ဒီနေ့တော့ ဗီယက်နမ်ဈေးကို သွားရင်း ကိုယ်စားတတ်တဲ့ အသီးအရွက်လေးတွေ လှိုင်လှိုင်ပေါ်တုန်း များများဝယ်လာခဲ့ပါတယ်။
အများကြီးဆိုတော့ တရက်ထဲလဲ စားလို့မကုန်တဲ့အတွက် ကြာကြာထားလို့ရမဲ့ နည်းလေးတွေ ပြင်ဆင်ကာ သိမ်းထားဖြစ်တာမို့လို့ မာမာသိမ်းတဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပြင်ဆင်ပုံ
- ဟင်းနုနယ်ရွက်များကို အရင်ဆုံး ရေများများထဲမှာ အပင်လိုက် ရေဆေးပေးပါ
- ပြီးတာနဲ့ ဟင်းနုနယ်ရွက်များကို အရွက်များ ခြွေပေးပြီး သပ်သပ်ဖယ်ထားပါ
- ဖယ်ထားသော အရွက်များကို ရေ သုံးထပ်လောက် ဆေးပြီး ရေစစ်ထားပါ
- ကျန်နေတဲ့ အရိုးများကို ရင့်နေတဲ့ နေရာမှ အကြောများကို ဓါးထက်ထက်လေးနဲ့ သင်ပေးပါ
- သင်ထားသော အကြောများကို လွှင်ပြစ့်ပေးပါ
- အကြောသင်ပြီးတာနဲ့ အလယ်မှ ထက်ခြမ်းခွဲပေးပြီး အနေတော်လေးတွေ ဖြတ်ပေးပါ
- အကြောသင်ပြီး လှီးဖြတ်ထားသော အရိုးလေးတွေကိုလဲ ရေသုံးထပ်လောက်ဆေးကာ ရေစစ်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးထဲမှာ ရေတစ်ဝက်သာသာလောက် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူလာတာနဲ့ အရင်ဆုံး ဟင်းနုနယ်အရိုးများကို ၅မိနစ်လောက် ထည့်ပြုပ်ပေးပါ
- အရိုးများ မနူးတနူးအချိန်မှာ ဆယ်ပေးပြီး ရေအေးအေးနဲ့ ၂ထပ်လောက်ဆေးပေးပါ
- ပြီးတာနဲ့ ပြုပ်ထားသော အရိုများ အရောင်မပြောင်းသွားအောင် ရေအေးအေးမှာ စိမ်ထားပေးပါ
- ဆူပြီးသား ရေပူပူထဲမှာဘဲ ဟင်းနုနယ်ရွက်များကို သုံးမိနစ်လောက် ထည့်ပြုပ်ပေးပါ
- အရွက်များ ပြုပ်နေစဉ်မှာ ရေပူများ ဝေကျတတ်တဲ့အတွက် သတိထားပြီး သစ်သားယောင်းမနှင့် မွှေပေးပါ
- ရေပွက်ပွက်ဆူလာပြီး အရွက်များ အရောင်ပြောင်းလာတာနဲ့ ဆယ်ပေးပြီး ရေအေးနဲ့ နှစ်ထပ်လောက် ဆေးပေးပါ
- ပြီးတာနဲ့ အရွက်များ အရောင်မပြောင်းအောင် ရေအေးနဲ့ စိမ်ထားပေးပါ
- အရိုးများ အရွက်များ အေးသွားတာနဲ့ ရေစစ်ပေးပါ
- ရေစစ်သွားတာနဲ့ လေလုံသော ပလပ်စတစ်အိတ်တွေနဲ့ထည့်ပြီး သေသေချာချာ ပိတ်ပေးကာ ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးခဲထားပေးပါ
- ကြော်စား ချက်စား သုပ်စားဖို့ ပြင်ဆင်တော့မယ်ဆိုရင်တော့ မပြင်ဆင်ခင် သုံးနာရီလောက် ကြိုတင်ပြီး ထုတ်ထားပေးပြီးမှ ပြင်ဆင်ပေးပါ။
No comments:
Post a Comment