Monday, 18 February 2019

သီးစုံ ပဲကုလားဟင်း


ပဲခြမ်းကို ပြုပ်ထားပါ

ခြံထဲက ရွှေဖရုံပွင့်

အသင့်ပြင်ထားသော အသီးအရွက်များ

အသီးအရွက်များကို ဆီသတ်ထားပါ

ဆီသတ်ရာမှာ နူးလွယ်သော အသီးများကို 
ချန်ထားပါ

မန်ကျည်းသီးမှည့်ကို ရေစိမ်ထားပါ


သီးရွက်စုံလို့ ပြောတဲ့အတိုင်းပါဘဲ မိမိနှစ်သက်တဲ့ အသီးအရွက်လေးတွေကို ထည့်ချက်နိုင်ပါတယ် မာမာကတော့ ဒီနေ့ခြံထဲက ရွှေဖရုံပွင့်လေးတွေပါခူးပြီး ထည့်ထားပါတယ် နောက်တခုက ပဲကုလားဟင်းမှာ မပါမဖြစ် ပျဉ်းတော်သိမ်းရွက်လေးတွေ ထည့်ပေးရင် အရမ်းစားလို့ ကောင်းပါတယ်။

သီးရွက်စုံ ပဲကုလားဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး လာမေးသူတွေအတွက် မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ခရမ်းသီး - ၃တောင့်
  3. အာလူး - အနေတော် နှစ်လုံး
  4. ရွှေဖရုံပွင့် - ၄လးပွင့်
  5. ပဲတောင့်ရှည် - ၉တောင့်
  6. မုံလာဥနီ - အနေတော် တစ်ဥ
  7. ပျဉ်းတော်သိမ်းရွက် - အနေတော် နှစ်ခက်
  8. ရုံးပတေသီး - မိမိနှစ်သက်သလောက်
  9. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ကြက်သွန်နီ - အနေတော် တစ်ဥ
  15. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  16. ချင်း - လက်တဆစ်ခန့်
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  18. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
ပြင်ဆင်ပုံ

  • ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ပဲခြမ်းကိုထည့်ပြီး ရေနှစ်ထပ်ဆေးပါ
  • ပဲအထက် ရေ လက်လေးလုံးလောက် ရောက်အောင်ထည့်ပြီး နနွင်းမှုန့် အနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  • ပဲကုလားဟင်းထုံးစံ ပဲကိုကျေနေအောင် မပြုပ်ဘဲ ပဲအခြမ်းလေးကျန်အောင် နူးတဲ့အထိ ပြုပ်ပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီးရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ်စိတ်ထားပါ
  • ရုံးပတေသီးကို ရေဆေးပြီး ထိပ်နှစ်ဖက်ကို ဖြတ်ပေးထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • ခရမ်းသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ ခပ်ထူထူလှီးကာ ထက်ဝက်လှီးထားပေးပါ
  • ရွှေဖရုံပွင့်ကို ရေဆေးပြီး အထဲမှ ဝတ်ဆံကို ဖယ်ပေးပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူလေးတွေ လှီးပေးထားပါ

ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ပျဉ်းတော်သိမ်းရွက်နှင့် ထောင်းထားသော ငရတ်သီးထောင်းကိုထည့်ကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ မုံလာဥနီ အာလူးနှင့် ခရမ်းသီးကိုထဲ့ပြီး ငါးငံပြာရည် တခါထဲထည့်ပီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ပြုပ်ထားသောပဲ အရသာမှုန့်နှင့် ဆားထဲ့ကာရမြုပ်အောင်ထဲ့ပြီး ခရမ်းသီးနှင့် အာလူးနူးအောင်တည်ပေးပါ
  • ခရမ်းသီးနှင့် အာလူးနူးလာတာနဲ့ အကျက်မြန်ပြီး နူးလွယ်သော ပဲသီး ရုံးပတေသီးနှင့် ရွှေဖရုံပွင့်တို့ ထည်ပပေးပါ
  • ပြီးတာနဲ့ မကျည်းသီးမှည့်ကို အဖတ်များဖယ်ထားပြီး မန်ကျည်းမှဲ့ရည်ထဲ့ကာ ရေဆူအောင် ဆက်တည်ပေးပါ
  • ရုံးပတေသီး အရမ်းမနူးခင် အရသာမြည်း၍ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးကာ သီးစုံပဲကုလားဟင်းကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

Sunday, 17 February 2019

ဂျလေဘီ


သကြားရည်ကို ကျိုထားပါ

ဆီ သံပုရာရည် ဖာလာစေ့နှင့် သကြားမှလွဲပြီး
ပါဝင်ပစ္စည်းများကို ရောမွှေပေးပါ

ရေထည့်ပြီး အမှုန့်မျာ ကျေသွားအောင် နယ်ပေးပါ

ဆီပူတာနဲ့ ကြော်ပေးပါ
ဆီအိုးထဲ ပြည့်အောင်ထည့်ပေးပါ
ကျက်လာသော မုန့်များကို ဆယ်ပေးပါ

အဆင်သင့် ကျိုထားသော သကြားရည်

ဆယ်ပြီးတာနဲ့ သကြားဇလုံထဲ တန်းထည့်ပေးပါ



အချိုအရမ်းများတဲ့အတွက် အမြဲတမ်း မစားသင့်ပေမဲ့ တခါတရန်တော့ စားလို့သင့်တဲ့ သရည်စာမျိုးပါ မုန့်လုပ်နည်းလေးက အရမ်းလွယ်ပါတယ်။

အချိန်ရလို့ အဆင်ပြေမယ်ဆိုရင်တော့ ဂျလေဘီမုန့်လေးတွေ လုပ်စားနိုင်အောင် မုန့်လုပ်နည်းလေး မျှဝေလို
က်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဂျုံမှုန့်​ - 125 g
  2. ရေ - 125 g  ( မုန့်​နှစ်​စပ်​ရန်​ )
  3. မတ်​ပဲ - 50 g (အခွံခြွတ်​ပြီးသား ) (သို့ ) မတ်ပဲအမှုန့် 
  4. Baking powder - လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း
  5. food color - လက်​ဖက်​ရည်​ဇွန်း တစ်​ဝက်​ ( အဝါရောင်​ကိုသုံးပါ )
  6. သကြား - 500 g
  7. ရေ - 500 g ( သကြားကျိုရန်​ )
  8. ဖာလာစေ့ - ၄စေ့ခန့်
  9. သံပုရာရည်​ - ထမင်းစားဇွန်း တစ်​ဇွန်း
  10. ဆီ - လိုသလောက်
  11. မုန့်​နှစ်ထည့်ပြီး ညှစ်ရန်အတွက် ခရမ်းချဉ်သီးဆော့ထည့်သည့် ကော်ဗူး - တစ်​ဗူး
  12. မုန့်​ကြော်​ရန်​ အောက်​ချေမကပ်​သော ဒယ်​အိုး - တစ်​အိုး

ပြင်​ဆင်​ပုံ

  1. မတ်​ပဲကို ရေမြုပ်​အောင်​ထည့်ပြီး ၃နာရီခန့်​ ရေစိမ်​ထားပါ
  2. မာမာကတော့ သုံးရလွယ်တဲ့ မတ်ပဲအမှုန့်ကို သုံးထားပါတယ်
  3. ရေစိမ်ထားသော ပဲများပွလာပါက ဗလင်​ဒါထဲမှာ ရေ ထမင်းစားဇွန်းခန့်ထည့်ပြီး ခပ်​ပြစ်​ပြစ်​လေး ကြိတ်​ပေးပါ
  4. မတ်ပဲအမှုန့်ကို သုံးမယ်ဆိုရင်တော့ ဆီ သံပုရာရည် ဖာလာစေ့နှင့် သကြားမှလွဲပြီး ပါဝင်ပစ္စည်းများကို  ရောမွှေပေးပါ
  5. ဖာလာစေ့နှင့် သံပုရာရည်ကို အဆင်သင့် ပြင်ထားပါ
  6. သကြားနှင့် ရေတို့ကို ရောပြီး သကြားပျော်​လာအောင်​ ကျိုပေးပါ
  7. သကြားများ အရည်​ပျော်​လာပါက ဖာလာစေ့ကို ကွဲသွားတယ်​ဆိုရုံလေးထုကာ ထည့်​ပေးပါ (မထည့်လဲ ရပါတယ်)
  8. ပြီးတာနဲ့ သံပုရည်​ထည့်​ကာ မွှေပေးပါ
  9. သကြားရည်​ကို အရမ်းမပြစ်မသွားစေဘဲ မုန့်​သားစိမ်​လို့ရရုံ ကပ်​စေးစေး ဖြစ်​ရုံလေး ကျိုပေးပါ
  10. သကြားရည်​ ကျိုရာမှာ အရမ်းမကျဲ အရမ်းမပြစ်​စေရန်​ သတိထားပါ
  11. သကြားရည်​ အရမ်းကျဲပါ မုန့်​စိမ်​တဲ့အခါမှာ မုန့်သားများ ကွဲထွက်​သွားနိုင်​ပြီး သကြားရည်​ အရမ်းပြစ်​ပါက မုန့်​ရည်​စိမ်​တဲ့အခါမှာ မုန့်​သားထဲ မဝင်​ဘဲ ဖြစ်​သွားတတ်​ပါတယ်
  12. သကြားရည်​ကျိုပြီး အဆင်သင့် ဖြစ်ပါက ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ပြောင်းပြီးထည့်ထားပါ
မုန့်နှစ်ဖျော်ရန်

  1. ဇလုံအနေတော် တစ်​လုံးထဲမှာ ဂျုံမှုန့်​ food colorနှင့် baking powder တို့ကို သမအောင် ရောမွှေပေးပါ
  2. အားလုံးသမသွားတာနဲ့ ရေ ပေါင်းအိုးဆန်ချဉ်ခွက်ရဲ့လေးပုံသုံးပုံကိုထည့်ကာ သမသွားအောင် သေသေချာချာ မွှေပေးပါ
  3. ပြီးတာနဲ့ ကြိတ်ထားသော မတ်​ပဲအနှစ်​များကို ထည့်မွှေပေးပါ
  4. မာမာကတော့ မတ်ပဲအမှုန့်ကို သုံးတဲ့အတွက် တခါထဲ သမအောင် မွှေလိုက်ပါတယ်
  5. မုန့်နှစ်ရလာတာနဲ့ ခရမ်းချဉ်သီးဆော့ထည့်သည့် ပလပ်စတစ်ဗူး အလွတ်ထဲကို ထည့်ပေးပါ
မုန့်​သားကြော်​ရန်

  1. မုန့်​နှစ်​ထည့်ထားသော ခရမ်းချဉ်သီးဆော့ထည့်သည့် ဆော့ဗူးအလွတ်ကို ပြင်ထားပါ
  2. အောက်​ချေမကပ်​သော ဒယ်​အိုးထဲကို ဆီထည့်​ပြီး အပူပေးပါ
  3. ဆီပူလာတာနဲ့ မီးကို အလယ်​လောက်​ထိ လျှော့ပေးပါ
  4. ပြီးတာနဲ့ ဆော့ဗူးထဲမှ မုန့်​နှစ်​ကို တစ်​ဖက်​သပ်​ထဲဝိုက်​ပြီး ၄ခါလောက်​ ဝိုက်​ပြီးထည့်​ပေးပါ
  5. ဒယ်အိုးထဲမှာ မုန့်​သားများ ဆန့်​သလောက်​ ထည့်​ကြော်​ပေးပါ
  6. ကြော်​ထားသော မုန့်​သားများ ရွှေဝါရောင်​ သန်းလာတာနဲ့ ဆယ်​ပြီးဆီစစ်​ကာ အအေးခံထားသော သကြားရည်​ထဲ တန်းထည့်​ပေးပါ
  7. သကြားရည်​များ မုန့်​သားထဲ စိမ့်​ဝင်​သွားအောင်​ ဇွန်းဖြင့့်အနည်းငယ်​ ဖိပေးပါ
  8. အထက်​ပါ နည်းအတိုင်း မုန့်​သားများ ကုန်​တဲ့အထိ ကြော်​ပေးလိုက်​ သကြားရည်​ စိမ်​ပေးလိုက်​ လုပ်​ပြီးပါက စားလို့အရမ်းကောင်းတဲ့ ဂျလေဘီမုန့်​လေးတွေ ရပါပြီ
  9. တစ်ခါထဲ စားလို့မကုန်ပါက သကြားရည်စိမ်ထားသော ဂျလေဘီမုန့်လေးများကို ရေခဲသေတျွှာထဲမှာ ထည့်ထားပြီး စားသုံးနိုင်ပါတယ်။
ခရမ်းချဉ်သီးဆော့ထည့်သည့် ဗူးမရှိပါက ပလပ်စတစ်အိတ် ခပ်ထူထူထဲ မုန့်နှစ်ထည့်ကာ အိတ်ရဲ့ အောက်ချေ ထောင့်ကို အနည်းငယ် ဖောက်ပေးပြီး ညှစ်ချပေးပါက ရပါတယ်။

Wednesday, 13 February 2019

ချဉ်ငံစပ် သိုးသားသုပ်


ရာသီဥတုလေးများ အေးလာပြီဆိုရင် စိတ်ထဲမှာ စားချင်လာတာက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ စိတ်ထဲမှာ ပေါ်လာတဲ့အတိုင်း ချဉ်ငံစပ်လေး စားရလေအောင် သိုးသားသုပ်ဖို့ ပြင်ထားပါတယ်။

လွယ်လင့်တကူ သုပ်စားနိုင်ဖို့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သိုးသား - 250 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  7. ကြက်သွန်မိတ် - နှစ်သက်သလောက်
  8. သံပုရာသီး - တစ်စိတ်
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  10. ထန်းလျှက်ခဲ - အနေတော် တစ်လုံး
  11. ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ငရုတ်သီး အကျက်မှုန့် - စားနိုင်သလောက်
  13. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
သိုးသားပြုပ်ရန်

  1. သိုးသားကို ရေစင်အောင်ဆေးပြီး ဆားနှင့် အရသာမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  2. ရေခမ်းပါက အအေးခံထားပြီ ချင်းဖတ်များဖယ်ပေးကား အနေတော် ခပ်ပါးပါးလေးတွေ လှီးထားပါ
ပြင်ဆင်ပုံ

  1. ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တညက် ထောင်းထားပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  3. ကြက်သွန်မိတ်ကိုရေဆေးပြီး မထူမပါး လှီးထားပါ
  4. ထန်းလျှက်ခဲကို ညက်နေအောင် ထောင်းထားပါ
  5. လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  6. ဇလုံတလုံးထဲမှာ လှီးထားသောသိုးများ ကြက်သွန်ဖြူ  ကြက်သွန်မိတ် ငရုတ်သီးစိမ်း ထောင်းထားသော ထန်းလျှက်ခဲ ငရုတ်ဆီအချဉ် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး သိုးသား ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်ပေးကာ မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

Tuesday, 12 February 2019

ကြက်သားပေါင်း အိအိလေး





ဒီနေ့တော့ ကြက်သားပေါင်း ပေါင်းဖြစ်ပါတယ် ကြက်ပေါင်းရည် ချိုချိုလေးနဲ့ ကြက်သားအိအိလေးက နေမကောင်းတဲ့ သူတွေနဲ့ သင့်တော်သလို အားရှိအောင် ပေါင်းစားသင့်တဲ့ ကြက်သားပေါင်းနည်းလေးကို မျှဝေလိုက်ပါတယ်။
ကြက်သွန်ဖြူနဲ့ ချင်းအနံ့လေး မွှေးနေတဲ့အတွက် ခံတွင်းလိုက်မဲ့ ကြက်ပေါင်းလေးဖြစ်ပြီး ပေါင်းရတာလဲ အရမ်းလွယ်တဲ့အတွက် ကလေးလူကြီး သင့်တော်တဲ့အတွက် ပေါင်းစားသင့်ကြောင်းလဲ အကြံလေး ပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 250 g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသား
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ကြွေပန်းကန်လုံး - တစ်လုံး
  • ပေါင်းခံဇကာပါ ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ပေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • အသင့်ပြင်ထားသော ကြွေပန်းကန်လုံးထဲမှာ အရသာနယ်ထားသော ကြက်သား ချင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပြီး ရေအနည်းငယ် ထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ပေါင်းခံဇကာထဲ ထည့်ပေးပါ
ကြက်သားပေါင်းနည်း
  • ပေါင်းအိုးအောက်ခံအိုးကို ရေ တ၀က်သာသာထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ကြက်သားထည့်ထားသော ပေါင်းဇကာကိုအဖုံးအုပ်ပြီး ပေါင်းပေးပါ
  • ပေါင်းဇကာကို အဖုံးအုပ်ပြီး ၄၅မိန်စ်ခန့် ပေါင်းပေးပါ
  • ကြက်သားပေါင်းနေစဉ် အောက်ခံရေနွေးအိုးမှာ ရေခမ်းတတ်တဲ့အတွက် အောက်ခံအိုးကို ရေထပ်ထပ်ထည့်ပေးပါ
  • ကြက်သားပေါင်းနေစဉ် ကြက်သားထဲမှ အချိုရည်များ ထွက်လာပါလိမ့်မယ်
  • ထိုထွက်လာသော ကြက်ပေါင်းရည်ကို အာဟာရ ပြည့်ဝစေရန် သောက်သုံးသင့်ပါတယ်
  • ကြက်သားပေါင်းချိန် ၄၅မိနစ်ပြည့်ပါက ကြက်ပေါင်းရည် ချိုချိုလေးနှင့် ကြက်သားနူးအိအိလေးနဲ့ ကြက်သားပေါင်း မွှေးမွှေးလေး ရပါပြီ။

Saturday, 9 February 2019

ဂုန်းချဉ်စပ် မွှေးမွှေးလေး




ဒီနေ့တော့ မာမာတို့ ငယ်ငယ်က အမေခနခန ချက်ကျွေးဖူးပြီး မြန်မာပြည်မှာ စားခဲ့ဘူးတဲ့ ဂုံးအရသာနဲ့ တစ်ထပ်ထဲကျတဲ့ ဂုံးလေးတွေ ဝယ်လာကာ ချဉ်ငံစပ် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂုံး - 350 g
  2. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခန့်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. စပါးလင် - နှစ်လက်မခန့်
  7. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း (ကုလားလေးမဆလာလဲ သုံးနိုင်)
  8. ငရုတ်သီးအရောင်တင်မှုန့် Sweet Paprika - ထမင်းစားဇွန်း တစ်ဇွန်း( ရိုးရိုးငရုတ်သီး အရောင်တင်မှုန့်လဲသုံးနိုင်)
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ကရဝေးရွက် - နှစ်ရွက်

ပြင်ဆင်ပုံ
  • ပြုပ်ပြီးအခွံခွာထားသော ဂုံေးကောင်လေးများကို အစာအိတ်များ ဖယ်ပေးကာ ရေစင်အောင်ဆေးပြီး သန့်စင်ပေးပါ
  • သန့်စင်ထားသော ဂုံးများကို အရသာမှုန့် ဆား ငံပြာရည်နှင့် နနွင်းမှုန့်တို့ထည့်ကာ ရောနယ်ထားပါ
  • မန်းကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးခွဲစာနှင့် စိမ်ထားပါ
  • ဆီ မဆလာနှင့် ကရဝေးရွက်တို့ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းထားပါ
  • မဆလာ ငရုတ်သီးအရောင်တင်မှုန့် ကရဝေးရွက်တို့ကိုအဆင်သင့် ပြင်ထားပါ
  • ဂုံးများကို ဆား ငံပြာရည် နနွင်းမှုန့်တို့ထည့်ပြီး အရသာ နယ်ထားပါ
  • အောက်ခြေမကပ်သော အိုးထဲမှာ ဆီကိုထည့်ပေးပါ ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း စပါးလင် ငရုတ်သီးထောင်း မဆလာ ကရဝေးရွက်တို့ကို မွှေးလာအောင် ဆီသတ်ပေးပါ
  • မဆလာနံ့ သင်းလာပါက အရသာ နယ်ထားသော ဂုံးများကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နေချိန် ဂုံးမှ ထွက်လာသော အရည်များ ခြောက်လာပြီး ဟင်းလုံးမိသွားပါက ရေမြုပ်အောင်ထည့်ပြီး ဂုံးအသား နူးအောင်ချက်ပေးပါ
  • မိမိစိတ်ကြိုက် ရတဲ့အချိန်မှာ ရေစိမ်ထားသော မကျည်းသီးမှည့်ဖျော်ရည်ကို အဖတ်များ မပါအောင် ရေစစ်ပြီးထည့်ပေးပါ
  • မကျည်းမှည့်ရည်များ ခမ်းလာသည်ထိ ဆီပြန်လာအောင် ချက်ပေးပါ
  •  ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ဂုံးချဉ်ငံစပ် မဆလာဟင်း မွှေးမွှေးလေးကို သုံးဆောင်လို့ ရပါပြီ။

ကြက်​သား ကြက်ဥနှစ်ကြော်


ထမင်းပူပူလေးနဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ကြက်သားကြက်ဥနှစ်ကြော်လေး ကြော်ဖြစ်ပါတယ် ဒီအကြော်လေးကြော်တော့ သမီးငယ်က မေမေကြော်တဲ့ ကြက်သားအမိကြော်လေးတွေ စားလို့ကောင်းတယ်တဲ့။

သူပြောတာလေး စဉ်းစားမိတိုင်း အမြဲတမ်း သဘောကျနေတဲ့ ဒီအမေကတော့ သမီးငယ်အတွက် သူ့စကားလေးကို ယူသုံးရင်း ကြက်​သား ကြက်ဥနှစ်ကြော် (သို့မဟုတ်) ကြက်သားအမိကြော် မွှေးမွှေးလေး ကြော်နည်းကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 250 g
  • ကြက်ဥ - တစ်လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တစ်ဆစ်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆီ - လက်ဖက်ရည်ကြမ်းပန်းကန် နှစ်လုံး
  • ဆလတ်ရွက် - မိမိနှစ်သက်သလောက်
  • ခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေစစ်ကာ လက်သည်းခွံသာသာ ခပ်ထူထူ အတုံးလေးတွေ တုံးပေးပါ
  • ငရုတ်ကောင်း ကြက်သွန်ဖြူ ချင်းတို့ကို ညက်နေအောင် သတ်သတ်စီ ထောင်းပေးပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ  ဖွားးဖွားပါအောင် ခေါက်ထားပေးပါ
  • ကြက်သားကို ဆား အရသာမှုန့် ချင်း ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့နဲ့နယ်ပေးထားပါ
  • အရသာနယ်ထားသော ကြက်သားတုံးလေးများကို ခလောက်ထားသော ကြက်ဥထဲမှာ လူးပေးပါ
  • ဆီကို ဇောက်နက်သော အိုးထဲမှာထည့်ပြီး မီးအနေတော်နဲ့အပူပေးပါ 
  • ဆီပူလာပါက ကြက်သားကို တစ်တုံးခြင်း ဇွန်းနှင့်ခပ်ပြီး ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် ကြော်တဲ့အိုးက အရမ်သေးနေပါက ကြက်ဥပါတဲ့အတွက် ဆီများဝေကျတတ်တဲ့အတွက် သတိထားပါ
  • ကြက်ကြော် အတုံးလေးများ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆလတ်ရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်သားကြက်ဥနှစ်ကြော်ကို ထမင်းပူပူလေးနှင့် တွဲဖက်ပြီး ဆလတ်ရွက် ခရမ်းချဉ်သီးတို့နဲ့ တွဲဖက်စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday, 8 February 2019

ကြက်​အရည်​ခွံကြော်​ ကြွတ်ကြွတ်လေး


ဒီနေ့တော့ နေ့လည်နေ့ခင်း ရေနွေးကြမ်းနဲ့ အမြည်းလုပ်ဖို့အတွက် ကြက်အရည်ခွံလေးတွေ ကြော်ဖြစ်ပါတယ်။

