Monday, 13 April 2020

ငါးပိရည်ဖျော်








ကိုယ်တွေနေတဲ့ တောင်ပေါ်မြို့လေးမှာ ဆောင်းရာသီ စပါပြီ အစထဲက ယဉ်သကိုး ဆိုသလိုပါဘဲ ဆောင်းစပြီး ဝင်တာနဲ့ အေးချက်က 8ဒီဂရီတွေဘာတွေ ဖြစ်နေတော့ ရာသီဥတု အေးစိမ့်စိမ့လေးကို စပြီးရင်ဆိုင်ရပါတော့မယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ စပ်ပေ့ဆိုတဲ့ ငရုတ်သီးတွေကိုသုံးပြီး ငါးပိရည် စပ်စပ်မွှေးမွှေးလေး ဖျော်ထားပါတယ် ငါးပိရည် တစ်ခါကျိုတိုင်း အိမ်ထဲမှာ ကျန်နေတတ်တဲ့ အနံ့တွေက လေလုံတဲ့ အိမ်တွေမှာ တော်တော်နဲ့ မပျောက်တတ်တဲ့အတွက် မာမာကတော့ တစ်ခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်တာမို့လို့ ဒီတစ်ခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့  ဖျော်စပ်ပုံလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါဝင်ပစ္စည်းများ
  1. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၃၀ခန့်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ခြောက်ကိုလဲ ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ရွှေလံဘို ငရုတ်သီးမှလွဲပြီး ကျန်နေသော ငရုတ်သီးများကို မညက်တစ်ညက် ထောင်းပေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါဝင်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Sunday, 12 April 2020

သာကူပေါင်း စိမ့်စိမ့်လေး










အခုရက်ထဲ COVID 19 ကြောင့် အပြင်မထွက်ရလေတော့ အိမ်မှာရှိတာလေးတွေဘဲ ချက်လိုက်ပြုပ်လိုက် မုန့်လေးတွေ လုပ်လိုက်နဲ့ အချိန်တွေကို ကုန်စေခဲ့ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ သာကူကျိုပြီး သာကူပြန်ပေါင်းလုပ်စားဖြစ်လို့ မာမာပြင်ဆင်ပြီး မုန့်လုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သာကူ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ၂ခွက်
  2. ရေ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်၂ခွက်
  3. ဆွမ်းမွှေးရည် - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက် ( ဆွမ်းမွှေးရွက် ကြိတ်ရန်)
  4. ရေ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ၈ခွက် (သာကူကျိုရန်)
  5. သကြား - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက် 
  6. ခြစ်ထားသော အုန်းသီးမှုန့် - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆွမ်းမွှေးရွက် - ၂ရွက်
ဆွမ်းမွှေးရည်ကြိတ်ရန်

  1. ဆွမ်းမွှေးရွက် ၂ရွက်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ပေးပါ
  2. ဘလန်ဒါထဲမှာ ဆွမ်းမွှေးရွက်နှင့် ရေတစ်ခွက်ကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ 
  3. ဆွမ်းမွှေးရွက် ညက်သွားနေတာနဲ့ ပိတ်စပါးပါးထဲထည့်ပြီး ဆွမ်းမွှေးရည်ကို ယူထားပါ
  4. သာကူကျိုနေစဉ် အသုံးပြုသော သာကူများ မတူနိုင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့လုပ်ပြီး ကျိုပေးပါ

ပြင်ဆင်ပုံ
  1. သာကူမကျိုခင် သာကူစေ့များကို ရေမြန်မြန်ဆေးပြီး ရေစစ်ထားပါ
  2. ရေစိမ်တာ ကြာပါက သာကူများ ကျေကုန်နိုင်ပါတယ်
  3. ရေနှင့် ဆွမ်းမွှေးရွက်ဖျော်ရည်ကို ရောပြီးဖျော်ထားပါ
  4. အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ ရေ ဆွမ်းမွှေးရည်နှင့် ဆား တို့ကိုထည့်ပြီး ဆူပွက်လာသည်အထိ တည်ပေးပါ
  5. အရည်များ ဆူပွက်လာလျှင် သာကူကိုထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  6. သာကူစေ့ရဲ့ အလည်မှ အဖြူရောင် ၀တ်ဆံလေးတွေ ပေါ်လာတာနဲ့ မီးဖိုပေါ်မှချပြီး ဇကာထဲကို သွန်ချပေးပါ
  7. ပြီးတာနဲ့ ရေတစ်ထပ် ဆေးပေးပြီး ရေစစ်ပေးပါ
  8. သာကူများ ရေစစ်သွားပါက ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပေးပါ
  9. ပြီးတာနဲ့ ပေါင်းအိုးထဲ ထည့်ပြီး ၈မိနစ် ပေါင်းပေးပါ
  10. ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  11. သာကူပေါင်းနေစဉ် သကြားပန်းကန်နှင့် အုန်းသီးမှုန့် ပန်းကန်ကို ပြင်ထားပါ
  12. ဇွန်းနှစ်ချောင်းနှင့် ရေပန်းကန်ကို အဆင်သင့် ပြင်ထားပါ
  13. ပေါင်းထားသော သာကူပန်းကန်ကို အပြင်ကို ထုတ်ပေးပြီး ရေစွတ်ထားသော ဇွန်းနှင့် ခပ်ပေးပြီး သကြားပန်းကန်ထဲမှာ အရင်ဆုံးလူးပေးပါ
  14. သကြားလူးပြီးတာနဲ့ အုန်းသီးမှုန့်နှင့် လူးပေးပါ
  15. အုန်းသီးဖတ်များ လူးပေးပြီးသွားပါက ချိုစိမ့်စိမ့် သာဂူပေါင်းလေးများကို သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ သာကူကျိုရာတွင် အသုံးပြုသော သာကူများ မတူနိုင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့လုပ်ကာ ချင့်ချိန်ပေးရန် သတိထားပေးပါ
မာမာပြထားသော ပေါင်းအိုးအဆင်သင့် မရှိပါက ဇောက်နက်သော ဒယ်အိုးထဲမှာ ရေတစ်ဝက်လောက်ထည့်ပြီး ပေါင်းခံခုံ တင်ပေးပါ
ထိုခုံပေါ်မှာ သာကူပန်းကန်ကို တင်ပေးကာ အဖုံးအုပ်ပြီး ၈မိနစ်ပေါင်းပေးပါ။

Sunday, 5 April 2020

ကြက်သားလုံး အစိမ်းကြော်




တစ်နေ့တစ်နေ့ ဘာချက်ရမလဲ စဉ်းစားလိုက် စဉ်းစားထားတဲ့ အတွေးတွေက ပျောက်သွားလိုက်နဲ့ COVID19 ကြောင့် ဈေးလဲမသွားချင်တာနဲ့ အိမ်မှာရှိတာလေး ဟင်းပွဲတစ်ပွဲ ဖြစ်အောင် ကြံရဖန်ရပြန်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်သားလုံး အစိမ်းကြော် တစ်ပွဲအတွက် ရှိတာလေးနဲ့ အဆင်ပြေအောင် ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 150 g
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ကြက်သွန်မိတ် - နှစ်ပင်
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ကြက်ဥ - တစ်လုံး
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - လိုသလောက် သုံးပေးပါ( ကြက်သားလုံးကြော်ရန်)
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အစိမ်းကြော်ကြော်ရန်)

