါ)
  2. ထောပတ်သီး - တစ်ခြမ်း (လတ်လတ်ဆတ်ဆတ် အသီးကို သုံးပါ)
  3. သကြား - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ဝက်
  4. အုန်းနို့ -၂၀၀ မီလီလီတာ 
  5. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ 
  6. ရေ - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ခွက် (ကျောက်ကျောကျိုရန်)
  7. ရေ - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ခွက် ( ကျောက်ကျောမှုန့် ဖော်ရန်အတွက်)
  8. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု
  9. ဇောက်နက်သော အနေတော်အိုး - တစ်လုံး
ပြင်ဆင်ပုံ
  1. ထောပတ်သီးကို ထက်ခြမ်းကာ အလယ်မှ အစေ့ကိုထုတ်ပြီး အခွံခွာပေးပါ
  2. အခွံခွာပြီးပါက မထူမပါးလေးတွေ လှီးထားပါ 
  3. ရေတစ်ခွက်နှင့် ကျောက်ကျောမှုန့် တစ်ဝက်ကို ပျော်သွားအောင် ဖျော်ထားပါ
  4. ကျိုပြီးသား ကျောက်ကျောရည်ထည့်ရန် ပလပ်စတစ်ဗူး (သို့မဟုတ်) ဗန်းကို အဆင်သင့် ပြင်ထားပါ
  5. ဇောက်နက်သော အနေတော် အိုးထဲတွင် ရေ သကြား အုန်းနို့နှင့် ဆားတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  6. ရေပွက်ပွက်ဆူလာပါက အုန်းနို့ပါတဲ့အတွက် ဝေကျတတ်ပါတယ် 
  7. မီးကို အလယ်လောက်အထိ လျှော့ပေးပြီးမှ အရည်ဖျော်ထားသော ကျောက်ကျောမှုန့်ကို ထည့်မွှေပေးပါ
  8. မွှေနေစဉ်မှာ အရည်များ ပျစ်လာပါက အဆင်သင့် ပြင်ထားသော ဘူးထဲသို့ ကျောက်ကျောရည် တစ်ဝက်ကို လောင်းထည့်ပါ
  9. ပြီးတာနဲ့ လှီးထားသော ထောပါတ်သီးကို မိမိနှစ်သက်သလို စီပြီးထည့်ပေးပါ
  10. ထောပါတ်သီး ထည့်ပေးပြီးတာနဲ့ ကျန်နေသော ကျောက်ကျောရည်ကို လောင်းချပေးပါ
  11. အအေးခံပြီးတာနဲ့ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအဖြစ် ထောပါတ်သီး အုန်းနို့ကျောက်ကျော စိမ့်စိမ့်လေးကို စားသုံးဖို့ ပြင်ပေးနိုင်ပါပြီ။

Saturday, 16 March 2019

ကိုက်လံကြော်


လတ်လတ်ဆတ်ဆတ် အရွက်ဟင်းတွေ ချက်ပြီးလေတိုင်း ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အတွက် အသားမနှစ်သက်တဲ့သူတွေအတွက် မာမာပြင်ဆင်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကိုက်လံ - ၇ပင်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • နှမ်းဖြူ - ထမင်းစားဇွန်း တစ်ဇွန်း
  • နှမ်းဆီ  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တဇွန်း
  • ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ
  1. ကိုက်လံကို အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင်ဆေး၍ ရေစစ်ထားပါ
  2. ဇောက်နက်သော အိုးတလုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  3. ရေဆူတာနဲ့  အိုးထဲကို အရွက်များထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  4. အရွက်များ နူးလာတဲ့အထိ ၅မိနစ်လောက် ပြုပ်ပေးပြီး ရေနွေးများသွန်ကာ အရွက်များကို ရေစစ်ပေးပါ
  5. ရေစစ်သွားသော အရွက်များကို ဟင်းပွဲပြင်မည့် ပန်းကန်ထဲမှာ သင့်သလို ထည့်ပေးထားပါ
အရွက်ပေါ် အရသာဆမ်းရန် ပြင်ဆင်ပုံ 
  1. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  4. ဆီအငွေ့ တက်လာတာနဲ့ မီးကိုအနည်းငယ်လျှော့ပေးပြီး ချင်းနှင့် ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ နှမ်းစေ့များကို ထည့်ကြော်ပေးပါ 
  6. မိနစ်ဝက်ခန့် ကြော်ပြီးတာနဲ့ ခရုဆီ နှမ်းဆီ ပဲငံပြာရည်နှင့် ဆားတို့ကို ထည့်မွှေပါ
  7. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့  အရွက်များ ထည့်ထားသော ပန်းကန်ပေါ်မှာ ဆမ်းပေးပါ
  8.  ပြီးတာနဲ့ ထမင်းပူပူလေးနှင့် စားသုံးရန် ကိုက်လန်ခရုဆီအရွက်ဟင်းကို  ပြင်ပေးနိုင်ပါပြီ။

Wednesday, 13 March 2019

ဂွေးသီးဖျော်ရည်


အသီးအရွက်လေးတွေ ဝယ်လာဖြစ်တိုင်း ဘယ်လိုလုပ်စားရမလဲ စဉ်းစားမိတိုင်း ကိုယ်စားနေကျအတိုင်း ချက်ရင်ချက် ပြုပ်ရင်ပြုပ် ကြော်ရင်ကြော် ဒီဝဲထဲမှာဘဲ ပါတ်ချာလည်နေတတ်ပေမဲ့ ဒီတခါတော့ ဂွေးသီးကို ဖျော်ရည်လုပ်သောက်ဖြစ်တဲ့အတွက် ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ဂွေးချိုသီးလို့ဆိုပေမဲ့ အချဉ်ဓါတ်လေးတွေ ပါဝင်နေတဲ့အတွက် သောက်တဲ့အခါမှာ ချဉ်ချဉ်ငံငံလေးမို့လို့ အစာကျေလွယ်ပြီး လေလဲကြေတဲ့အတွက် ကျန်းမာရေးအတွက် သင့်တော်တဲ့ ဖျော်ရည်လေးမို့ လို့ ဂွေးသီးစိမ်းလေးများ အဆင်သင့်ရခဲ့ရင် ဖျော်သောက်ကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂွေးသီး - လေးလုံး
  2. ဆားငံစေ့ - ၃စေ့
  3. ရေ - ပုံမှန်ဖန်ခွက် တစ်ခွက်စာ
  4. အသီးအရွက် ကြိတ်သော ဗလင်ဒါ 
  5. ဇကာခပ်စိတ်စိတ် - တခု
ပြင်ဆင်ပုံ
  1. ဂွေးသီးကို ရေဆေးပြီး အခွံခွာပြီး အစိတ်လေးတွေ စိတ်ထားပေးပါ
  2. ဆားငံစေ့ကို ပြင်ထားပါ
  3. ဗလင်ဒါထဲမှာ အခွံခွာထားသော ဂွေးသီးနှင့် ရေဖန်ခွက် တစ်ဝက်ကိုထည့်ပြီး ကြိတ်ပေးပါ
  4. ဂွေးသီးအသားများ ညက်လာတဲ့အထိ ကြိတ်ပေးပါ
  5. ညက်နေသော ဂွေးသီးအသားများကို ဇကာစိတ်စိတ်လေးထဲထည့်ပြီး အရည်စစ်ပေးပါ
  6. အရည်စစ်ပြီးပါက ဆားငံစေ့ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးပါ
  7. ဆားငံစေ့မှ ဆားငံရည်များ ပျော်လာပါက ဖန်ခွက်ပြည့်အောင် ရေထပ်ရောပေးပြီး အရသာသမအောင် မွှေပေးပြီးပါက ဂွေးသီးဖျော်ရည် ချဉ်ငံမွှေးလေးကို သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Sunday, 10 March 2019

