ဒီတစ်ခါတော့ ထမင်းပူပူလေးရယ် ထမင်းကြော်လေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ မြေပဲငံပြာရည်ချက် ချက်ဖြစ်ပါတယ် ထမင်းမိန်မိန် စားရလေအောင် မာမာချက်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မြေပဲလှော်ပြီးသား - ထမင်းစားဇွန်း ၅ဇွန်းခန့်
- ကြက်သွန်နီ - ခပ်ကြီးကြီး ၃လုံး
- ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
- ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
- မြေပဲလှော်ပြီးသားကို အခွံချွတ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါက နနွင့်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
- ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
- ငရုတ်သီးနံ့မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး အခွံချွတ်ထားသော မြေပဲလှော် ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
- မကြာမကြာ မွှေပေးပြီး ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
- ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
- မြေပဲ ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။
No comments:
Post a Comment