ကြက်သားဝယ်တိုင်း အရည်ခွံလေးတွေ ပါလာတတ်တဲ့အတွက် ဟင်းထဲထည့်မချက်ဘဲ ဖယ်ဖယ်ထားကာ ရေခဲသေတ္တာထဲမှာထည့်ပြီး ခဲထားလိုက်တာ တခါစားလောက် ရပြီဆိုရင် ကြွတ်နေအောင် ကြော်စားတတ်လေတော့ မွှေးပြီးကြွတ်နေတဲ့ ကြက်အရည်ခွံကြော်လေး ကြော်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အရည်ခွံ  - 300 g
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ
ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင်မွှေပေးပါ
  • ကြက်အရည်ခွံများကို ရေဆေးကာ ရေစစ်ထားပါ
  • အရသာစပ်ထားသော အမှုန့်ထဲမှာ ကြက်အရည်ခွံများကို လူးပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး အငွေ့တက်လာပါက မီးကို အနေတော် လျှော့ပေးပြီးမှ အရသာမှုန့်နှင့် လူးထားသော ကြက်အရည်ခွံများကို တခုခြင်း ဖြန့်ထဲ့ကာ ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ 
  • ကြော်နေသော ကြက်အရည်ခွံများ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာကာ ကြွတ်ရွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်အရည်ခွံကြော် ကြွတ်ကြွတ် မွှေးမွှေးလေးကို မိမိနှစ်သက်သလို ရေနွေးကြမ်းနှင့် ပြင်ဆင်သုံးဆောင်နိုင်ပါပြီ။

Wednesday, 6 February 2019

ကွေ့တယို







ကွေ့တယိုလို့ ပြောလိုက်တာနဲ့ ထည့်ရတဲ့ အမယ်လေးတွေက များပါတယ် ဒါပေမဲ့ ပြင်ဆင်ရတာ လွယ်ပြီး သောက်လို့ကောင်းတဲ့အတွက် မိသားစု စုံတုန်းလေး ရှူးရှူးရှဲရှဲ သောက်ရလေအောင် မာမာပြင်ဆင်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ဝက်သားစားတဲ့သူတွေအတွက် ဝက်သားနဲ့ ဝက်ရိုးကို အသုံးပြုနိုင်ပါတယ် ဝက်သားနဲ့က ပိုပြီးအရသာ ရှိပါတယ် မာမာတို့ကတော့ ဝက်သားမစားတဲ့အတွက် ကြက်ရိုး ကြက်ရင်ပုံသားတို့နဲ့ဘဲ ပြင်ဆင်ထားပါတယ်။

နောက်တစ်ခုက ရှာလကာရည်အစား ဗီနီကာကို သုံးနိုင်ပါတယ် ထိုင်းစတိုင်လ်လို့ပြောရပေမဲ့ တကဲ့ထိုင်းစတိုင်လ် အစစ်ကတော့ ကွေ့တယိုကို ရှမ်းနံနံနဲ့ စားကြပါတယ် မာမာကတော့ ရှမ်းနံနံမရှိတဲ့အတွက် နံနံပင်ထည့်စားပါတယ်။

ဟင်းရည်အရသာကိုလဲ မိမိစိတ်ကြိုက် အရသာရအောင် ပြင်ဆင်ပြီး ချက်ပြုပ်နိုင်ပါတယ် မာမာကတော့ မှိုခြောက်လေးတွေ ထည့်ချက်တာ မွှေးတဲ့အတွက် မှိုခြောက်လေးတွေကို ရေစိမ်ပြီး ခပ်ထူထူလှီးကာ ထည့်ချက်ထားပါတယ်၊

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 250 g
  2. ကြက်ရိုး - 300 g
  3. ငါးအသားလုံး - မိမိနှစ်သက်သလောက် (ready made ဂျပန်မှ လာသော အသားလုံးများကို သုံးပါတယ်)
  4. ဆန်ပြားဖတ် အခြောက်ထုတ် - 375 g
  5. သကြား - ထမင်းစားဇွန်း တစ်ဇွန်း မောက်မောက် 
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ သာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲခန့်
  9. နံနံပင်အမြစ် - ၅ခု
  10. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  11. ချင်း - ခပ်ပါးပါး လေးပြား
  12. ကန်စွန်းရွက် - မိမိနှစ်သက်သလောက် (သို့မဟုတ်) ကိုက်လန်အရွက်
  13. မုန်လာဥ - လှီးပြီးသား (ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ)
  14. မှို အခြောက် - ၇ပွင့်ခန့်
  15. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  16. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  17. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  18. မြေပဲလှော်ထောင်း - မိမိနှစ်သက်သလောက်
  19. နှမ်းလှော် - မိမိနှစ်သက်သလောက်
  20. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  21. ကြက်သွန်ဖြူ ကြော်ပြီးသား - မိမိနှစ်သက်သလောက်
  22. ဗီနီကာ - မိမိနှစ်သက်သလောက်
  23. ရေ -  ၅လီတာ (ဟင်းရည်ချက်ရန်)
ဆန်ပြားဖတ် ပြုပ်ရန်
  1. ဆန်ပြားဖတ်ကို မပြုပ်ခင် ဇလုံတလုံးထဲမှာ ရေမြုပ်အောင်ထည့်ပြီး လေးနာရီလောက် စိမ်ထားပါ
  2. ဇောက်နက်သော အိုးထဲမှာ ရေ ၄လီတာလောက်ထည့်ပြီး ပွက်ပွက်ဆူးအောင် တည်ပေးပါ
  3. ရေပွက်ပွက်ဆူလာတာနဲ့ ရေစိမ်ထားသော ဆန်ပြားဖတ်ကို ရေစစ်ပြီး ထည့်ပေးပါ
  4. ရေစိမ်ထားတဲ့အတွက် ပြုပ်ချိန် ၀ုံးမိနစ်လောက်ဆို ရပါတယ်
  5. ဇကာထဲ ရေနွေးများ သွန်ချကာ ဆန်ပြားဖတ်များကို ရေအေးနှင့် ဆေးချပြီး ရေစစ်ထားပါ
ဟင်းရည်အတွက် ပြင်ဆင်ပုံ
  1. ကြက်သားနှင့် ကြက်ရိုးများကို ရေဆေးကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ နယ်ထားပါ
  2. မုံလာဥကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  3. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. နံနံပင်အမြစ်များကို ရေဆေးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  6. ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  7. မှိုကို ရေမြုပ်အောင်ထည့်ပြီး သနာရီလောက် ရေစိမ်ကာ ခပ်ထူထူ လှီးထားပါ
  8. ဇောက်နက်သော အိုးထဲမှာ သကြားကိုထည့်ပြီး ညိုလာတဲ့အထိ လှော်ပေးပါ
  9. သကြားများ ပျော်လာပြီး ညိုရောင်သန်းလာပါက ကြက်ရိုးများထည့်ပြီး မွှေပေးပါ
  10. တစ်မိနစ်လောက်ရတာနဲ့ ကြက်ရိုးလှော် အိုးထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် နံနံပင်အမြစ်များ ချင်းပြားများနှင့် ရေ မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  11. ကြက်ရိုးပြုပ်နေစဉ် အပေါ်ယံ တက်လာသော အမြုပ်များကို ခပ်သွန်ပေးပါ
  12. ပထမတရည် ခမ်းကာနီးတာနဲ့ နောက်ထပ်ကျန်နေသော ရေများကိုထည့်ပြီး မီးအနေတော်နှင့် ပြုပ်ထားပေးပါ
  13. ကြက်ရိုးများ ကျက်ပါက လှီးထားသောမှိုအခြောက် မုံလာဥ ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူထောင်း ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကျဲ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို ထည့်ပြီး မွှေပေးပါ
  14. အားလုံးသမသွားတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ငါးအသားလုံးများ ထည့်ပေးပြီး မီးအေးအေးနှင့် တည်ထားပါ
  15. ငါးအသားလုံးများ အရမ်းကျက်မသွားစေရန် ဆယ်မိနစ်လောက်ထည့်ပြီးပါက ဆယ်ထားပါ
  16. ဝက်သားစားသူများကလဲ ဝက်ရိုးကို အထက်ပါ နည်းအတိုင်း ပြုပ်ပေးပါ
  17. ရေအပျစ်အကျဲ အချိုအငံ အရသာကို မိမိစိတ်ကြိုက် ပြင်ပေးပါ
ကြက်သားပြုပ်ရန်
  1. အရသာ နယ်ထားသော ကြက်ရင်ပုံသားကို ဇောက်နက်သော အိုးထဲမှာ အတုံးလိုက် ထည့်ပေးပါ
  2. ပြီးတာနဲ့ ကြက်သားတုံး ရေမြုပ်ရုံလေး ထည့်ကာ ပြုပ်ပေးပါ
  3. ကြက်သားပြုပ်နေစဉ် အသားကျက်စေရန် ဟိုဘက်ဒီဘက်ကို မကြာမကြာ လှန်လှန်ပေးပါ
  4. ရေခမ်းကာနီးတာနဲ့ဆယ်ပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
ကွေ့တယို ပွဲပြင်ရန်
  1. ဆန်ပြားဖတ်ကို ပြင်ထားပါ
  2. ကြက်သားကို ပါးပါးလှီးပြီး ပြင်ထားပါ
  3. ငါးလုံးများကို ပြင်ထားပါ
  4. ကြက်သွန်ဖြူကြော် နှမ်းလှော် ငရုတ်သီးအလှော်မှုန့် မြေပဲလှော်ထောင်း ဗီနီကာတို့ကို ပြင်ထားပါ
  5. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  6. ကိုက်လန်အရွက်များကို ရေဆေးပြီး အနေတော်လှီးကာ ရေနွေးနွေး ပွက်ပွက်ဆူနေတဲ့ အိုးထဲမှာ ၅မိနစ်လောက် ပြုပ်ပေးကာ ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
  7. ကန်စွန်းရွက် သုံးပါက ရေနွေးဆူဆူထဲမှာ မိနစ်ဝက်ခန့်ထည့်ပြီး ဆယ်ပေးကာ ရေအေးနှင့် ဆေးထားပါ
  8. ပဲပင်ပေါက်ကို ရေဆေးထားပါ ( မာမာ မထည့်ထားပါ)
  9. အားလုံးအဆင်သင့် ဖြစ်ပါက ပန်းကန်တစ်လုံးထဲမှာ ဆန်ပြားဖတ် ငါးအသားလုံး ကြက်သွန်ဖြူကြော် ငရုတ်သီးမှုန့် နှမ်းလှော် မြေပဲလှော် ကန်စွန်းရွက် (သို့) ကိုက်လန် ပဲပင်ပေါက် ကြက်သား နံနံပင် (သို့) ရှမ်းနံနံ ဗီနီကာနှင့် ဟင်းရည်တို့ကို သင့်သလိုထည့်ပြီး ချဉ်ငံစပ် အရသာကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

Tuesday, 5 February 2019

ကြက်​သား သံပုရာပေါင်း



ဒီနေ့တော့ သမီးလေး ကျောင်းပြန်မသွားခင်က ချက်ကျွေးဖြစ်ခဲ့တဲ့ ဟင်းတွေထဲက အရသာ အလွန်ရှိလှတဲ့ ကြက်သား သံပုရာသီးပေါင်း ပေါင်းဖြစ်ပါတယ်။

အရသာကလဲ အလွန်ရှိပြီး စားလို့ကလဲ အလွန်ကောင်းလွန်းတော့ မိတ်ဆွေတို့အတွက် လွယ်လင့်တကူ ဟင်းတစ်မယ် ရစေဖို့ ကြက်သားသံပုရာပေါင်း ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 200 g
  2. သံပုရာသီး - တစ်လုံး (သို့ ) သံပုယိုသီး
  3. ငါးငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း 
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အသားအရသာနယ်ရန်နှင့် ဟင်းရည်အရသာစပ်ရန် )
  5. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. နံနံပင် - မိမိနှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - မိမိစားနိုင်သလောက် 
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး၂ မွှာ
  10. ရေ - ၅ခွက်ခွဲ သာသာ (မုန့်လုပ်ရာတွင် ချင်သောခွက်)

ပြင်ဆင်နည်း
  1. ကက်သားကို အတုံးလိုက် ရေဆေးပြီး နနွင်းမှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ဆားတို့နှင့် အရသာဝင်အောင် နယ်ပေးပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ  
  3. နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  4. ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် ထောင်းထားပါ
  5. သံပုရာသီးကို ရေဆေးပြီး အကွင်းလိုက် ခပ်ထူထူ လှီးထားပါ
  6. ကက်သားကို အတုံးလိုက် ရေဆေးပြီး နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့နှင့် အရသာဝင်အောင် နယ်ပေးပါ
  7. ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကြက်သားတုံးနှင့် ရေအနည်းငယ် ထည့်ပေးကာ ပြုပ်ပေးပါ
  8. အိုးမကပ်စေရန် ဖွင့်ကြည့်ပေးပြီး ရေမခမ်းခင် ကြက်သား အရောင်ပြောင်ပြီး မာလာပါက ရေနှစ်ခွက် ထပ်ထည့်ပြီး ပြုတ်ပေးပါ
  9. ဒုတိယအကြိမ် ထည့်ထားသော ရေမခမ်းခင် မီးပိတ်ကာ မီးဖိုပေါ်မှ ချပေးထားပါ
  10. ပြီးတာနဲ့ ကြက်သားပြုပ်ကို အိုးထဲမှ ဆယ်ပေးကာ လက်တစ်လုံးလောက် အနေလေးတွေ လှီးပေးပါ
  11. လှီးထားသော ကြက်သားတုံးများကို အနေတော် ပန်းကန်ပြားထဲသို့ ပြောင်းပြီး ထည့်ထားပေးပါ
  12. ကြက်သားပြုပ်ထားသော အိုးထဲမှာ ရေတစ်ခွက်ခွဲ ထပ်ထည့်ပြီး အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ငံပြာရည် နှင့် လှီးထားသော သံပုရာသီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကိုထည့်ပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  13. ရေပွက်ပွက် ဆူလာတာနဲ့ အရသာ မြည်းပေးကာ လိုအပ်သလို ပြင်ပေးပါ 
  14. အရသာ အနေတော် ရပြီဆိုတာနဲ့ လှီးပြီးပန်းကန်ပြားထဲ ထည့်ထားသော ကြက်သားအပေါ်ကို လောင်းချပေးပါ
  15. ပြီးတာနဲ့ ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်ဖြည့်ကာ ပေါင်းခံဇကာထဲကို ကြက်သားပန်းကန်ထည့်ပြီး ဆယ်မိနစ်လောက် ပေါင်းပေးပါ
  16. အရသာ ချဉ်ငံစပ်ပြီး ငရုတ်သီးစိမ်းနှင့် သံပုရာသီးနံ့လေးမွှေးကာ စားလို့ အရမ်း ကောင်းလွန်းတဲ့ ကြက်ရင်ပုံသား သံပုရာပေါင်းကို သုံးဆောင်ရန် စားပွဲပြင်ပေးနိုင်ပါပြီ
  17. အစပ်စားသူတို့အတွက် ချဉ်ငံစပ် အရသာလေး ရစေရန် ငရုတ်သီးစိမ်းကို မဖြစ်မနေ ထည့်ပေးပါ။

Sunday, 3 February 2019

အသီးအရွက် ကော်​ပြန့်​လိပ်







သမီးငယ်လေး ကျောင်း၂လပိတ်တော့ အိမ်ပြန်ရောက်တာနဲ့ ဘာစားချင်လဲ မေးလိုက်တိုင်း အသားမပါရင်ပြီးရော မေမေတဲ့ ဒီတော့လဲ ထွေထွေထူးထူး တွေးမနေတော့ဘဲ သူလဲကြိုက် မိသားစုလဲ ကြိုက်တဲ့ အသီးအရွက် ကော်ပြန့်လိပ်လေးတွေ လိပ်ဖြစ်သွားပါတယ်။

ပြင်ဆင်ရတာ လွယ်သလောက် စားလို့လဲ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လွယ်ကူမြန်ဆန်စွာ လိပ်ပေးဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုန့်ဟင်းခါးဖတ် - မိမိနှစ်သက်သလောက်
  2. မုံလာဥနီ - ခပ်ကြီးကြီး နှစ်ဥ
  3. ဂေါ်ဖီအကြွတ်ထုတ် - တစ်ခြမ်း
  4. ဆလတ်ရွက် - အပင်ကြီးကြီး တစ်ပင်
  5. Rice paper - ၁၂ရွက်
  6. ငရုတ်သီးဆော့စ် - လိုသလောက်သုံးပါ
  7. ခရမ်းချဉ်သီးဆော့စ် - လိုသလောက်သုံးပါ
  8. သကြား - လိုသလောက် သုံးပေးပါ
  9. ရေနွေး - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • မုန့်ဟင်းခါးဖတ်ကို ပြင်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပံပါအတိုင်း ခြစ်ပေးထားပါ
  • ဂေါ်ဖီအကြွတ်ကို အဖတ်လိုက် ရေဆေးပြီး ပံပာအတိုင်း လှီးထားပါ
  • ဆလတ်ရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ဆန်ပြားရွက် ငရုတ်သီးဆော့စ်နှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြား တစ်ချပ်ထဲထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
  • ရေစိမ်ပြီးတာနဲ့ ပန်းကန်ပြားသန့်သန့် တစ်ချပ်ပေါ်ဖြန်တင်ပြီး ခင်းပေးပါ
  • ဆန်ပြားရွက်ပေါ်မှာ ဆလတ်ရွက်တစ်ရွက် ဂေါ်ဖီဖတ် မုန်လာဥနီနှင့် မုန့်ဟင်းခါးဖတ်တို့ကို အဆင်ပြေသလို ထည့်ပေးပါ
  • အစာများ ပုံပြီးထည့်ထားတာ အဆင်သင့် ဖြစ်တာနဲ့ ဆန်ပြားဖတ်ကို အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ပြီးတာနဲ့ ဘေးနှစ်ဖက်ကို အစာအပေါ် အုပ်မိအောင် တစ်စဆီ ခေါက်တင်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံ ရလာတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါ လှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
  • Tomato sauce - ထမင်းစားဇွန်း ၂ဇွန်း
  • Chili sauce - ထမင်းစားဇွန်း ၂ဇွန်း 
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ရေနွေး - ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ

Saturday, 2 February 2019

မုန့်လုံးရေပေါ် မွှေးမွှေးလေး



















ဒီနေ့တော့ သမီးငယ်လေး ကျောင်းကိုမပြန်ခင် မြန်မာမုန့်လေးတွေ တစ်နေ့တစ်မျိုး လုပ်ကျွေးဖြစ်တဲ့အထဲက မုန့်လုံးရေပေါ်လေး လုံးစားဖြစ်ပါတယ် မြန်မာ့လျာ မြန်မာ့ခံတွင်းဆိုတော့ ဘယ်အချိန်ဘဲဖြစ်ဖြစ် မြန်မာမုန့်လေးတွေကို တမ်းတမိတာတော့ အမှန်ပါ။

ဒီတစ်ခါတော့ မုန့်လုံးရေပေါ်ကို ရိုးရိုးလေး မလုံးဘဲ ရေအစား ဆွမ်းမွှေးရွက် အရည်လေးနဲ့ ထည့်လုပ်ထားတဲ့အတွက် အရသာ တစ်မျိုးဆန်းသစ်ကာ စားလို့ကောင်းလွန်းတဲ့အတွက် မာမာလုံးတဲ့ မုန့်လုံးရေပေါ်လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  • ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ခွက်
  • ဆွမ်းမွှေးရွက် - ငါးရွက်
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး (ဆွမ်းမွှေးရွက် ကြိတ်ရန်)
  • အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
  • ထန်းလျှက်ခဲ - လက်သန်းတစ်ဆစ်စာလောက် အခဲ၂၀ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
  • ဆွမ်းမွှေးရွက်ကြိတ်ပြီး အရည်စစ်ရန် - ပိတ်စပါး သန့်သန့် တစ်စ
  • ဇကာ ခပ်စိတ်စိတ် - တစ်ခု
ဆွမ်းမွှေးရွက်ကြိတ်ရန်
  1. ဆွမ်မွှေးရွက်ကို ရေဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ပေးပါ
  2. ပြီးတာနဲ့ အသီးအရွက်ကြိတ်သော ဗလင်ဒါထဲမှာ ဆွမ်းမွှေးရွက်နှင့် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးကို ထည့်ပေးပါ
  3. ဗလင်ဒါကို တစ်မိနစ်ကြိတ် တစ်ခါနားလုပ်ပြီး အရွက်များ ညက်လာတဲ့အထိ အနည်းဆုံး ဆယ်ခါလောက် ကြိတ်ပေးပါ
  4. အရွက်များ ညက်သွားတာနဲ့ ဇလုံတလုံးပေါ် ဇကာတင်ပေးပါ
  5. ဇကာပေါ်မှာ ပိန်စပါးကို တင်ပေးပြီး ဆွမ်းမွှေးရွက် ကြိတ်ရည်များကို သွန်ချပေးပါ
  6. ပြီးတာနဲ့ ပိတ်စကို စုစည်းပြီး အရည်များကို ညှစ်ပေးပါ
  7. အရည်ကိုယူထားပြီး ညှစ်ဖတ်များကို သွန်ပလိုက်ပါ
  8. ညှစ်ယူပြီး ရလာသော ဆွမ်းမွှေးရွက် အရည်ထဲမှ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကိုသာ သုံးပါမယ်

ပြင်ဆင်ပုံ
  • ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကို ဇလုံကျယ်ကျယ်ထဲမှာ ထည့်ပြီး သမအောင် မွှေပေးပါ
  • သမသွားသော အမှုန့်ထဲကို ဆွမ်းမွှေးရည် ရေနည်းနည်းချင်း ထည့်ပေးပြီး မုန့်သားပျော့အိလာတဲ့အထိ နှဲပေးပါ
  • ဆွမ်းမွှေးရည်ကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပေးပါ
  • တစ်ခါတရံ မိမိသုံးသော ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေကို လိုတိုးပိုးလျှော့ လုပ်ရတဲ့အတွက် ဖြစ်ပါတယ်
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ဆွမ်းမွှေးရည် ပိုနေရင် ချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက မုန့်သားကို အ၀တ်ရေစိုလေး ရေညှစ်ကာ အုပ်ထားပြီး နာရီဝက် တနာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
  • ထန်းလျှက်ခဲကို လက်သန်းတစ်ဆစ်စာ လောက်လေးတွေ တုံးပေးထားပါ
  • အုန်းသီးမှုန့်ကို ဆားထည့်ပြီး ငံမြမြလေးရအောင် ဖွဖွလေးနယ်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက် ရအောင်ယူပြီး လက်ဝါးထဲထည့်ကာ ၇ခါလောက် ဆုတ်ဆုတ်ပြီး ညှစ်ပေးပါ
  • ပြီးတာနဲ့ အလုံးလေး ဖြစ်အောင် လက်ဝါးနှစ်ဖက်ကြားမှာ အနည်းငယ် ဝှိုက်ပြီး လုံးလိုက်ပါ
  • အလုံးလေး ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့် ဖိလိုက်ပါ
  • ချိုင့်သွားသော နေရာထဲသို့ထန်းလျှက်ခဲ အစိတ်လေး တခုထည့်လိုက်ပါ
  • ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဝှိုက်ပြီး လုံးပေးပါ
  • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
  • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့်ပြုပ်ချိန်မှာ ထန်းလျှက်များ အပြင်သို့ ပေါက်ထွက်ပါတယ်
  • အားလုံးလုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်များကို တလုံးချင်း တစ်ခုနဲပတစ်ခု မကပ်အောင် ထည့်ပေးပါ
  • မုန့်သားကျက်ပြီး ရေပေါ် ပေါ်လာပါက မုန့်အတွင်းသားများကျက်စေရန် နှစ်မိနစ်လောက်ထားပြီးမှ ဆယ်ပေးပါ
  • ပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ကာ အုန်းသီးမှုန့်ထည့်ထားသော ပန်းကန်ထဲသို့ တန်းပြီး ထည့်ပေးပါ
  • ပူနေတုန်းမှာဘဲ အုန်းသီးမှုန့်များ ကပ်သွားအောင် လူးပေးပါ
  • အားလုံးပြီးပါက ဆွမ်းမွှေးရွက်နံ့ မွှေးပျံ့နေတဲ့ ရာသီစာ မုန့်လုံးရေပေါ်လေးကို စားသုံးနိုင်ပါပြီ။