ကြက်သားလုံးကြော်


အသားဟင်းတွေ ချက်ဖို့စဉ်းစားလိုက်တိုင်း ဘယ်လိုချက်ရမလဲလို့ တွေးမိတာက အရင်ဆုံးပါဘဲ ဆီပြန်ဆိုလဲ မစားချင် ပြုပ်ပြန်တော့လဲ မစားချင်နဲ့ နောက်ဆုံးတော့ ကြက်သားလုံးဘဲ ကြော်ဖြစ်သွားတဲ့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား အရိုးထွင်ပြီးသား - 300 g
  • ကြက်သွန်ဖြူ ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  • ချင်း ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီ အလုံးကြီးကြီး - တလုံး
  • ကြက်သွန်မိတ် လှီးပြီးသား - ထမင်းစားဇွန်း ၁၀ဇွန်းခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အကြော်မှုန့် - ထမင်းစားဇွန်း မောက်မောက် တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို ရေဆေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ ထွင်ပေးပါ
  • အသားများကို ဓါးနှင့်ခပ်နုတ်နုတ် စဉ်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးပေးထားပါ
ကြော်ရန် ပြင်ဆင်ပုံ
  • အားလုံးအဆင့်ဖြစ်တာနဲ့ဆီမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို ဇလုံတလုံးထဲထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အရသာ သမအောင် နယ်ပေးပြီးပါက အနေတော် အလုံးလေးများ လုံးပေးပါ
  • လုံးပြီးတာနဲ့ ဇောက်နက်သော ဒယ်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားလုံးများကို တလုံးစီ ထည့်ပေးပါ
  • ကြော်နေစဉ် ခနခနမွှေပေးစရာ မလိုဘဲ တဖက်ကျက်မှ နောက်တဖက်ကို လှန်ပေးပါ
  • တလုံးလုံး ရွှေဝါရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပါ
  • ဆီစစ်သွားတာနဲ့ နှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးပါ
  • ချင်း ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းနံ့သင်ပျံ့နေတဲ့ ကြက်သားလုံးကြော် မွှေးမွှေးလေးကို ဆလတ်ရွက် လတ်လတ်ဆတ်ဆတ်လေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 9 March 2019

ကြက်သဟင်းရွက် ဟင်းချို




အေးရှန်းဆိုင်ကရလာတဲ့ ကြက်သဟင်းရွက်လေးတွေကို ဒီတစ်ခါတော့ ငါးခူကို အရိုးအသားထွင်ကာ ဟင်းချိုလေး ချက်ဖြစ်တဲ့အတွက် မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်း

  • လတ်ဆတ်နေသော ကြက်သဟင်းရွက် - နှစ်သက်သလောက်
  • ငါးခူ  - တစ်ေကာင်
  • ရေ - တရုတ်ဟင်းရေသောက် ပန်းကန်လုံး နှစ်လုံးစာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ငါးငံပြာရည် ထမင်းစားဇွန်း  နှစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ငါးခူကို ဆူးတောင်ခုတ် မလိုတာတွေဖယ်ပြီး ဆားကြမ်းကြမ်းနှင့် နယ်ပေးပါ 
  • ဆားနှင့်နယ်ပြီးပါက ရေနှင့်စင်အောင် ဆေးပေးပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခူနှင့် ဆား ငံပြာရည်ထမင်းစားဇွန်း တဇွန်းနှင့်ရေကို မြုပ်တယ်ဆိုရုံလေး ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ ငါးကိုအအေးခံပြီး အရိုးအသား ထွင်လိုက်ပါ
  • အရိုးများကို ဖယ်လိုက်ပြီး အသားကို ငါးပြုပ်အိုးထဲ ပြန်ထည့်ပေးပါ
  • ငါးပြုပ်အိုးထဲကို ငံပြာရည်နှင့် ရေထည့်ပြီး ဆူအောင် တည်ပေးပါ
  • ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူကိုရောပြီး မညက်တညက် ထောင်းပေးထားပါ
  • ကြက်သဟင်းရွက်များကို အရွက်မှာ ကပ်နေသော ဖုန်များ ပိုးကောင်လေးများ ထွက်သွားစေရန် မချက်ခင် ရေနာရီဝက်လောက် ကြိုပြီးစိမ်ထားပါ
  • ရေစိမ်ပြီးမှ ဇလုံကျယ်ကျယ်ထဲမှာ လှုပ်ခါ၍ဆေးပေးကာ အရိုးထွင်ပေးပါ
  • ဟင်းရေအိုး ရေဆူလာပါက ရေဆေးထားသော ကြက်သဟင်းရွက်နှင့် ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်လိုက်ပါ
  • အရွက်နှင့် ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့်တို့ ဆက်တိုက်ထည့်ပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင် ထားလိုက်ပါ
  • ပြီးတာနဲ့မီးပိတ်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အိုးကို မီးဖိုပေါ်မှာ မထားဘဲ နေရာရွှေ့ပေးပါ
  • အရွက်အရောင် မပြောင်းစေရန် ဟင်းရည်အနံ့ မပြောင်းစေရန် ဟင်းရည်အိုးကို အပေါက်များများပါသော ဇကာ ခပ်စိတ်စိတ်နဲ့ အုပ်ထားပေးပါ
  • အိုးအဖုံးကို အလုံဖုံးလိုက်ပါက အရောင်နဲ့အနံ့ပြောင်းသွားနိုင်ပါတယ် သောက်ကာနီးမှ ဟင်းရည်အိုးကို ပြန်နွှေးပြီးသောက်ပါ။

Thursday, 7 March 2019

ပဲပြုပ် စိမ့်စိမ့်လေး









ပဲပြုပ် ပြုပ်နည်းလေးတွေ တနည်းမဟုတ်ရင် တနည်းနဲ့ အဆင်ပြေအောင် အမျိုးမျိုး စမ်းသတ်ပြီး ပြုပ်ဖြစ်ပါတယ် ပြုပ်တဲ့နည်းတိုင်းက အဆင်ပြေနေတော့ အဆင်မပြေလို့ မေးတဲ့သူတိုင်းအတွက် ဖြေစရာ အဖြေက ဘယ်လို ဖြေရမှန်း မသိအောင် ဖြစ်ခဲ့ရပါတယ်။

တချို့က ပြုပ်နေရင်း အခွံတွေ ကျွတ်ထွက်ကုန်တယ်တဲ့ အခွံကျွတ်တာအတွက် အဖြေက ပြုပ်မဲ့ပဲ ပမာဏနဲ့အိုးက သိပ်ကြီးနေရင်လဲ ပဲတွေက အိုးထဲမှာ ချောင်ပြီး အခွံတွေ ကျွတ်ထွက်တတ်သလို ပြုပ်နေစဉ် ပဲအိုးကို ဖွင့်ပြီး မွှေပေးရင်လဲ အခွံတွေ ကျွတ်ထွက်တတ်ပါတယ် ဒါကြောင့်မို့လို့ ပဲပြုပ်မယ်ဆိုရင် အိုးအသားထူပြီး ပြုပ်မဲ့ပဲ ထည့်ပြီးတာနဲ့ အပေါ်မှာ လက်လေးလုံးလောက်ဘဲ အမြင့်ရှိတဲ့ အိုးနဲ့ပြုပ်ပေးပါ။

တချို့ကကျတော့လဲ ပြုပ်ပြီးတာနဲ့ ပဲတွေပျော့ပျဲ သွားတတ်ပါတယ်တဲ့ အဲဒီအတွက် အဖြေကတော့ စဉ်းစားရ နည်းနည်း ခက်ပါတယ် စဉ်းစားမိတာလေးကတော့ ပြုပ်တဲ့ ပဲအမျိုးအစား မတူတာ ဖြစ်နိုင်သလို ပြုပ်နေစဉ် ခနခန မွှေမိတာလဲ ဖြစ်နိုင်ပါတယ် တခါတလေ ပဲနဲ့ရေအချိန်အဆ ကွာသွားတာလဲ ဖြစ်နိုင်ပါတယ်။

