ဒီနေ့တော့ ဂုံးလေးတွေ ဝယ်လာပြီး ထောင်းပါတယ် ဂုံးကပြုပ်ပြီးသားလေွးေ ဖြစ်တဲ့အတွက် ထပ်ပြုပ်စရာ မလိုဘဲ ရေနွေးပူပူလေးနဲ့ ဆေးပေးရင်ရပါတယ် ဂုံးအစိမ်းကို သုံးမယ်ဆိုရင်တော့ ပြုပ်ပေးရန် လိုပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့ အေးလွန်းတဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့ ဂုံးလေးတွေကို ထောင်းလိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့နည်းလေး တစ်မျိုးကို ထပ်မံပြီး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဂုံး - အကောင် ၂၅ခန့်
- ငရုတ်သီး အခြောက်တောင့် - ၅တောင့်
- ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
- အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ- အမွှာကြီးကြီး ၃မွှာ
- ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဂဏန်းပြုပ်ရန်)
- ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တလုံး
- သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
- မာမာက ပြုပ်ပြီးသား ဂုံးလေးတွေကို သုံးပါတယ်။
- ပြုပ်ပြီးသား ဂုံးများကို ရေဆေးပြီး ရေနွးပူပူနှင့် ဆယ်မိနစ်လောက် စိမ်ထားပေးပါ။
- ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ။
- ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ။
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ။
- မပြုပ်ရသေးသေ ဂုံးကို သုံးပါက ဂုံးကိုရေစင်အောင် ဆေးထားပါ။
- ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂုံးနှင့် ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ဂုံးများ ပါးစပ်ဟလာအောင် ပြုပ်ပေးပါ။
- ပြုပ်ထားသော ဂုံးများ ပါးစပ်ဟလာတာနဲ့ ရေဆေးပြီး အအေးခံ ပေးထားပါ။
ထောင်းရန်ပြင်ဆင်ပုံ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
- ပြီးတာနဲ့ ခရမ်းချဉ်သီးတို့ကို နှစ်ချက်သုံးချက်လောက် ထည့်ထောင်းပေးပါ။
- အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
- ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
- အရသာ သမသွားတာနဲ့ ရေနွေးစိမ်ထားသော ဂုံးများကို ထည့်ပေးပြီး အရသာသမအောင် ဇွန်းနှင့် မွှေပေးပါ။
- အရသာ သမလောက်ပြီ ဆိုတာနဲ့ သံပုရာရည်ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
- မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ။
- ပြီးတာနဲ့ ဂုံးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံရန် ပြင်ပေးးနိုင်ပါပြီ။
No comments:
Post a Comment