ဒီနေ့တော့ ဂွေးသီးနုနုလေးတွေ ရလာတာနဲ့ ဂွေးသီးငပိချက် ချဉ်ချဉ်ငံငံစပ်စပ်လေး ချက်ဖြစ်တာနဲ့ မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဂွေးသီးနုနု -၁၅လုံးခန့်
- ကြက်သွန်နီ - အနောတော် သုံးဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်းနှစ်ွဇွန်း
- ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ငါးဇွန်း
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း ၈ဇွန်း
ပြင်ဆင်ပုံ
- ဂွေးသီးများကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နူတ် လှီးထားပါ
- ကြိတ်ပြီးသား ပုဇွန်ခြောက်မှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန့် ငရုတ်သီးလုံးခြမ်းခွဲ ဆား ငါးငံပြာရည် ပုဇွန်ငပိ အရသာမှုန့် ဆီတို့ကို အဆင်သင့်ပြင်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးလုံးခြမ်းခွဲတို့တို့ကို ထည့်ကြော်ပေးပါ
- ဆီသတ်နေစဉ် ငရုတ်သီးများ ကျွမ်းမသွားစေရန် မကြာမကြာ မွှေပေးပါ
- ငရုတ်သီးနံ့ မွှေးလာတာနဲ့ လှီးထားသော ဂွေးသီးကို ထည့်ပေးပြီး ဂွေးသီးများ နွမ်းလာအောင် မွှေပေးပါ
- ဂွေးသီးနွမ်းလာတာနဲ့ ပုဇွန်ငပိနှင့် ပုဇွန်ခြောက်မှုန့်တို့ကို ထည့်မွှေပေးပါ
- ဆီသတ်နံ့လေး မွှေးလာတာနဲ့ဆား ငံပြာရည် အရသာမှုန့် တို့ ထည့်ပေးပြီး မွှေပေးပြီး ဂွေးသီးများ နွမ်းလာအောင် ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ချက်ပေးပါ
- ဂွေးသီးများ နူးအိလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်နိုင်ပါပြီ
- ချဉ်ငံစပ် ဂွေးသီးငပိချက်လေးကို ထမင်းပူပူလေးနှင့် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment