Wednesday 15 May 2019

ကင်းမွန် ငံပြာရည်ချက်







ရာသီဥတုလေးကလဲ အေးလာပြီဆိုတော့ ပူစပ်စပ်လေးတွေ စားချင်မိလာပြန်ပါတယ် ဒါကြောင့်မို့လို့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ကင်းမွန်သေးသေးလေးတွေကို ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းမိန်စေမဲ့ ငံပြာရည်ကြော် ကြော်ဖြစ်ပြန်ပါတယ် လွယ်ကူမြန်ဆန် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်းမွန် - အကောင်သေး နှစ်ဆယ်သားခန့်
  • ပုဇွန်ခြောက် - အကောင်၄၀ခန့်
  • ကြက်သွန်ဖြူ - အျမွှာကြီးကြီး ၆မွှာ
  • ကြက်သွန်နီ - အနေတော် နှစ်လုံး
  • ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း သုံးဇွန်း (အစပ်ကြိုက်ရင်ပိုထည့်ပါ)
  • ငရုတ်သီးစိမ်း - ၁၀တောင့်ခန့်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ

  • ကင်းမွန်ကို ကြောဖက်အထဲမှ ခပ်ကြည်ကြည် ကြောရိုး ဗိုက်ဖက်ထဲမှ မှင်အိတ်နှင့် အစာအိတ်များ ဖယ်ပေးကာ ရေစင်အောင် ဆေးပေးပါ။
  • ပုဇွန်ခြောက်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်သွန်ဖြူ ငရုတ်သီးလုံးခြမ်းကွဲ ပုဇွန်ခြောက်နှင့် ငရုတ်သီးစိမ်းတို့ကို ရောပြီးမညက်တညက် ထောင်းထားပါ။
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို နွမ်းရုံလေးော့ာ်ပေးပါ
  • ပြီးတာနဲ့ ကင်းမွန်များကို ထည့်ကြော်ပေးပါ။
  • ကင်းမွန်မှ အရည်ထွက်လာပြီး အသားမာလာပါက ဘေးမှာခနတွန်းထားကာ ထောင်းထားသော အစာများကို ထည့်ကြော်ပါ။
  • ပြီးတာနဲ့ ငံပြာရည် အရသာမှုန့်နှင့် ဆားတို့ကိုထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • အိုးမကပ်စေရန် မကြာမကြာ မွှေပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

1 comment:

  1. Unicode နဲ့တင်ပေးရင်ကောင်းမှာ

    ReplyDelete