Sunday 31 May 2020

ငါးသံပုရာပေါင်း















ဒီနေ့တော့ ငါးလေးတွေ ဝယ်လာပြီး ချဉ်ငံစပ် ငါးသံပုရာပေါင်း ပေါင်းဖြစ်ပါတယ် စားလို့ကောင်းလွန်းတဲံ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ငါးပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ငါးပေါင်းနေတုန်းမှာ ငါးပေါင်းချဉ်ငံစပ် အရသာ သွင်းရန်အတွက် ဆော့စ်ကိုအဆင်သင့် ပြင်ထားပေးဖို့ကိုလဲ မှာလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ငါးပေါင်းရန်အတွက်

  1. ငါး - 500 g
  2. ရှမ်းနံနံ - အနေတော် နှစ်ပင်
  3. စပါးလင် - နှစ်ပင်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ငါးပေါင်းပြီး ဟင်းပွဲအရသာစပ်ရပ်အတွက်
  • Fish Sauce - ထမင်းစားဇွန်း တစ်ဝက်
  • ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ  - အမွှာကြီးကြီး ခွန်နှစ်မွှာခန့်
  • နံနံပင် - နှစ်ပင်ခန့်
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • သံပုရာသီး - အနေတော် နှစ်လုံး
  • ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
ငါးအပေါ်ဆမ်းရန် အရသာစပ်ရန်
  1. သံပုရာသီး တစ်လုံးကို ရေဆးကာ အကွင်းလိုက် ခပ်ပါးပါးလေးတွေ လှီးထားပါ
  2. နောက်ထပ် သံပုရာသီး တစ်လုံးကို အရည်ညှစ်ထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါး ခပ်နုတ်နုတ် လှီးထားပါ
  4. နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. ဇောက်နက်သော အိုးသေးသေး တစ်လုံးမှာ ဆား သကြား သံပုရာရည်  ငံပြာရည် ပဲငံပြာရည်အကြည်နှင့် ရေတို့ကိုထည့်ပြီး  ပွက်ပွက်ဆူအောင် တည်လိုက်ပါ
ပြင်ဆင်ပုံ
  1. ငါးကို အရည်ခွံနှင့်အတူ မလိုတာတွေဖယ်ပြီး ရေဆေးကာ ရေစစ်ထားပါ
  2. ရေစစ်သွားတာနဲ့ နနွင်းမှုန့် ဆား အရသာမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ပေးပါ
  3. စပါးလင်ကို ရေဆေးပြီး အရင်းပိုင်ကို ခပ်ပါးပါး လှီးပေးထားပါ
  4. ရှမ်းနံနံကို ရေဆေးပြီး  မထူမပါး လှီးထားပါ
  5. ငါးရဲ့ ဗိုက်ထဲမှာ လှီးထားသော ရှမ်းနံနံနှင့် စပါးလင်တို့ကို ထည့်ပေးပါ
  6. ငါးပါးစပ်ထဲမှ ဗိုက်ထဲအထိ စပါးလင် အဖျားပိုင်းလေးတွေကို ထိုးထည့်ပေးပါ
  7. ပြီးတာနဲ့ ပေါင်းအိုးအောက်ခံအိုးထဲကို ပေါင်းခံခုံနှင့် ဇကာတို့ကို ထည့်ပေးပြီး ရေတစ်ဝက်နီးပါး ထည့်ပေးပါ
  8. ပေါင်းခံဇကာ အပေါ်ကို အပူခံသော ကြွေပန်းကန် တစ်ခုထဲမှာ အရသာ နယ်ထားသောငါးကို ထည့်ပြီး တင်ပေးပါ
  9. ငါးပန်းကန် ထည့်ပြီးတာနဲ့ အိုးအဖုံးကို အုပ်ပေးကာ steam ခလုတ်ကိုနှိပ်ပြီး ဆယ်မိနစ် ပေါင်းပေးပါ
  10. ဆယ်မိနစ် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပြီးပေးကာ အိုးအဖုံးကို ဖွင့်ပေးပါ 
  11. ပြီးတာနဲ့ ပေါင်းထားသော ငါးပန်းကန်ထဲကို သံပုရာကွင်းများ တင်ပေးထားပါ
  12. ပွက်ပွက်ဆူအောင် ကျိုထားသော အရသာစပ်ထားသော အရည်ကို ငါးအပေါ် လောင်းချဖို့ ပြင်ပေးပါ
  13. ပွက်ပွက်ဆူနေသော ဟင်းအရသာ အရည်ကို  ပူနေတုန်း ငါးပေါင်းပန်းကန်ထဲကို  ဖြည်းဖြည်းချင်း လောင်းချပေးပါ 
  14. ပြီးတာနဲ့ သံပုရာ ငါးပေါင်း မွှေးမွှေးလေးကို ခပ်ပူပူလေး စားသုံရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။မာမာပေါင်းထားသော ပေါင်းအိုးမျိုးနှင့် မပေါင်းဘဲ အိုးအကြီးထဲရေထည့်ကာ ပေါင်းခံဇကာတင်ပေးပြီး ငါးပန်းကန်ပေါ် တင်ပေးပြီး ပေါင်းပါက မိနစ်သုံးဆယ်ခန့ ပေါင်းပေးရင် ရပါတယ်။

Friday 29 May 2020

မုံလာဥ Kimchi



ဒီနေ့တော့ မုံလာဥဖြူ  အကြီးကြီးတွေ ဝယ်လာပြီး ချဉ်ရည်ဟင်း ချက်စားလိုက် သုပ်စားလိုက် ကြော်စားလိုက်နဲ့ မကုန်နိုင်တဲ့အဆုံး kimchi လေး လုပ်မိပြန်ပါတယ် ဒီတော့လဲ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မုံလာဥ kimchi လေးကို အချဉ်တည်မိပြန်ပါတယ်။

ပြင်ဆင်ပုံ အဆင့်ဆင့်ကတော့ အရင်တစ်ခါ မုံညှင်းဖြူနဲ့ လုပ်တဲ့kimchi လုပ်နည်းအတိုင်းပါဘဲ ပါဝင်ပစ္စည်းတွေကလဲ အတူတူပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ kimchi လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥဖြူ  - တစ်ကီလိုခွဲခန့်
  2. ရေ - 1 cup  (မုံလာဥဖြူ  ဆားရည်စိမ်ရန်)
  3. ဆား - ထမင်းစားဇွန်း ခြောက်ဇွန်း (မုံလာဥဖြူ  ဆားရည်စိမ်ရန်)
  4. ကောက်ညှင်းအစိမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း သုံးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
  6. ငရုတ်သီးမှုန့် - 1 cup (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
  8. ရေ - 1 cup (ကောက်ညှင်းမှုန့်ကျိုရန်) )
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သွန်ကြိတ်တဲ့အထဲထည့်ရန်)
  10. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သွန်ကြိတ်တဲ့အထဲထည့်ရန်)
  11. ချင်း - တစ်လက်မခန့်
  12. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ့်ငါးမွှာ
  13. ကြက်သွန်နီ - အနေတော် တစ်လုံး
  14. မုံလာဥနီ - အနေတော် တစ်ဥ
  15. မုံလာဥဖြူ  - အနေတော် တစ်ဥ (ခြစ်ပြီးထည့်ရန်)
  16. ကြက်သွန်မိတ် - ဆယ်ပင်ခန့်
  17. နှမ်းလှော် - မိမိနှစ်သက်သလောက် 
ပြင်ဆင်ပုံ
  1. မုံလာဥဖြူကို အခွံခွာပြီး ရေဆေးပေးပါ
  2. ထက်ခြမ်းခြမ်းပြီး နောက်ထပ် မထူမပါးလေးတွေ လှီးပေးပါ
  3. ပြီးတာနဲ့ ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ လှီးထားသော မုံလာဥဖြူ များ  ရေနှင့် ဆားထည့်ပြီး ဖြူးပြီး အထက်အောက် သမအောင် နယ်ပေးကာ နှစ်နာရီလောက် နှပ်ထားပါ
  4. နာရီဝက် လောက်နေရင် အထက်အောက် သမအောင် လှန်ပေးပြီး နောက်ထပ် နာရီဝက်နေရင် အထက်အောက် တစ်ခါထပ်လှန်ပေးကာ လေးကြိမ်လောက် အထက်အောက် လှန်လှန်ပေးပြီး နှပ်ထားပါ
  5. ဆားရည်နှင့် နှပ်ထားချိန် နှစ်နာရီပြည့်တာနဲ့ ရေများများနှင့် ငါးထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  6. ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  7. မုံလာဥနီ အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းတွေ ရလာအောင် လှီးထားပါ
  8. မုံလာဥဖြူ  အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းလေးတွေ လှီးထားပါ
ကင်မ်ချီအနှစ် ပြုလုပ်ပုံ
  1. အိုးထဲမှာ ရေထည့်ပြီး ဆန်အစိမ်းမှုန့်နှင့် သကြားတို့ကို ထည့်ပေးကာ မီးနွေးနွေးနဲ့ ကျိုပေးပါ
  2. ကောက်ညှင်းမှုန့်များ မပြစ်မကျဲ  အနေအထား ရလာပြီဆိုရင် မီးဖိုပေါ်မှ ဖယ်ပေးပြီး အအေးခံထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  5. ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  6. ငရုတ်သီးမှုန့် ငံပြာရည် ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း ကျိုထားသော ကောက်ညှင်းမှုန့်အနှစ် ဆား သကြားနှင့် ငရုတ်သီးမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  7. ကြိတ်စက်ထဲမှာ ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း အရည်ကျိုထားသော ဆန်နှစ် ငံပြာရည် သကြားနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပေးပြီး ညက်နေအောင် ကြိတ်ပေးထားပါ
Kimchi ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကြက်သွန်မိတ် မုံလာဥနီ မုံလာဥဖြူ  နှင့် ကင်မ်ချီအနှစ်တို့ကို သမသွားအောင် ရောနယ်ပေးထားပါ
  • ပြီးတာနဲ့  အနှစ်စပ်ထားသော ဇလုံထဲမှာ ရေဆေးပြီး စစ်ထားသော မုံလာဥဖြူ  များကို ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ အချဉ်တည်ထားမည့် ဗူးကို သန့်နေအောင် ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ကင်မ်ချီများကို ထည့်ပေးပါ
  • အခန်းအပူချိန်အတိုင်း နှစ်ရက်လောက် ထားပေးပြီးရင် မုံလာဥ ကင်မ်ချီ မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး နှမ်းလှော်လေး ဖြူးပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ ရေ 1 cup =  Zebra ထမင်းစားဇွန်း ၁၄ဇွန်းခန့်နှင့် ညီပါသည်။

Wednesday 27 May 2020

Kimchi မွှေးမွှေးလေး












ဆောင်းရာသီ ရောက်လေတော့ ချဉ်ငံစပ်လေးတွေ စားချင်လာခဲ့တယ် ဒီတော့လဲ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ kimchi လေး အချဉ်တည်မိပြန်ပါတယ် ဒါကြောင့်မို့လို့ ယူကျူ့ ကကြည့်ကာ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ kimchi လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. တရုတ်မုန့်ညှင်းဖြူ  - တစ်ထုတ် (တစ်ကီလိုခွဲခန့်)
  2. ရေ - 1 cup  (မုန့်ညှင်းဖြူ  ဆားရည်စိမ်ရန်)
  3. ဆား - ထမင်းစားဇွန်း ခြောက်ဇွန်း (မုန့်ညှင်းဖြူ  ဆားရည်စိမ်ရန်)
  4. ကောက်ညှင်းအစိမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း သုံးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
  6. ငရုတ်သီးမှုန့် - 1 cup (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
  8. ရေ - 1 cup (ကောက်ညှင်းမှုန့်ကျိုရန်) )
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သွန်ကြိတ်တဲ့အထဲထည့်ရန်)
  10. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သွန်ကြိတ်တဲ့အထဲထည့်ရန်)
  11. ချင်း - တစ်လက်မခန့်
  12. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ့်ငါးမွှာ
  13. ကြက်သွန်နီ - အနေတော် တစ်လုံး
  14. မုံလာဥနီ - အနေတော် တစ်ဥ
  15. မုံလာဥဖြူ  - အနေတော် တစ်ဥ
  16. ကြက်သွန်မိတ် - ဆယ်ပင်ခန့်
  17. နှမ်းလှော် - မိမိနှစ်သက်သလောက် 
ပြင်ဆင်ပုံ
  1. မုန့်ညှင်းဖြူ ထုတ်ကို ထက်ခြမ်းခြမ်းပြီး နောက်ထပ် ထက်ဝက်ထပ်ခြမ်းကာ လက်သုံးလုံးလောက် အထူလေးတွေ လှီးပေးပါ
  2. ပြီးတာနဲ့ ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ မုန့်ညှင်းဖြူ များ  ရေနှင့် ဆားထည့်ပြီး ဖြူးပြီး အထက်အောက် သမအောင် နယ်ပေးကာ နှစ်နာရီလောက် နှပ်ထားပါ
  3. နာရီဝက် လောက်နေရင် အထက်အောက် သမအောင် လှန်ပေးပြီး နောက်ထပ် နာရီဝက်နေရင် အထက်အောက် တစ်ခါထပ်လှန်ပေးကာ လေးကြိမ်လောက် အထက်အောက် လှန်လှန်ပေးပြီး နှပ်ထားပါ
  4. ဆားရည်နှင့် နှပ်ထားချိန် နှစ်နာရီပြည့်တာနဲ့ ရေများများနှင့် ငါးထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  5. ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  6. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းတွေ ရလာအောင် လှီးထားပါ
  7. မုံလာဥဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းလေးတွေ လှီးထားပါ
ကင်မ်ချီအနှစ် ပြုလုပ်ပုံ
  1. အိုးထဲမှာ ရေထည့်ပြီး ဆန်အစိမ်းမှုန့်နှင့် သကြားတို့ကို ထည့်ပေးကာ မီးနွေးနွေးနဲ့ ကျိုပေးပါ
  2. ကောက်ညှင်းမှုန့်များ မပြစ်မကျဲ  အနေအထား ရလာပြီဆိုရင် မီးဖိုပေါ်မှ ဖယ်ပေးပြီး အအေးခံထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  5. ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  6. ငရုတ်သီးမှုန့် ငံပြာရည် ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း ကျိုထားသော ကောက်ညှင်းမှုန့်အနှစ် ဆား သကြားနှင့် ငရုတ်သီးမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  7. ကြိတ်စက်ထဲမှာ ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း အရည်ကျိုထားသော ဆန်နှစ် ငံပြာရည် သကြားနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပေးပြီး ညက်နေအောင် ကြိတ်ပေးထားပါ
Kimchi ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကြက်သွန်မိတ် မုံလာဥနီ မုံလာဥဖြူ  နှင့် ကင်မ်ချီအနှစ်တို့ကို သမသွားအောင် ရောနယ်ပေးထားပါ
  • ပြီးတာနဲ့  အနှစ်စပ်ထားသော ဇလုံထဲမှာ ရေဆေးပြီး စစ်ထားသော မုန့်ညှင်းဖြူ  များကို ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ အချဉ်တည်ထားမည့် ဗူးကို သန့်နေအောင် ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ကင်မ်ချီများကို ထည့်ပေးပါ
  • အခန်းအပူချိန်အတိုင်း နှစ်ရက်လောက် ထားပေးပြီးရင် ကင်မ်ချီ မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး နှမ်းလှော်လေး ဖြူးပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ ရေ 1 cup =  Zebra ထမင်းစားဇွန်း ၁၄ဇွန်းခန့်နှင့် ညီပါသည်။

ပုဇွန်ဦးဏှောက် မွှေးမွှေးလေး











ဈေးကအပြန် ပုဇွန်တွေ ဝယ်လာပြီး ခေါင်းတွေ အမြှီးတွေ အခွံတွေခွာပြီး ပြစ်လိုက်ရမှာ သမျှောနေတော့ ကြိတ်စက်ထဲ ထည့်ကြိတ်ကာ ပုဇွန်ဦးဏှောက်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 

  1. ပုဇွန်ခေါင်နှင့် ပုဇွန်အခွံများ - 1500 g
  2. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ရေ - သုံးလီတာ

ပြင်ဆင်ပုံ

  1. ပုဇွန်မှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံကျယ်ကျယ်ထဲကို ထည့်ပေးပါ
  2. ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ
  3. ပုဇွန်ခေါင်းများကိုလဲ အခွံခွာကာ အထဲမှ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ
  4. ခေါင်းထဲမှာ ရှိနေတဲ့ သွားများကိုလဲ ဖယ်ပေးပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး အသားကြိတ်တဲ့ ဘလင်ဒါထဲ ထည့်ပေးကာ အရင်ဆုံး မညက်တစ်ညက် ကြိတ်ပေးပါ
  6. ကြိတ်ထားသော ပုဇွန်ကြိတ်ဖတ်များကို ရေအနည်းငယ်နှင့် အရင်ဆုံး ကျင်ပေးပါ
  7. အရည်ကျင်ထားသော ပုဇွန်အဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  8. အရည်ညှစ်ချထားသော ပုဇွန်အဖတ်များကို နောက်တစ်ခေါက် ညက်နေအောင် ထပ်ပြီး ကြိတ်ပေးပါ
  9. ဒုတိယ အကြိမ်ကြိတ်ထားသော ပုဇွန်အဖတ်များကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ထားသော အဖတ်များကို ပြစ်လိုက်ပါ
  10. ဘလင်ဒါနဲ့ ကြိတ်တာဖြစ်တဲ့အတွက် နှစ်ခါလောက်ဘဲ ကြိတ်ပြီး အရည်ယူလိုက်ရင် ရပါပြီ 
  11. ပုဇွန်အခွံများကိုလဲ အထက်ပါ နည်းအတိုင်း ကြိတ်ပေးပြီး အရည်ငင်ပေးပါ
  12. ပုဇွန်အခွံ ကြိတ်သားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
  13. ပုဇွန်အခွံ အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်
  14. အားလုံးအဆင်သင့် ဖြစ်ပါက အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ကြိတ်ထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
  15. ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  16. ပုဇွန်အခွံထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ မီးကို အနေတော်လောက် လျှော့ပေးပါ
  17. ပုဇွန်အနှစ်များ ဥလာအောင် မီးမျှင်းမျှင်းနဲ့ ဂရုစိုက်ပြီး တည်ထားပေးပါ
  18. ပုဇွန်အနှစ်များ ပြစ်လာပြီး အဖတ်လေးများ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဦးဏှောက်  မွှေးမွှေးလေးကို ရပါပြီ
  19. ပြီးတာနဲ့ မီးပိတ်ပေးပြီး အအေးခံကာ တာရှည်အသုံးခံအောင် ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
  20. ထမင်းပူပူလေးနဲ့ နယ်ဖတ်စားရင် ရသလို ပုဇွန်ဦးဏှောက် အနှစ်လေးတွေနဲ့ ဟင်းချို ဟင်းခါးတို့လဲ ချက်နိုင်ပါသေးတယ်

ဗီယက်နမ် ကောက်ညှင်းထုတ်












 ဒီနေ့တော့ ထမင်းစားပြီး အချိုတည်းဖို့အတွက် ဗီယက်နမ် ကောက်ညှင်းထုတ်လေး ထုတ်ပါတယ် ကောက်ညှင်းထုတ်ထဲမှာ မျှစ် ကြက်ဥနဲ့ ကြက်အူချောင်းတို့ထည့်ပြီး ထုတ်ထားတဲ့အတွက် စားရတာ အရသာ တစ်မျိုးလေး ကောင်းပါတယ်။

မာမာကတော့ ဝက်အူချောင်း မစားတဲ့အတွက် ကြက်အူချောင်းကို အစားထိုးပြီး ထည့်ထားပါတယ် ဝက်သားစားတဲ့သူတွေကတော့ ဝက်အူချောင်းထည့်ပြီး ထုတ်နိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထုတ်ထားတဲ့ ကောက်ညှင်းထုတ် ထုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. မျှစ်ပြုပ်ပြီးသား - တစ်ဆယ်သားခန့်
  3. ငှက်ပျောရွက် - လိုသလောက်
  4. ကြက်အူချောင်း - သုံးချောင်း
  5. ကြက်ဥ - နှစ်လုံး
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ပုံ
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကောက်ညှင်းထုတ်ခြည်ရန်ကြိုး - လိုသလောက် ပြင်ထားပါ
ကောက်ညှင်းဆန် ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ အနည်းဆုံး ၈နာရီလောက် ရေစိမ်ထားပါ
  • ကောက်ညှင်းထုတ် ထုတ်ခါနီးပြီဆိုပါက ဇကာတစ်ခုထဲ သွန်ချကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ဆားနှင့်သကြားထည့်ပြီး အရသာ သမအောင် နယ်ထားပါ
ထုတ်မည့်အရွက် ပြင်ဆင်ပုံ
  • ငှက်ပျောရွက် တပေပါတ်လည် အရွယ်တူ ဖြတ်ပြီး ရေစင်အောင်ဆေးပြီး ရေသုတ်ထားပါ
  • ပြီးတာနဲ့ မီးနှင့်မထိဘဲ ခပ်ဝေးဝေးကနေ ကင်ပြီး အ၀တ်သန့်သန့်နှင့် သုပ်ထားပါ
ကြက်ဥပြုပ်ရန်
  • ကြက်ဥကို ရေမြုပ်အောင်ထည့်ပြီး ကျက်တဲ့အထိ ပြုပ်ပေးပါ
  • ကျက်ဥကျက်တာနဲ့ အအေးခံပြီး အခွံခွာပေးကာ လေးစိတ်စိတ်ထားပါ
မျှစ် ပြင်ဆင်ရန်
  • အိုးထဲမှာ မျှစ်ကိုရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • မျှစ်နူးတာနဲ့ အအေးခံကာ  အမျှင်လေးများ ရလာအောင် ခြစ်ထားပေးပါ
ကြက်အူချောင်းကြော်ရန်
  • ဇောက်နက်သော ဒယ်အိုးထဲမှာ ကြက်အူချောင်းကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေများခမ်းလာတာနဲ့ အိုးထဲမှာ အနည်းငယ် လှိမ့်ပေးကာ ကြက်အူချောင်းကို ဆယ်ပေးပြီး ခပ်စောင်းစောင်း လှီးထားပါ
ကောက်ညှင်းထုတ်ရန် ပြင်ဆင်ပုံ
  • ကောက်ညှင်းထုတ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ငှက်ပျောရွက်ကို အနည်းဆုံး သုံးထပ်လောက် ထပ်တင်ပေးပါ
  • ထပ်ထားသော ငှက်ရွက်ပေါ်မှာ ကောက်ညှင်းဆန်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့် ဖြန့်ခင်းပေးပါ
  • ကောက်ညှင်းဆန်အပေါ်မှာ မျှစ်အနည်းငယ် ကြက်အူချောင်းနှင့် ကြက်ဥ နှစ်ခြမ်းကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ဘေးနှစ်ဖက်စီမှ အစကို ကောက်ညှင်းအပေါ် ထပ်ပြီးအုပ်ပေးကာ အောက်ဖက်မှ အစကို အပေါ်သို့ ခေါက်ပေးပါ
  • ထိုသို့ ခေါက်ပြီးပါက ခေါက်ထားသော အစကို အောက်ဖက်မှာထားပြီး ကောက်ညှင်းထုတ်ကို ထောင်ကာဖင်ဘက်မှ အောက်ကို သုံးချက်လောက် စောင့်လိုက်ပါ
  • ကောက်ညှင်းများ ပွမနေစေရန် ထိုကဲ့သို့ စောင့်ပြီးပါက အပေါ်ဖက်မှ ဇွန်းရှည်ရှည်နှင့် အသာဟပေးပြီး ကောက်ညှင်းထုတ်ထဲမှာ ပေါ်နေသည့် အစာများကို အုပ်သွားစေရန် ကောက်ညှင်းဆန်ကို ထမင်းစားဇွန်း တစ်ဇွန်းခွဲလောက် ထပ်ထည့်ပေးပါ
  • ကောက်ညှင်းဆန် ထည့်ပြီးတာနဲ့ အောက်ဖက်မှ ခေါက်ထားသော ငှက်ပျောရွက်ထိပ်အစကို ထုတ်လို့ကောင်းစေရန် ခပ်ညီညီလေး ဖြစ်အောင် ကပ်ကြေးနှင့် ညှပ်ပေးပါ
  • နောက်တစ်ဖက်ကိုလဲ အောက်ဖက်မှ ခေါက်ထားသော အရွက်ကို အုပ်မိစေရုံဘဲထားပြီး ပိုနေသောအစကို ညှပ်ထုတ်ပြစ်ပါ
  • ပြီးတာနဲ့ တစ်ခုနှင့်တစ်ခု ထပ်ပြီးအုပ်ကာ ဗန်းတစ်ခုထဲမှာ မှောက်ပြီး တင်ပေးထားပါ
  • ထိုနည်းအတိုင်း ကောက်ညှင်းဆန် ကုန်တဲ့အထိ ထုတ်ပေးထားပါ
  • ကောက်ညှင်းအားလုံး ထုတ်လို့ ပြီးတာနဲ့  ကောက်ညှင်းထုတ်ကို နှစ်လွှာပူးပြီး ကြိုးနှင့် ၃ထပ်လောက် တင်းနေအောင် ပုံပါအတိုင်း အထက်အောက် ၂ချက် ခပ်တင်းတင်း ခြည်ပေးပါ
  • ခြည်သောကြိုးများကို တင်းနိုင်သမျှ တင်းအောင် စည်းပေးပါ
  • ကြိုးခြည်တာ မတင်းပါက ကောက်ညှင်းထုတ်ထဲမှ ကောက်ညှင်းများကက စေးမနေဘဲ ဖွယ်တယ်တယ်ကြီး ဖြစ်နေတတ်ပါတယ်
ကောက်ညှင်းထုတ်ပြုပ်ရန်
  • ပေါင်းအိုးထဲမှာ ကောက်ညှင်းထုတ်ကို စီပြီးထည့်ပါ
  • ကောက်ညှင်းထုတ် ထည့်ပြီးပါက ကောက်ညှင်းထုတ်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ပေးပါ
  • အဖုံးအုပ်ပြီးတာနဲ့  steam ခလုတ်ကိုနှိပ်ကာ မိနစ်သုံးဆယ် ချိန်ပေးပြီး ပြုပ်ပေးပါ 
  • ပြုပ်ချိန် နာရီပြည့်တာနဲ့ အိုးထဲမှ လေများကို ကုန်အောင်ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပြီးတာနဲ့ ရေထဲမှ ဆယ်ပေးပြီး ရေစစ်ပေးပါ
  • မာမာပြထားသော ပေါင်းအိုးမျိုးနှင့် မပြုပ်ဘဲ ရိုးရိုးအိုးနှင့် ပြုပ်ပါက ဇောက်နက်သော အိုးထဲမှာ ကောက်ညှင်းထုတ်များကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းထုတ်များ ရေမြုပ်အောင် ထည့်ပေးပြီး အဖုံးအုပ်ကာ တစ်နာရီလောက် ပြုပ်ပေးပါ
  • တစ်နာရီလောက်ဆို စေးထန်းပြီး ချိုမွှေးနေသော ကောက်ညှင်းထုတ်များကို ရေထဲမှ ဆယ်ပြီး ရေစစ်ပေးပါ 
  • အိအိလေးနဲ့ မွှေးနေတဲ့ ဗီယက်နမ် ကောက်ညှင်းထုတ်ကို အခွံခွာပြီး စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

Tuesday 26 May 2020

ပုဇွန်ထောင်းကြော်










ဒီနေ့တော့ မာမာတို့ ငယ်ငယ်က အမေကြော် ခနခနကြော်ကျွေးတတ်တဲ့ ပုဇွန်ထောင်းကြော်လေးကို သတိရတာနဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ပုဇွန်ထောင်းကြာ်လေး ကြော်ဖြစ်ပါတယ်။

ပုဇွန်ဆိတ်လေးတွေနဲ့ ကြော်ရင် အခွံလေးတွေ ပါတဲ့အတွက် ပိုပြီး ကောင်းပါတယ် မာမာကတော့ ပုဇွတ်ဆိတ်တဲ့ အကောင်ကြီးတဲ့ ပုဇွန်ခေါင်းချိုးသာသာ အရွယ်လေးတွေနဲ့ ကြော်တဲ့အတွက် ခေါင်းတွေအခွံတွေ ဖြုတ်ပြီးမှ ကြော်ထားပါတယ်။

အရသာ ရှိလွန်းပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို စိတ်ဝင်စားသူတွေအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခေါင်းချိုး - 250 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပုဇွန်အရသာနယ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပုဇွန်အရသာနယ်ရနိ)
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပုဇွန်အရသာနယ်ရန်)
  7. အကြော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း မောက်မောက် (မည်သည့်အကြော်မှုန့်မဆို သုံးနိုင်ပါတယ်)
  8. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပုဇွန်ထောင်းထဲထည့်ရန်)
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပုဇွန်ထောင်းထဲထည့်ရန်)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပုဇွန်ထောင်းထဲထည့်ရန်)
  11. နံနံပင် - နှစ်သက်သလောက် 
  12. ဆီ - လိုသလောက် သုံေးပေးပါ

ပြင်ဆင်ပုံ
  • ပုဇွန်ကို အခွံခွာ အမြှီးဖြုတ် ခေါင်းဖြုတ်ပြီး ကြောဖက်မှ အမဲကြောင်းကို ဖယ်ပေးပါ
  • အားလုံးပြီး သန့်စင်ပြီးလျှင် ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
  • ပုဇွန်ရေစစ်သွားပါက ဆား နနွင်းမှုန်နှင့် အရသာမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်ဆုံထဲမှာ ပုဇွန်ကို အရင်ဆုံထည့်ပြီး ညက်နေအောင် ထောင်းပေးပါ 
  • ပုဇွန်ညက်တာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် အကြော်မှုန့်တို့ကို ထည့်ပြီး အရသာ သမသွားအောင် ခပ်ဖွဖွ ထောင်းပေးပါ
  • ထောင်းလို့ပြီးပါက အရသာ သမသွားအောင် ဇွန်းနှင့်ရောနယ်ပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်ခုထဲမှာ ခပ်ထည့်ပြီး အဖုံးအုပ်ပေးကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီလောက် နှပ်ထားပေးပါ
  • နှပ်ထားချိန် ပြည့်တာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်စာယူပြီး လက်ကိုရေစွတ်ကာ ခပ်ဖွဖွ ဆုတ်လုံးပေးပါ
  • ။ယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာပါက လုံးထားသော ပုဇွန်လုံးကို မထည့်ခင် မီးကို အနေတော် ပြန်လျှော့ပေးပြီးမှ ပုဇွန်လုံးကို ထည့်ကြော်ပါ
  • မီးအရမ်းများပါက အထဲက မကျက်သလို အပြင်ကလဲ ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်
  • ပုဇွန်ထောင်းကြော်က ကြော်နေတဲ့ အခါမှာ အရမ်းဘဲ ပွလာတတ်တဲ့အတွက် အိုးထဲမှာ အများကြီး မထည့်ဖို့ သတိထားပေးပါ
  • တစ်ဖက်ကျက်တာနဲ့နောက်တစ်ဖက်လှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါ  ထမင်းပူပူလေးနဲ့ စားနိုင်သလို ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။