ရာသီဥတုလေးများ အေးလာပြီဆိုရင် စိတ်ထဲမှာ စားချင်လာတာက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ စိတ်ထဲမှာ ပေါ်လာတဲ့အတိုင်း ချဉ်ငံစပ်လေး စားရလေအောင် သိုးသားသုပ်ဖို့ ပြင်ထားပါတယ်။
လွယ်လင့်တကူ သုပ်စားနိုင်ဖို့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သိုးသား - 250 g
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ချင်း - လက်တစ်ဆစ်ခန့်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
- ကြက်သွန်မိတ် - နှစ်သက်သလောက်
- သံပုရာသီး - တစ်စိတ်
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
- ထန်းလျှက်ခဲ - အနေတော် တစ်လုံး
- ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အကျက်မှုန့် - စားနိုင်သလောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- သိုးသားကို ရေစင်အောင်ဆေးပြီး ဆားနှင့် အရသာမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ရေခမ်းပါက အအေးခံထားပြီ ချင်းဖတ်များဖယ်ပေးကား အနေတော် ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တညက် ထောင်းထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
- ကြက်သွန်မိတ်ကိုရေဆေးပြီး မထူမပါး လှီးထားပါ
- ထန်းလျှက်ခဲကို ညက်နေအောင် ထောင်းထားပါ
- လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဇလုံတလုံးထဲမှာ လှီးထားသောသိုးများ ကြက်သွန်ဖြူ ကြက်သွန်မိတ် ငရုတ်သီးစိမ်း ထောင်းထားသော ထန်းလျှက်ခဲ ငရုတ်ဆီအချဉ် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး သိုးသား ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်ပေးကာ မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment