Saturday, 2 March 2019

သီးစုံ ချဉ်ငံစပ်အသုပ်





နေ့လည်နေ့ခင်း ရေနွေးကြမ်းလေးသောက်လိုက် သီးစုံချဉ်ငံစပ် အသုပ်လေးစားလိုက်နဲ့ အပျင်းပြေ စားလို့ကောင်းလွန်းတဲ့ သီးစုံချဉ်ငံစပ်သုပ်စားဖြစ်ပါတယ် အပျင်းလဲပြေ ခံတွင်းလဲရှင်း စားလိုလဲ့ ကောင်းလွန်းတဲ့အတွက် မာမာသုပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကီဝီသီး - တစ်လုံး
  • ပန်းသီး - တစ်လုံး
  • ရှောက်ချိုသီး - တစ်လုံး
  • မက်မွန်သီး - နှစ်လုံး
  • မက်မန်းသီး - တစ်လုံး
  • ဇီးသီး - တစ်လုံး
  • သံပုရာသီး - တစ်လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်သာသာ
အသုပ်သုပ်ရန် ပြင်ဆင်ပုံ
  • ပန်းသီး ကီဝီသီး သံပုရာသီးနှင့် ရှောက်ချိုသီးမှလွဲပြီး အသီးများအားလုံးကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးပေးပါ
  • ပန်းသီး ရှောက်ချိုသီးနှင့် ကီဝီသီးကို အခွံခွာပြီး ရေဆေးကာ အနေတော် လှီးထားပါ
  • သကြား ဆား ငံပြာရည် ငရုတ်သီးမှုန့်နှင့်ပုဇွန်ခြောက်မှုန့်တို့ကို ပြင်ထားပါ
  • ငံပြာရည်ကြိုက်ပါက ဆားအစား ငံပြာရည်ကို ပိုထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး သံပုရာညှစ်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သီးစုံချဉ်ငံစပ်အသုပ်ကို ရေနွေးကြမ်း ပူပူလေးနဲ့ တွဲဖက်ကာ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment