ဒီနေ့တော့ နေ့လည်နေ့ခင်း ရေနွေးကြမ်းနဲ့ အမြည်းလုပ်ဖို့အတွက် ကြက်အရည်ခွံလေးတွေ ကြော်ဖြစ်ပါတယ်။
ကြက်သားဝယ်တိုင်း အရည်ခွံလေးတွေ ပါလာတတ်တဲ့အတွက် ဟင်းထဲထည့်မချက်ဘဲ ဖယ်ဖယ်ထားကာ ရေခဲသေတ္တာထဲမှာထည့်ပြီး ခဲထားလိုက်တာ တခါစားလောက် ရပြီဆိုရင် ကြွတ်နေအောင် ကြော်စားတတ်လေတော့ မွှေးပြီးကြွတ်နေတဲ့ ကြက်အရည်ခွံကြော်လေး ကြော်စားနိုင်အောင် မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်အရည်ခွံ - 300 g
- တန်ပူရာမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ
ကြော်ဖို့ပြင်ပါမယ်
- တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင်မွှေပေးပါ
- ကြက်အရည်ခွံများကို ရေဆေးကာ ရေစစ်ထားပါ
- အရသာစပ်ထားသော အမှုန့်ထဲမှာ ကြက်အရည်ခွံများကို လူးပေးပါ
- ဆီကို မီးအပူပေးပြီး ဆီပူပြီး အငွေ့တက်လာပါက မီးကို အနေတော် လျှော့ပေးပြီးမှ အရသာမှုန့်နှင့် လူးထားသော ကြက်အရည်ခွံများကို တခုခြင်း ဖြန့်ထဲ့ကာ ကြော်ပေးပါ
- မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ
- ကြော်နေသော ကြက်အရည်ခွံများ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
- နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာကာ ကြွတ်ရွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက ကြက်အရည်ခွံကြော် ကြွတ်ကြွတ် မွှေးမွှေးလေးကို မိမိနှစ်သက်သလို ရေနွေးကြမ်းနှင့် ပြင်ဆင်သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment