Tuesday, 18 February 2020

ပြည်ကြီးငါးထောင်း စပ်စပ်လေး


ဗီယက်နမ်ဈေးကို သွားရင်းက ပြည်ကြီးငါး သေးသေးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပါတယ် ပြည်ကြီးငါးလို့ ဆိုရပေမဲ့ အကောင်အကြီးကြီးတွေ မဟုတ်ဘဲ သေးသေးတွေမို့လို့ ဒီနေ့တော့ ချဉ်ချဉ်ငံငံ စပ်စပ်လေးဘဲ ထောင်းပါတယ်။

တစ်ခါတလေ ထမင်းမစားဘဲ သူ့ကြီးဘဲ ရေနွေးကြမ်းလေးနဲ့ စားရတာကို အရသာတွေ့သလိုလဲ ခံစားရတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြည်ကြီးငါး - 300 g
  2. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  5. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  6. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကြက်သွန်ဖြူ -  အမွှာကြီးကြီး ၃မွှာ
  9. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  10. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  11. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပြည်ကြီးငါးပြုပ်ရန်)
  12. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြည်ကြီးငါး သန့်စင်ပုံ
  1. ပြည်ကြီးငါး ကိုယ်လုံးထဲမှ သည်းခြေအိတ် ပလပ်စတစ်ပြားနှင့် အစာအိတ်တို့ကို ဖယ်ပေးပါ
  2. သည်းခြေအိတ်ကို ထုတ်ရာမှာ ပေါက်မထွက်သွားအောင် သတိထားပြီး ထုတ်ပေးပါ
  3. ပြည်ကြီးငါးရဲ့ ခေါင်းပိုင်းဖက်မှ မျက်စေ့နှင့် သွားနေရာတို့ကို ဖယ်ပေးပါ
  4. မလိုတာတွေ ဖယ်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ
  5. အနေတော် အိုးထဲမှာ ဆားနှင့်ရေကိုထဲ့ပြီး ဆူအောင်တည်ပေးပါ
  6. ရေဆူတာနဲ့ ပြည်ကြီးငါးကို သုံးမိနစ်လောက် ထဲ့ပြုပ်ပေးပါ
  7. ပြုပ်ပြီးတာနဲ့ ရေနှင့်ဆေးပြီး ရေစစ်ထားပါ

ပြင်ဆင်ပုံ
  • ပြည်ကြီးငါး သန့်စင်ပြီးသားကို ပြင်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင် လှီးထားပါ
  • ဂေါ်ဖီကို မထူမပါးလှီးပေးပြီး ရေများများနဲ့ ဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  2. ပြီးတာနဲ့ မုံလာဥနီနှင့် ဂေါ်ဖီတို့ကို ထည့်ထောင်းပေးပါ
  3. အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  4. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  5. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  6. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  7. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာဝင်ပါတယ်
  8. သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  9. အရေသာ သမလောက်ပြီဆိုတာနဲ့ ပြည်ကြီးငါးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  10. ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
  11. ပြီးတာနဲ့ ပြည်ကြီးငါးထောင်း ချိုချဉ်ငံစပ်လေးကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

က ကတစ် ရေချိုသောက်ဆမ်း


က ကတစ်ငါး တစ်ကောင် ဝယ်လာပြီး အလယ်ပိုင်းလေးတွေကို  ပေါင်းပါမယ် ငါးပါးဟက်ရဲ့ အောက်သား နှစ်တုံးကိုတော့ အရည်သောက်ဆမ်းလေး ချက်ထားပါတယ်။

ထမင်းနဲ့ စားတဲ့အခါ အရည်လေးဘဲ ဆမ်းစားစား အရည်သောက်လေးဘဲ လုပ်လုပ် စားမြိန်ဟင်းလေး တစ်မယ် ရလာမှာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. က ကတစ်ငါး - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - ခပ်ပါးပါး နှစ်ပြား
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နံနံပင် - အပင်ကြီးကြီး နှစ်ပင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးအရသာနယ်ရန်)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးဆီသတ်ရန်)
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  1. က ကတစ်ငါးကို အကြေးခွံထိုးကာ ဗိုက်ထဲမှ မလိုတာတွေဖယ်ပြီး ဆူးတောင်များ ခုတ်ပေးပါ
  2. အကောင်လိုက် ရေဆေးပြီး လက်၃လုံးလောက်လေးတွေ တုံးထားပါ
  3. တုံးထားသောငါးကို ရေတစ်ထပ်ဆေးပေးပါ
  4. ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် အရသာဝင်အောင် နယ်ပေးပြီး ၁၅မိနစ်လောက် နှပ်ထားပါ
  5. ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းထားပါ
  6. နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  7. အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ကာ အပူပေးပါ
  8. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ပေးပြီး ဆီသတ်ပေးပါ 
  9. ဆီသတ်နံ့လေး သင်းလာတာနဲ့ အရသာ နယ်ထားတဲ့ငါးကို ထည့်မွှေပေးပါ
  10. ငါးအသားများမာပြီး အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  11. ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် အရသာမြည်းပေးပါ
  12. ပြီးတာနဲ့ ငံပြာရည်ကို ထဲ့ပေးပြီး အရသာကို မိမိစိတ်ကြိုက် ပြင်ပေးပါ
  13. အရသာ ပြင်ပြီးတာနဲ့ ခနလောက် ပေးဆူထားပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  14. ပြီးတာနဲ့ က ကတစ်ငါး ငါးရေချို အရည်သောက်ဆမ်း ဟင်းရည်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday, 17 February 2020

ကြက်သားစင်းကော အစိမ်းကြော်


ဟင်းချက်ရမှာ အချိန်မရတဲ့နေ့တို့ လူကနေမကောင်းချင်လို့ မီးဖိုထဲ ဝင်ရမှာ ပျင်းတဲ့နေ့တို့ဆိုရင် ဟင်းတစ်မယ်ထဲနဲ့ အဆင်ပြေစေမဲ့ အသီးအရွက်တွေရယ် အသားတစ်မျိုးမျိုးနဲ့ ရောပြီး အစိမ်းကြော် ကြော်လေ့ရှိပါတယ်။

အစိမ်းကြော်မှာပါတဲ့ အရသာ စပ်ထားတဲ့ ဆော့စ်ရည်က အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် စားမြိန်ဟင်းလေး တစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဂေါ်ဖီ - အနေတော် တစ်စိတ်
  6. ပန်းဂေါ်ဖီ - အနေတော် ၃ခက်
  7. ပဲတောင့်ရှည် - ၁၅တောင့်
  8. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်း ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်  အခက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • ဂေါ်ဖီကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့  ကြက်သားကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
  • ကြက်သားကျက်သွားပါက ကျန်နေသော အသီးအရွက်များနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံထဲ့ပေးပြီး အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကြက်သားစင်းကော အစိမ်းကြော်လေး ရပါပြီ။

Sunday, 16 February 2020

ငါးခူဆားနယ် ဆီပြန်ဟင်း











ဒီနေ ႔တော့ ထမင်းစားလို့ မြိန်စေမဲ့ ငါးခူငါးဆားနယ် ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် ငါးခူဆားနယ်ကို ချက်တော့မယ်ဆိုရင် မန်ကျည်းမှည့်ရည် ပျစ်ပျစ်လေးနဲ့ ချက်တာက အငံကို ထိမ်းပေးတဲ့အတွက် စားလို့ကို အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန်လေး စားနိုင်အောင်လို့ ငါးခူငါးဆားနယ် လုပ်နည်းနဲ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ငံစပ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးခူ - 500 g 
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (ငါးကိုနယ်ရန်)
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. မကျည်းသီးမှည့်  -  ကွမ်းသီးဆံလုံးလောက် တစ်လုံး
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ငါးဆားနယ်လုပ်ရန်

  1. ငါးခူ  ကီလိုဝက်ကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်နယ်ပြီး စင်အောင်ဆေးပေးပါ။
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတခု ခံပေးထားပါ။
  7. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. ၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
  9. နှစ်ရက်သုံးရက်အတွင်း ကြော်စား ချက်စားပါက အရမ်းမငံသေးတဲ့ ငါးဆားနယ်ဟင်းကို ရမှာဖြစ်ပါတယ်။
  10. တပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင် ဖြစ်သွားမှာမို့ ချက်စားခါနီးမှာ ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီးမှ ချက်စားပါ။
ပြင်ဆင်ပုံ
  • အရင်ဆုံး ငါးခူဆားနယ်ကို အကောင်လိုက် ပွတ်တိုက်ပြီး ရေဆေးပါ
  • အငံကြောက်ပါက ရေနှင့် လေးထပ်လောက် သေသေချာချာ ရဆေးပေးပါ
  • အားလုံးပြီးပါက ငါးကို ခပ်ပါးပါး ခပ်ရွှေရွှေလှီးပြီး ရေစင်အောင် တစ်ထပ်လောက် ထပ်ဆေးပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနေတော်နှင့် စိမ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီးကို အခွံခွာပြီး ရေဆေးထားပါ
  • ပြီးတာနဲ့ ကြကသွန်ဖြူ ကြက်သွန်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရေောထာင်းထားပါ
  • အဆင်သင့်ဖြစ်ပြီဆိုပါက ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး မီးအပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်အအနံ့ မွှေးလာပါက ငါးဆားနယ်ကိုထည့်ပြီး မွှေပေးပါ 
  • ငါးအသားများ အရောင်ပြောင်းလာတဲ့အထိ ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် အိုးမကပ်စေရန် အိုးကို ကိုင်ပြီးလှုပ်ပေးပါ
  • ငါးအသား မာလာပါက အရသာမှုန့်နှင့် ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ရေအနည်းငယ် ခမ်းလာပါက မကျည်းမှည့် အနှစ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်ကာနီး အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
  • ဆီပြန်လာပါက ထမင်းစားမြိန်စေတဲ့ ငါးခူငါးဆားနယ် ချဉ်ငံစပ် ဆီပြန်ဟင်းလေး ရပါပြီ။

Friday, 14 February 2020

မျောက်ငိုသီး ကြက်ခြေထောက်ထောင်း






ဒီနေ့တော့ မျောက်ငိုသီးနဲ့ ကြက်ခြေထောက်လေးတွေ ဝယ်လာပြီး ကြက်ခြေထောက်ကို ပေါင်းစားရင် ကောင်းမလား သုပ်စားရင် ကောင်းမလား စဉ်းစားရတာက အလုပ်တစ်ခုလို ဖြစ်ခဲ့ပြန်ပါတယ်။

နောက်ဆုံးတော့ ကြက်ခြေထောက်လေးတွေကို အရိုးထုတ်ပြီးတော့ စိတ်ထဲမှာ ထောင်းစားချင်စိတ် ပေါ်လာတာနဲ့ မာမာကိုယ်တိုင် အရိုးထုတ်ပြီး ထောင်းထားတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ခြေထောက် - 400 g (အရိုးထုတ်ပြီးသား)
  2. မျောက်ငိုသီး - စားနိုင်သလောက်
  3. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  6. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  8. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ Octopus  ပြုပ်ရန်)
  10. ဆား ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  11. ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  12. နံနံပင် - မိမိစားနိုင်သလောက်
  13. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
  • ပြုပ်ပြီးအရိုး ထုတ်ထားသော ကြက်ရိုးများကို ရေနွေးနှင့် နှစ်မိနစ်ခန့် ထပ်ပြုပ်ပေးပြီး ရေစစ်ထားပါ 
  • မျောက်ငိုသီးကို ရေဆေးကာ ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  2. အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  3. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  4. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  5. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  6. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀င်ပါတယ်
  7. အရသာ သမလောက်ပြီ ဆိုတာနဲ့ ကြက်ခြေထောက်ရိုးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးကာ မျောက်ငိုသီးနှင့် နံနံပင်ထည့်ပြီး မွှေပေးပါ
  8. ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  9. ပြီးတာနဲ့ မျောက်ငိုသီး ကြက်ခြေထောက်ထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးဖို့အတွက် ပြင်ပေးနိုင်ပါပြီ။

Saturday, 8 February 2020

ပြည်ကြီးငါး ချဉ်ငံစပ်ထောင်း















ပြည်ကြီးငါး အကောင်ခပ်ကြီးကြီးလေးတွေ ဝယ်လာပြီး အစာသွပ်စားမယ်လို့ စိတ်ကူးလိုက်တိုင်း ဟိုဟာလို ဒီဟာလိုနဲ့မို့လို့ အစာမသွပ်ဖြစ်တာက များပါတယ်။

အဲဒီလိုနဲ့ဘဲ စားလို့လဲကောင်းပြီး ခံတွင်းတွေ့စေမဲ့ လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ ချဉ်ငံစပ်လေးဘဲ ထောင်းဖြစ်ပါတော့တယ်။

ပါဝင်ပစ္စည်းများ

  1. ပြည်ကြီးငါး - 0.324 kg
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  3. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  7. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပြည်ကြီးငါးပြုပ်ရန်
  10. နံနံပင် - မိမိစားနိုင်သလောက်
  11. ပဲတောင့်ရှည် - မိမိနှစ်သက်သလောက်
  12. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
  13. မုန့်ဟင်းခါး မုန့်ဖတ် - စားနိုင်သလောက်


ပြင်ဆင်ပုံ
  • ပဲတောင့်ရှည်ကို ရေစင်အောင် ဆေးထားပါ
  • နံနံပင်ကို ရေစင်အောင် ဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ပြည်ကြီးငါးကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ပြည်ကြီးငါး ရေအနည်းငယ်နှင့် ဆားအနည်းငယ်ထဲ့ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ ရေတစ်ထပ်ဆေးပေးပြီး မိမိနှစ်သက်သလို ပုံစံလေးတွေ လှီးပေးထားပါ 
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  2. ပြီးတာနဲ့ နံနံပင်နှင့် ပဲသီးတို့ကို ထည့်ထောင်းပေးပါ
  3. အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  4. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  5. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  6. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  7. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာဝင်ပါတယ်
  8. ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  9. အရေသာ သမလောက်ပြီဆိုတာနဲ့ ပြည်ကြီးငါးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  10. ထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
  11. မုန့်ဖတ်နှင့် ပဲသီးတို့ကို ပြင်ထားပါ
  12. ပြီးတာနဲ့ ပြည်ကြီးငါး ပဲသီးထောင်း ချိုချဉ်ငံစပ်လေးကို မုန့်ဖတ် ပဲသီးတို့နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

Friday, 7 February 2020

ကြက်ပေါင်း အိအိလေး










ဒီနေ့တော့ ရာသီဥတု အေးနေချိန်လေးမှာ စားရသောက်ရတာ အဆင်ပြေလေအောင် ကြက်သားကို ချင်းမြှင်လေးတွေနဲ့ ပေါင်းဖြစ်သွားပါတယ်။

ဟင်းရည်မှာ ချင်းနံ့လေး မွှေးနေပြီး သောက်လို့အရမ်းကောင်းလွန်းတဲ့  မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ကြက်ပေါင်းမွှေးမွှေးလေးအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 400 g
  2. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်သား အသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးပြီး အမြှောင်း အရှည်လေးတွေရအောင် လှီးထားပေးထားပါ
  • အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိုင်မည့် ပန်းကန်လုံးထဲမှာ အရသာနယ်ထားသော ကြက်သားနှင့် ချင်းတို့ကို ထည့်ပေးပါ 
  • ပေါင်းအိုးထဲမှာ  ရေထည့်ပြီး အောက်ခံခုံအခင်းကို ထည့်ပေးပါ
  • ထိုအောက်ခံခုံပေါ်မှာ ကြက်သားပန်းကန်ကို တင်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ကြက်သားပန်းကန်ထဲ မ၀င်စေရန် ကြက်သားပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ကြက်သားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ကြက်သားပေါင်းချိန် မိနစ်နှစ်ဆယ်ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားပေါင်းနေစဉ် အောက်ဖက်မှ ထဲ့ထားသော ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ နည်းနေပါက ထပ်ဖြည့်ပေးပါ
  • ပြီးတာနဲ့ အရိုထဲမှ သွေးစများ ကျက်သွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
  • ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားစပေါင်းကာစက ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ကြက်သားပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထို ကြက်သားပေါင်း ပန်းကန်ထဲမှ ကြက်ပေါင်းရည်များကို ဟင်းချိုရည် ပြင်ဆင်ရာမှ ငရုတ်ကောင်းမှုန့်ခပ်ပြီး ပြင်ဆင်ပေးနိုင်ပါပြီ။

Wednesday, 5 February 2020

ဆိတ်အူ အရည်သောက်ဆမ်း



ဆိတ်အူလေးတွေ ဝယ်လာပြီး မြန်မာနည်းလေးနဲ့ ပြုပ်သောက်တာ ရိုးသွားလေတော့ ဒီတစ်ခါ ဗီယက်နမ် pho အနှစ်နဲ့ ထဲ့ပြုပ်ထားကာ ခပ်စပ်စပ်လေး ပြုပ်သောက်ဖြစ်ပါတယ်။

ချဉ်ငံစပ်လေးနဲ့ မွှေးမွှေးလေးမို့လို့ ခပ်ပူပူလေး သောက်ရတာ အရမ်းဘဲ အရသာ ရှိတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆိတ်အူပြုပ် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အူ - 300 g
  2. ချင်း - တစ်လက်မခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာခန့်
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  6. စပါးလင်အရွက် - ဆယ်ရွက်ခန့်
  7. Pho အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နံနံပင် - စားနိုင်သလောက်
  9. ပူစီနံ - မိမိနှစ်သက်သလောက်
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. မုန့်ဟင်းခါးဖတ် - မိမိနှစ်သက်သလောက်
  14. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  15. သံပုရာသီး - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ

  • မုန့်ဟင်းခါးဖတ် ကြက်သွန်ဖြူဆီချက် တို့ကို ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို အလုံးလိုက် ရဆေးကာ အစိတ်လေးတွေ လှီးထားပါ
  • ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • စပါးလင်အရွက်များကို ရေဆေးပြီး အထုံးလေး ထုံးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း နှင့်စပါးလင်တို့ကို ညက်နေအောင် ထောင်းပေးပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်အူများကို ထည့်ပေးပြီ ဆီ စပါးလင်ရွက်အထုံး phoအနှစ် ငရုတ်ကောင်းမှုန့် ငရုတ်သီးထောင်း ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ
  • အရသာ ဝင်သွားလောက်တာနဲ့ ရေအနည်းငယ်ထည့်ပြီး  ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာပြီးပါက အကျက်ညီစေရန် မွှေပေးပါ
  • ဆိတ်အူများ မာလာတာနဲ့ ရေကိုမိမိ လိုသလောက်ထည့်ပေးပြီး ဟင်းအိုးကို ဆက်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ရပြီဆိုတာနဲ့ ပန်းကန်တစ်လုံးထဲမှာ မိမိစားနိုင်သလောက် မုန့်ဟင်းခါးဖတ် ကြက်သွန်ဖြူဆီချက်ဖတ် ငရုတ်သီးစိမ်း သံပုရာရည် နံနံပင်နှင့် ပူစီနံတို့ ထည့်ပေးကာ သုံးဆောင်နိုင်ပါပြီ။

Monday, 3 February 2020

ပိန်းရိုး ဟင်းခါး


ပိန်းရိုးဟင်းခါး ပူပူလေး သောက်ချင်တာနဲ့ ဒီနေ့တော့ ငါးခပ်သေးသေး တစ်ကောင်ကို ပြုပ်ပြီး အရိုးအသား သပ်သပ်စီ ထွင်ပေးကာ အသားလေးတွေနဲ့ဘဲ ဟင်းခါးတစ်မယ် ချက်ထားပါတယ်။

ဒီနည်းလေးကတော့ မာမာ့အမေ မာမာတို့မောင်နှစ်မတွေကို အမြဲတမ်း ချက်ကျွေးတဲ့ နည်းလေးပါ ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ အမေ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပိန်းရိုး - ၆ချောင်း
  2. ငါး - ခပ်သေးသေး တစ်ကောင်
  3. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း (ငါးပြုပ်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ

ပြင်ဆင်ပုံ
  • ငါးကို မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • ဇောက်နက်သော အနေတော် အိုးထဲမှာ ငါးနှင့်ငံပြာရည်တို့ကို ထဲ့ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး ရေခမ်းအောင် ပြုပ်ပေးပါ
  • ရေခမ်းတာနဲ့ အရိုးအသား ထွင်ပေးပါ
  • ပိန်းရိုးကို အရင်ဆုံး အကြောသင်ပေးပါ
  • အကြောသင်ပြီးတာနဲ့ လက်၂ဆစ်လောက် အတုံးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • ပြီးတာနဲ့ ရေ၂ထပ်လောက် ဆေးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့်ရောပြီး မညက်တစ်ညက် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမှာ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
  • အိုးတည်ထားစဉ် အိုးမကပ်စေရန် ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • ပထမဆုံး လုံးရည်နဲ့တင် ပိန်းရိုးက နူးလာပါတယ်
  • အိုးမကပ်စေရန် သတိထားပေးပြီး လုံးရည်မခမ်းခင် ရေမြုပ်အောင် ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းထောင်းတို့ကို ထည့်ပေးပါ
  •  ပိန်းရိုးဟင်းခါး အရည်သောက်ဆမ်း ဟင်းခါး ပူပူလူလူလေးကို ပြင်ပေးနိုင်ပါပြီ။
မှတ်ချက်။ ။ တချို့က ပိန်းရိုးကိုင်လျှင် ယားတတ်ပါတယ် ဒါကြောင့်မို့လို့ လက်အိတ်နှင့် ကိုင်ပေးပါ။

Sunday, 2 February 2020

ပြည်ကြီးငါး အချိုကြော်


ဗီယက်နမ်ဈေးမှာ ပြည်ကြီးငါး သေးသေးလေးတွေ တွေ့တာနဲ့ ဝယ်လာပြီးတော့ အချိုကြော်လေး ကြော်ထားပါတယ် အကောင်သေးတော့ ကိုင်ရဆေးရတာတော့ အရမ်းကြာပါတယ်။

 ဒါပေမဲ့လဲ ထမင်းပူပူလေးနဲ့ စားတဲ့အခါ ပိုပြီးနူးညံ့တယ်လို့ ထင်မိပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြည်ကြီးငါး အကောင်သေး - 300 g 
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ -၂ မွှာ
  4. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (အရသာနယ်ရန် )
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ( ပြည်ကြီးငါးကြော်ရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ပြည်ကြီးငါး သန့်စင်ပုံ
  1. ပြည်ကြီးငါး ကိုယ်လုံးထဲမှ သည်းခြေအိတ် ပလပ်စတစ်ပြားနှင့် အစာအိတ်တို့ကို ဖယ်ပေးပါ
  2. သည်းခြေအိတ်ကို ထုတ်ရာမှာ ပေါက်မထွက်သွားအောင် သတိထားပြီး ထုတ်ပေးပါ
  3. ပြည်ကြီးငါးရဲ့ ခေါင်းပိုင်းဖက်မှ မျက်စေ့နှင့် သွားနေရာတို့ကို ဖယ်ပေးပါ
  4. မလိုတာတွေ ဖယ်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ
အရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ တို့ကိုထဲ့ပြီး အနည်းငယ် နွမ်းသွားပြီး မွှေးလာတဲ့ထိ ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ပြည်ကြီးငါးကိုထဲ့ပြီး ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပြီးတာနဲ့ ငါးမှထွက်လာသော ရေခမ်းတဲ့အထိ ကြော်ပေးပါ
  • ရေခမ်းပြီ ဆိုတာနဲ့ ပဲငံပြာရည်ထဲ့ပြီး မွှေပေးပြီး အရသာကို မြည်းပေးကာ လိုသလို ပြင်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ မွှေးပြီး စားလို့ကောင်းလွန်းတဲ့ ပြည်ကြီးငါးကြော် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

ဂျူးဖူးအချိုကြော်


ဒီနေ့တော့ ဗီယက်နမ်ဈေးကအပြန် အရမ်းကိုချိုပြီး စားလို့အရမ်းကောင်းလွန်းတဲ့ လတ်လတ်ဆတ်ဆတ် ဂျူးဖူးလေးတွေ ဝယ်လာပြီး ပုဇွန်ထုတ်လေးတွေနဲ့ ကြော်စားပါတယ်။

လတ်ဆတ်လွန်းတဲ့ အသီးအရွက်ကြော်လေးတွေရယ် ထမင်းပူပူလေးရယ်ဆိုရင် နောက်ထပ်အသားဟင်းတစ်မယ် ထပ်မလိုလောက်အောင်ကို ထမင်းစားလို့ မြိန်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဂျူးဖူး - လက်တစ်ဆုတ်စာ တစ်စည်း
  2. ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. ဂျူးဖူးကို အပင်လိုက် ရေစင်အောင် ဆေးပေးပြီး ရေစစ်ထားပါ 
  2. ဂျူးဖူးပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ထားပါ
  3. ပုဇွန်ထုတ်ကို ရေဆေးပြီး ပုဇွန်ခေါင်းနှင့်အတူ မလိုတာတွေ ဖယ်ပေးကာ ကြောဖက်မှ အနည်းငယ် ခွဲထားပေးပါ
  4. ဆား ဆီ ငရုတ်ကောင်းနှင့် နနွင်းမှုန့်တို့ကို ပြင်ထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  7. ဆီအငွေ့ တက်လာတာနဲ့ကြက်သွန်ဖြူကို ထဲ့ကြော်ပေးပါ
  8. ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး ပုဇွန်ထုတ် ဆားနှင့် အရသာမှုန့်တို့ကို နှစ်မိနစ်လောက် ထဲ့ကြော်ပေးပါ
  9. ပြီးတာနဲ့ ရေစစ်ထားသော ဂျူးဖူးများနှင့် ပဲငံပြာရည်တို့ကို ​ထည့်ပေးပြီ အရသာ သမသွားအောင် မွှေပေးပါ
  10. သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ဂျူးဖူးမှ ထွက်လာသော အရည်များ မခမ်းခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။
  11. အထူးသတိပြုရမှာက ဂျူးဖူးများကို နူးအိနေအောင် ကြော်ရန်မလိုဘဲ ခပ်စိမ်းစိမ်း အနေအထားလေးမှာဘဲ မီးဖိုပေါ်မှ ချပေးပါ။