မာမာကတော့ ပဲပြုပ်ဖို့ ပြင်လေတိုင်း ဆိုဒါကို ပဲရေစိမ်ချိန်မှာလဲ မသုံးသလို ပြုပ်စဉ်မှာလဲ မသုံးပါဘူး  ဆိုဒါသုံးခြင်းကြောင့် ပဲပြုပ်နည်းတွေ ပျက်ပျက်သွားတာ ကြုံဖူးလို့ပါကြုံဖူးလို့ပါ။

အခု ပဲပြုပ်တဲ့နည်းက အရင်နည်းကိုဘဲ အခြေခံပြီး ပြုပ်ပါတယ် အပင်ဖောက်ပြီး ပြုပ်ရင်ပဲက ပိုပြီးချိုပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ အပင်ဖောက်ပြီး ပြုပ်ထားပါတယ် အလျှင်စလို အမြန်စားချင်တယ် ဆိုရင်တော့ ၁၀နာရီလောက် ရေစိမ်ပြီး တခါထဲ ပြုပ်ပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ အရမ်းလွယ်ပြီး ရိုးရိုးရှင်းရှင်း ပဲပြုပ်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. စားတော်ပဲ - 375 g
  2. ထန်းလျှက် ကွမ်းသီးဆံသာသာ - တစ်ခဲ
  3. ရေ - ပဲအထက် လက်တစ်ဆစ်
  4. ပြုပ်ရန်အိုး - အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အိုးအနေတော်တစ်လုံး


ပြင်ဆင်ပုံ

  • ပဲများကို ၁၀နာရီလောက် ရေမြုပ်အောင်ထဲ့ပြီး ရေ၀အောင် စိမ်ထားပေးပါ 
  • ရေ၀ပြီး ပဲများပွလာပြီဆိုတာနဲ့ ဇကာတခုထဲကို သွန်ချပေးပြီး အပင်ဖောက်ဖို့ပြင်ပါမယ်
  • အပင်ဖောက်ထားစဉ် အ၀က်စ သန့်သန့်တခုကို ရေစွတ်ပြီး ပဲအပေါ်မှာ အုပ်ထားပေးပါ
  • အ၀တ်စကို တနေ့ရေ၃ခါလောက် စွတ်ပြီး အုပ်ပေးပါ
  • ဒုတိယရက်မှာ ပဲအစို့လေးများ စထွက်လာပါပြီ
  • အ၀တ်စကို ရေစွတ်ပြီး တနေ့၃ခါ ပထမရက်ကလိုဘဲ အုပ်ပေးပါ
  • တတိယရက်မှာ အပင်အစို့လေးတွေ တော်တော်လေး ရှည်လာပါပြီ
  • ပဲအပင်ဖောက်ထားစဉ် ပဲများကို မဖွမိဖို့ သတိထားပါ
  • တတိယနေ့ ညနေပိုင်း ၃နာရီလောက်ဆို ပဲပြုပ်ဖို့ ပြင်နိုင်ပါပြီ
  • အောက်ခြေထူသော အထက်မှာ ပြထားသော အိုးကဲ့သို့သော အိုးထဲသို့ပဲကိုပြောင်းပြီး ထဲ့ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်မြုပ်အောင် ထဲ့ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးဆံ အလုံးသာသာလောက် ၁ခဲထဲ့ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီဆိုတာနဲ့ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
  • ပဲပြုပ်ချိန် မိနစ်၄၀လောက်ဆို ရေခမ်းကာနီးလာပါပြီ ရေခမ်းကာနီးပါက မီးကိုနံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုလှန်ပေးကာ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်အပူရှိန်နဲ့နှပ်ထားပေးပါ။
  • ပဲနပ်သွားပြီဆိုပါက ချိုပြီးအိသော ပဲပြုပ်အိအိ မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

Wednesday, 6 March 2019

ငါးငပိချက် စပ်စပ်လေး


တစ်နေ့တစ်နေ့ ဘာချက်ရရင်ကောင်းမလဲ စဉ်းစားလိုက် စားချင်စိတ်ထဲ ပေါ်လာတာလေးတွေ ချက်စားလိုက်နဲ့ ဒီနေ့တော့ ငါးငပိချက် ချဉ်ငံစပ်လေးချက်ကာ တို့စရာအစုံနဲ့ နယ်ဖတ်စားဖို့ ပြင်လိုက်ပါတယ် ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် ငါးငပိချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ဘာဆာငါး - 300 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  • ကြက်သွန်နီ - အနေတော် တစ်လုံး
  • ကြက်သွန်ဖြူ - ၄မွှာခန့်
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၁၀လုံးခန့်
  • ကြက်သွန်ဖြူ - ၅မွှာ (ဟင်းအိုးအုပ်ရန် )
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ဆီ - ဟင်းခပ်ဇွန်းကြီး တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးပိချက်ဆီသတ်ရန်)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးပိရည်ကျိုရန်)
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးငပိ - ၅ကျပ်သား
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နံနံပင် - နှစ်သက်သလောက်
ငါးပြုပ်ရန်
  1. ငါးကိုရေဆေးပြီး ဆား နနွင်းနှင့် ငံပြာရည်တို့နှင့် နယ်ပေးပါ
  2. ငါးကိုရေမြုပ်ရုံထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးပါ
  3. ရေခမ်းလာတာနဲ့ ငါးအသားကို ချေထားပါ
ငါးပိရည်ကျိုရန်
  1. ငါးငပိကို ရေ လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးခွဲစာ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကျိုပေးပါ
  2. ပွက်ပွက်ဆူလာတာနဲ့ အရိုးစစ်ပြီး အရည်ငင်ထားပါ 

ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်ဖြူ ၅မွှာကို အခွံခွာပြီး ရေဆေးထားပါ (ဟင်းအိုးအုပ်ရန် )
  • ငရုတ်သီးစိမ်းကို ရေဆေးကာ အညှာခြွေထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် ပိုင်းဖြတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငါးပြုပ်နှင့်အတူ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ကိုထဲ့ပါ ပြီးတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ကိုမွှေးလာတဲ့ထိ ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ငါပြုပ်းနှင့်ငါးငံပြာရည်ထဲ့ကာ မွှေပေးပါ
  • ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် ငပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာကိုမြည်းကာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • ငါးငပိချက် မွှေးမွှေးလေးကို တို့စရာအစုံအလင်နဲ့ နယ်ဖတ်က မိမိနှစ်သက်သလို တို့စရာ အစုံအလင်တို့နှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Tuesday, 5 March 2019

မြေပဲ ငံပြာရည်​ချက်​ စပ်စပ်လေး


ဒီတစ်ခါတော့ ထမင်းပူပူလေးရယ် ထမင်းကြော်လေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ မြေပဲငံပြာရည်ချက် ချက်ဖြစ်ပါတယ် ထမင်းမိန်မိန် စားရလေအောင် မာမာချက်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • မြေပဲလှော်ပြီးသား - ထမင်းစားဇွန်း ၅ဇွန်းခန့်
  • ကြက်သွန်နီ - ခပ်ကြီးကြီး ၃လုံး
  • ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပုံ

  • မြေပဲလှော်ပြီးသားကို အခွံချွတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက  နနွင့်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး အခွံချွတ်ထားသော မြေပဲလှော် ဆား  ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး  ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • မြေပဲ ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

