Thursday 5 December 2019

အသီးအရွက် ခေါက်ဆွဲကြော်













ဒီတစ်ခါတော့ ခေါက်ဆွဲကို အသီးအရွက် ခပ်များများနဲ့ အသားမပါဘဲ ကြော်ပြီး ထမင်းပူပူလေးနဲ့စားဖို့ ပြင်ထားပါတယ် အသားမပါပေမဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥခေါက်ဆွဲအစို - ၃ဆယ်သား
  2. ဘေဘီပြောင်းဖူး - ၅ဖူး
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပဲတောင့်ရှည် - ၅တောင့်
  5. မှို - ၇ပွင့်
  6. ကြက်သွန်မိတ် - အပင်ကြီးကြီး နှစ်ပင်
  7. ကိုက်လန် - အပင်ကြီးကြီး တစ်ပင်
  8. မုံလာဥနီ - အနေတော် တစ်ဥ
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  12. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  13. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  15. ဆီ - ထမင်းစားဇွန်း ၈ဇွန်းခန့်
  16. ရိုးရိုးရေ - ထမင်းစားဇွန်း ၈ဇွန်း
  17. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  18. ကြက်ဥ - တစ်လုံး
ခေါက်ဆွဲပြုပ်ရန်
  1. ဇောက်နက်သော အိုးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေဆူတာနဲ့ ခေါက်ဆွဲကိုထည့်ပြီး ပြုပ်ပေးပါ
  3. ခေါက်ဆွဲသားကို ကိုင်ကြည့်ရင် အရမ်းမပျော့ အရမ်းမမာ အနေအထားရရင် ဇကာထဲလောင်းချပြီး ရေတစ်ထပ်ဆေးကာ  ရေစစ်ထားပါ

ပြင်ဆင်ချက်ပြုပ်ပုံ
  •ေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • ဘေဘီပြောင်းဖူးကို ရေဆေးကာ ထက်ဝက်ပိုင်းပြီး လှီးထားပါ
  • မှိုကိုရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တလက်မလောက် အရှည်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ပဲသီး ဂေါ်ဖီ မှိုနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ခရုဆီ ပဲငံပြာရည်အကျဲနှင့် ရိုးရိုးရေ တဝက်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသောရေကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ကြက်သွန်မိတ်နှင့် တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။