Sunday 26 May 2019

ချိုချဉ်ငံစပ် ဂုံးထောင်း












ဒီနေ့တော့ ဂုံးလေးတွေ ဝယ်လာပြီး ထောင်းပါတယ် ဂုံးကပြုပ်ပြီးသားလေွးေ ဖြစ်တဲ့အတွက် ထပ်ပြုပ်စရာ မလိုဘဲ ရေနွေးပူပူလေးနဲ့ ဆေးပေးရင်ရပါတယ် ဂုံးအစိမ်းကို သုံးမယ်ဆိုရင်တော့ ပြုပ်ပေးရန် လိုပါတယ်။

အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့ အေးလွန်းတဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့ ဂုံးလေးတွေကို ထောင်းလိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့နည်းလေး တစ်မျိုးကို ထပ်မံပြီး မျှ​ဝေလို​က်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ဂုံး - အကောင် ၂၅ခန့်
  • ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  • ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  • အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  • ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း 
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဂဏန်းပြုပ်ရန်)
  • ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တလုံး
  • သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ
  • မာမာက ပြုပ်ပြီးသား ဂုံးလေးတွေကို သုံးပါတယ်။
  • ပြုပ်ပြီးသား ဂုံးများကို ရေဆေးပြီး ရေနွးပူပူနှင့် ဆယ်မိနစ်လောက် စိမ်ထားပေးပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ။
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ။
  • မပြုပ်ရသေးသေ ဂုံးကို သုံးပါက ဂုံးကိုရေစင်အောင် ဆေးထားပါ။
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂုံးနှင့် ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ဂုံးများ ပါးစပ်ဟလာအောင် ပြုပ်ပေးပါ။
  • ပြုပ်ထားသော ဂုံးများ ပါးစပ်ဟလာတာနဲ့ ရေဆေးပြီး အအေးခံ ပေးထားပါ။
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
  2. ပြီးတာနဲ့ ခရမ်းချဉ်သီးတို့ကို နှစ်ချက်သုံးချက်လောက် ထည့်ထောင်းပေးပါ။
  3. အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  4. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  5. အရသာ သမသွားတာနဲ့ ရေနွေးစိမ်ထားသော ဂုံးများကို ထည့်ပေးပြီး အရသာသမအောင် ဇွန်းနှင့် မွှေပေးပါ။
  6. အရသာ သမလောက်ပြီ ဆိုတာနဲ့ သံပုရာရည်ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
  7. မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ။
  8. ပြီးတာနဲ့ ဂုံးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံရန် ပြင်ပေးးနိုင်ပါပြီ။

Tuesday 21 May 2019

ချဉ်ငံစပ်ခါး တမာရွက်သုပ်







ဒီနေ့တော့ ချဉ်ငံစပ်ခါး အရသာလေးတွေ ပါဝင်တဲ့ တမာဖူးလေးတွေကို သုပ်ပါတယ် မာမာကတော့ အခါးကြိုက်တဲ့သူမို့လို့ frozen လုပ်ထားတဲ့ တမာဖူးလေးတွေကိ အကြာကြီး ထပ်မပြုပ်တော့ဘဲ သုံးမိနစ်လောက်ဘဲ ပြုပ်ပြီး ပြီး ချဉ်ငံစပ်ခါးလေး ပြင်ဆင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • တမာဖူး - 227 g
  • ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ - အနေတော် နှစ်လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  • ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  • သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ဆီချက်ချက်ရန် မိမိလိုသလောက်ကို သုံးပေးပါ
ဆီချက်ချက်ရန်
  1. ကြက်သွန်ဖြူ အမွှာ၂၀ခန့်ကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ 
  3. ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  4. ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  5. ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ။
ပြင်ဆင်ပုံ
  • တမာဖူးများကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူနှင့် ၃မိနစ်ခန့် ပြုတ်ပေးပါ။
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကုန်သွားအောင် လက်နှင့်ဆုတ်ပြီး ညှစ်ပေးကာ အနေတော်လေးတွေ လှီးပေးထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ။
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ။
  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ။
  • ကြက်သွန်ဖြူ ဆီချက်နှင့် ဆီချက်အဖတ်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ။
  • ဇလုံကျယ်ကျယ်ထဲမှာ တမာဖူး ကြက်သွန်နီ ကြက်သွန်ဖြူ ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် ငရုတ်သီးစိမ်း အရသာမှုန့် ကြက်သွန်ဖြူဆီချက် ဆီချက်အဖတ် မန်ကျည်းသီးမှည့်အနှစ် ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ။
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလိုပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးနဲ့ တမာဖူးသုပ် ချဉ်ငံစပ်ခါး အသုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

Saturday 18 May 2019

ခရမ်းသီးတောချက် ဆီပြန်ဟင်း


ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ခရမ်းသီး အရှည်သီးလေးတွေကို ပုဇွန်ဆတ်ထုတ်လေးတွေနဲ့ တောချက်ဆီပြန်လေး ချက်ထားပါတယ်။

မာမာကတော့ ခရမ်းသီး တောချက် ချက်တိုင်း ငရုတ်သီးအလှော်မှုန့် ငါးပိရည်တို့နဲ့ စပ်နေအောင် ရောနယ်ပြီး စားရတာကို အရမ်းသဘောကျပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ခရမ်းသီး တောချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  • ခရမ်းသီး အရှည်သီး - ဆယ်ပေခန့်ရှိတဲ့အသီး သုံးလုံး
  • ပုဇွန်ဆတ်ထုတ် - တစ်ဆယ်သားခန့်
  • မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အခွံခွာကာ အညှာပြတ်အောင်လှီးပြီးပေးပါ။
  • ပြီးတာနဲ့ ထက်ဝက်ခြမ်းကာ ရှစ်စိတ် စိတ်ပြီး ရေနှင့်နာရီဝက်လောက် စိမ်ထားပါ။
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး အမြှီးနှင့် ခေါင်းများဖြုတ်ပေးပါ။
  • အညိုရောင် အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ။
  • ဇောက်နက်သော အိုးတစ်လုံးထဲမှ ပြင်ဆင်ထားသော ပုဇွန် ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ငရုတ်သီး အရောင်တင်မှုန့် ဆီ နနွင်းမှုန့်တို့ကိုထည့်ပြီး  အရသာဝင်အောင် နယ်ပေးပါ။
  • အရသာ ဝင်လောက်ပြီ ဆိုတာနဲ့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး လုံးချက် ချက်ပေးပါ။
  • အိုးမကပ်စေရန် နှင့် ခရမ်းသီးများ ကျေသွားစေရန် မကြာမကြာ မွှေပေးပါ။
  • ဟင်းလုံးရည် ခမ်းကာနီးတာနဲ့ ရေအနည်းငယ် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ အရသာ မြည်းပေးပါ
  • ခရမ်းသီးနူးလာပြီး ကျေလာသလောက် အနေအထား ရလာကာ အရသာ အနေတော် ရပြီဆိုတာနဲ့ မီးပိတ်ပေးပါ။
  • အိပြီးမွှေးနေတဲ့ ခရမ်းသီးနှပ်တောချက် အစပ်ဆီပြတ်ဟင်းလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Thursday 16 May 2019

မျောက်ငိုသီးဟင်း





ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ မျောက်ငိုသီး ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် မျောက်ငိုသီးရဲ့ အရသာက ဒညင်းသီးနဲ့ တော်တော်တူပြီး အနံ့ကလဲ ဒညင်းသီးနံ့နဲ့ တစ်ထပ်ထဲတူပါတယ်။

ဒညင်းသီးက ဘေးထွက်ဆိုးကျိုးတွေ များသလောက် မျောက်ငိုသီးကတော့ ကောင်းကျိုးတွေ အများကြီးပါတယ်လို့ သိရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင် ချက်ပြုပ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  • မျောက်ငိုသီး - တစ်ထုတ်
  • ပုဇွန် - တစ်ဆယ်သား
  • ကြက်သွန်နီ - အနေတော် တဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  • မျောက်ငိုသီးကို ရေဆေးပြီး ရေစစ်ထားပါ။
  • ကြက်သွန်နီကို ရေစင်အောင်ဆေးပြီး ခပ်နုတ်ျနုတ်လေးတွေ လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ။
  • ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ။
  • ဆီသတ်နေစဉ် ငရုတ်သီးများ မည်းမသွားစေရန် မကြာမကြာ မွှေပေးပါ။
  • ဆီသတ်နံ့ သင်းလာတာနဲ့ ပုဇွန်ကိုအရင်ဆုံး ထည့်ချက်ပေးပါ။
  • ပုဇွန်ထည့်ပြီးတာနဲ့ ငံပြာရည်ကို တဆက်ထဲ ထည့်မွှေပေးပါ။
  • ပုဇွန်ထည့်ပြီး သုံးမိနစ်လောက် ချက်ပေးပြီးတာနဲ့ မျောက်ငိုသီး အရသာမှုန့်နှင့် ဆားတို့ကို ထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ။
  • အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ။
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
  • ဟင်းဆီပြန်လာပါက မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ။
  • အင်မတန်မှ စားလို့ကောင်းတဲ့ မျောက်ငိုသီး ဆီပြန်ဟင်းလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။

Wednesday 15 May 2019

ကင်းမွန် ငံပြာရည်ချက်







ရာသီဥတုလေးကလဲ အေးလာပြီဆိုတော့ ပူစပ်စပ်လေးတွေ စားချင်မိလာပြန်ပါတယ် ဒါကြောင့်မို့လို့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ကင်းမွန်သေးသေးလေးတွေကို ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းမိန်စေမဲ့ ငံပြာရည်ကြော် ကြော်ဖြစ်ပြန်ပါတယ် လွယ်ကူမြန်ဆန် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်းမွန် - အကောင်သေး နှစ်ဆယ်သားခန့်
  • ပုဇွန်ခြောက် - အကောင်၄၀ခန့်
  • ကြက်သွန်ဖြူ - အျမွှာကြီးကြီး ၆မွှာ
  • ကြက်သွန်နီ - အနေတော် နှစ်လုံး
  • ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း သုံးဇွန်း (အစပ်ကြိုက်ရင်ပိုထည့်ပါ)
  • ငရုတ်သီးစိမ်း - ၁၀တောင့်ခန့်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ

  • ကင်းမွန်ကို ကြောဖက်အထဲမှ ခပ်ကြည်ကြည် ကြောရိုး ဗိုက်ဖက်ထဲမှ မှင်အိတ်နှင့် အစာအိတ်များ ဖယ်ပေးကာ ရေစင်အောင် ဆေးပေးပါ။
  • ပုဇွန်ခြောက်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်သွန်ဖြူ ငရုတ်သီးလုံးခြမ်းကွဲ ပုဇွန်ခြောက်နှင့် ငရုတ်သီးစိမ်းတို့ကို ရောပြီးမညက်တညက် ထောင်းထားပါ။
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို နွမ်းရုံလေးော့ာ်ပေးပါ
  • ပြီးတာနဲ့ ကင်းမွန်များကို ထည့်ကြော်ပေးပါ။
  • ကင်းမွန်မှ အရည်ထွက်လာပြီး အသားမာလာပါက ဘေးမှာခနတွန်းထားကာ ထောင်းထားသော အစာများကို ထည့်ကြော်ပါ။
  • ပြီးတာနဲ့ ငံပြာရည် အရသာမှုန့်နှင့် ဆားတို့ကိုထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • အိုးမကပ်စေရန် မကြာမကြာ မွှေပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

Monday 13 May 2019

ဂုံး သင်္ဘောသီးထောင်း












ဒီနေ့တော့ ဂုံးလေးတွေ ဝယ်လာပြီး သင်္ဘောသီးနဲ့ ထောင်းပါတယ် ဂုံးကပြုပ်ပြီးသားလေွးေ ဖြစ်တဲ့အတွက် ထပ်ပြုပ်စရာ မလိုဘဲ ရေနွေးပူပူလေးနဲ့ ဆေးပေးရင်ရပါတယ် ဂုံးအစိမ်းကို သုံးမယ်ဆိုရင်တော့ ပြုပ်ပေးရန် လိုပါတယ်။

အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်တဲ့းနည်းလေး တစ်မျိုးကို ထပ်မံပြီး မျှ​ဝေလို​က်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်း - အနေတော် တခြမ်း
  • ဂုံး - အကောင် ၅စခန့်
  • ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  • ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  • အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  • ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း 
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဂဏန်းပြုပ်ရန်)
  • ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တလုံး
  • သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ။
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ။
  • ဂုံးကိုရေစင်အောင် ဆေးထားပါ။
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂုံးနှင့် ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ။
  • ပြုပ်ထားသော ဂုံးပြုပ်ရေခမ်းတာနဲ့ အအေးခံပေးထားပါ။
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
  2. ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ။
  3. အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  4. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  5. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
  6. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ။
  7. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာဝင်ပါတယ်။
  8. သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်။
  9. အရသာ သမလောက်ပြီ ဆိုတာနဲ့ ဂုံးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
  10. မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ။
  11. ပြီးတာနဲ့ ဂုံး သင်္ဘောသီးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံရန် ပြင်ပေးးနိုင်ပါပြီ။

Friday 10 May 2019

ဂဏန်း သင်္ဘောသီးထောင်း









ဒီနေ့လဲ အရင်နေ့ကထက် အအေးပိုလာပြန်ပါတယ် ဒီတော့လဲ ထုံးစံအတိုင်း  စားချင်တာတွေက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ ဒီနေ့တော့ သင်္ဘောသီးနဲ့ ဂဏန်းကို ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပြန်ပါတယ်။

ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်တဲ့းနည်းလေး တစ်မျိုးကို ထပ်မံပြီး မျှ​ဝေလို​က်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်း - အနေတော် တခြမ်း
  • ဂဏန်း - ၅ကောင်
  • ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  • ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  • အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  • ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း 
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဂဏန်းပြုပ်ရန်)
  • ကြက်သွန်မိတ် - မိမိစားနိုင်သလောက်
  • ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တလုံး
  • သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ဂဏန်းကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂဏန်း ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်နှင့်နယ်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ဂဏန်း ရေခမ်းတာနဲ့ အအေးခံပေးထားပါ 
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  2. ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ
  3. အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  4. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  5. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  6. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  7. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာဝင်ပါတယ်
  8. သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  9. အရေသာ သမလောက်ပြီဆိုတာနဲ့ ဂဏန်းနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  10. ထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
  11. ပြီးတာနဲ့ ဂဏန်း သင်္ဘောသီးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံရန် ပြင်ပေးးနိုင်ပါပြီ။

Wednesday 8 May 2019

ပြည်ကြီးငါး သင်္ဘောသီးထောင်း








ရာသီဥတုလေး အအေးက ပိုလာလေလေ စားချင်တာတွေက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ ဒီနေ့တော့ သင်္ဘောသီးနဲ့ ပြည်ကြီးငါးကို ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပြန်ပါတယ်။

ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ ဟစားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းနည်းလေး တစ်မျိုးကို ထပ်မံပြီး မျှ​ဝေလို​က်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်း - အနေတော် တခြမ်း
  • ပြည်ကြီးငါး - 0.324 kg
  • ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  • ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  • အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  • ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း 
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ပြည်ကြီးငါးပြုပ်ရန်)
  • ကြက်သွန်မိတ် - မိမိစားနိုင်သလောက်
  • ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တလုံး
  • သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပြည်ကြီးငါးကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ပြည်ကြီးငါး ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်နှင့်နယ်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို ပုံစံလေးတွေ လှီးပေးထားပါ 
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  2. ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ
  3. အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  4. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  5. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  6. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  7. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာဝင်ပါတယ်
  8. သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  9. အရေသာ သမလောက်ပြီဆိုတာနဲ့ ပြည်ကြီးငါးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  10. ထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
  11. ပြိးတာနဲ့ ပြည်ကြီးငါး သင်္ဘောသီးထောင်း ချိုချဉ်ငံစပ်လေးကို ကြက်သွန်မိတ်နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။