Monday, 4 March 2019

ချဉ်ငံစပ် ပဲငပိ





ဒီနေ့တော့ အသားဟင်းတွေ မစားချင်တဲ့ ကိုယ့်အတွက် ကိုယ့်စိတ်ကြိုက် ပဲငပိချဉ်ငံစပ်လေး ချက်ဖြစ်လို့ တို့စရာ အစုံအလင်နဲ့ ပြင်ထားကာ ထမင်းမိန်မိန်စားနိုင်ဖို့ ပဲငပိချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငပိ အငံ - ထမင်းစားဇွန်း ၅ဇွန်း
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၇ဇွန်းသာသာ
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၁၀လုံး
  • ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်မှုန့်နှင့် ပဲငပိကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီး အကြမ်းမှုန့်ကို ပြင်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက နနွင်းမှုန့် အနည်းငယ်ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ကြော်ပါ 
  • ကြက်သွန်များ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ 
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးများကို နွမ်းကျေသွားအောင် ထည့်ချက်ပေးပါ
  • ခရမ်းချဉ်သီးများ နွမ်းကျေပြီး အခွံများ လိပ်လာတာနဲ့ ငံပြာရည် ပဲငပိနှင့် ပုဇွန်ခြောက်မှုန့်တို့ထည့်မွှေပါ
  • ခရမ်းချဉ်သီးမှ အရည်များ ထွက်လာပြီး ပွက်ပွက်ဆူနေချိန်မှာ အရသာကို မြည်ပြီး လိုသလိုပြင်ပေးပါ
  • ခရမ်းချဉ်သီး အရည်များ ခမ်းလာပါက ငရုတ်သီးစိမ်းထည့်မွှေကာ မီးပိတ်ပေးပါ
  • ပဲငပိက အငံဖြစ်တဲ့အတွက် အရသာအငံကို ချင့်ချိန်ပြီးမှ ထည့်ပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်ရာ တို့စရာအစုံအလင်နှင့် ပြင်ပေးကာ ထမင်းစားလို့ မိန်စေမဲ့ ပဲငပိ ချဉ်ငံစပ် ဟင်းမွှေးမွှေးလေး ရပါပြီ။

Sunday, 3 March 2019

ဂွေးသီးငပိချက်












ဒီနေ့တော့ ဂွေးသီးနုနုလေးတွေ ရလာတာနဲ့ ဂွေးသီးငပိချက် ချဉ်ချဉ်ငံငံစပ်စပ်လေး ချက်ဖြစ်တာနဲ့ မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဂွေးသီးနုနု -၁၅လုံးခန့်
  2. ကြက်သွန်နီ - အနောတော် သုံးဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  4. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်းနှစ်ွဇွန်း
  5. ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ငါးဇွန်း
  6. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းစားဇွန်း ၈ဇွန်း
ပြင်ဆင်ပုံ
  1. ဂွေးသီးများကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နူတ် လှီးထားပါ
  4. ကြိတ်ပြီးသား ပုဇွန်ခြောက်မှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန့် ငရုတ်သီးလုံးခြမ်းခွဲ ဆား ငါးငံပြာရည် ပုဇွန်ငပိ အရသာမှုန့် ဆီတို့ကို အဆင်သင့်ပြင်ထားပါ
  5. ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးလုံးခြမ်းခွဲတို့တို့ကို ထည့်ကြော်ပေးပါ
  7. ဆီသတ်နေစဉ် ငရုတ်သီးများ ကျွမ်းမသွားစေရန် မကြာမကြာ မွှေပေးပါ
  8. ငရုတ်သီးနံ့ မွှေးလာတာနဲ့ လှီးထားသော ဂွေးသီးကို ထည့်ပေးပြီး ဂွေးသီးများ နွမ်းလာအောင် မွှေပေးပါ
  9. ဂွေးသီးနွမ်းလာတာနဲ့ ပုဇွန်ငပိနှင့် ပုဇွန်ခြောက်မှုန့်တို့ကို ထည့်မွှေပေးပါ
  10. ဆီသတ်နံ့လေး မွှေးလာတာနဲ့ဆား ငံပြာရည် အရသာမှုန့် တို့ ထည့်ပေးပြီး မွှေပေးပြီး ဂွေးသီးများ နွမ်းလာအောင် ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ချက်ပေးပါ
  11. ဂွေးသီးများ နူးအိလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်နိုင်ပါပြီ
  12. ချဉ်ငံစပ် ဂွေးသီးငပိချက်လေးကို ထမင်းပူပူလေးနှင့် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။