ကြက်သားအရသာနယ်ရန်

  1. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ပြောင်းကော်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. ကြက်ဥ - တစ်လုံး (အကာဘဲယူပါ)
ပြင်ဆင်ပုံ
  1. ကြက်သားကို အတုံးလိုက် ရေဆေးပြီး ခပ်သေးသေး အမြှောင်းလေးတွေလှီးကာ အရသာ နယ်ထားပါ
  2. ကြက်ဥအကာကို ခလောက်ထားပါ
  3. ပြောင်းကော်မှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားပါ
  4. အရသာ နယ်ထားသော ကြက်ဥနှင့် ကော်မှုန့် အရည်ဖျော်ထားတာတို့ကို ရောပြီး နယ်ပေးထားပါ
  5. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  7. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  8. ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  9. ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  10. ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို တစ်တုံးချင်း အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
  11. ကြက်သားလုံးကြော် တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  12. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  13. ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  14. ကြက်သွန်နွမ်းတာနဲ့ ပဲငံပြာရည် အကြည် မုံလာဥနီ ဆားနှင့် အရသာမှုန့်တို့ကို နှစ်မိနစ်လောက်ဘဲ ထည့်ကြော်ပါ
  15. ပြီးတာနဲ့ ကြော်ထားသော ကြက်ကြော်ကိုထည့်ပြီး မွှေပေးပါ
  16. ကြက်သားလုံးကြော်ကို ထည့်ပြီးတာနဲ့ ပဲငံပြာရည်ထည့်ပေးပြီး အရသာ သမအောင် မွှေပေးပါ 
  17. ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ ကြက်သွန်မိတ်ထည့်ပြီး မွှေပေးပါ
  18. ချိုစိမ့်စိမ့်လေး ကြက်သားလုံးကြော်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိုင်ပါပြီ။

Friday, 3 April 2020

ငါးရံ့ ဆီလည်ရေလည်ဟင်း


ဒီနေ့တော့ မြန်မာပြည်ကလာတဲ့ ငါးရံ့ လေးတွေကို ဗီယက်နမ်ဈေးမှာ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာပြီး ချိုချဉ်ငံစပ် အရသာလေး ရအောင် ဆီလည်ရေလည်လေး ချက်ထားပါတယ်။

ငါးရံ့ ကို အကွင်းလိုက်ချက်ရင် မစားတဲ့ သမီးငယ်အတွက် အရိုးထွင်ပြီး အသားလွှာကာ ချက်လိုက်တဲ့အတွက် အရိုးထွင်စရာ မလိုဘဲ စားလို့လဲ အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. ငါးရံ့ - အကောင်ကြီးကြီး တစ်ကောင်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. မန်ကျည်းသီးမှည့်အနှစ် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  12. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  14. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
ပြင်ဆင်ပုံ

  • ငါးကို အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေကာ အသားလွှာပေးကာ အသားလွှာကို အတုံးလေးတွေ တုံးပေးပါ
  • အသားလွှာထားသော ငါးတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ကို အဆင်သင့် ပြင်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
  •  ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာနယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မိတ်တို့ အုပ်ပေးပါ
  • ငါးဟင်း အရသာ ချိုချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။

Thursday, 2 April 2020

သာကူ ပူတင်း
















ဒီတခါတော့ အိမ်မှာရှိတဲ့ သာကူလေးတွေ လက်ကျန်ဖြတ်ချင်တာနဲ့ သာကူပူတင်းလေး လုပ်စားဖြစ်ပါတယ် အချိုပွဲအတွက် အရမ်းစားလို့ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အုန်းနို့ - 250 ml
  2. ဆွမ်းမွှေးရွက် - သုံးရွက်
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ရေ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ထန်းလျှက်ခဲ - 70 g
  6. ရေ - 900 ml
  7. သာကူစေ့ အသေး - 2 ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  8. ပူတင်းပုံဖော်ရန် ဖန်ပန်းကန် သေးသေးလေး - သုံးခု
  9. Glad wrap - လိုသလောက် သုံးပေးပါ
  10. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ 900 ml ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ သာကူစေ့ကို ထည့်ပြုပ်ပေးပါ
  • သာကူစေ့များ ပြုပ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • မျက်စေ့အဆံလေးတွေ ပျောက်လာတာနဲ့ ဇကာစိတ်စိတ်လေးထဲ သွန်ချပေးပြီး ရေနွေးများ ကုန်သွားအောင် စစ်ပေးပါ
  • ပြီးတာနဲ့  အဆင်သင့် ပြင်ထားသော ဖန်ပန်းကန်လေးတွေထဲကို မျှထည့်ပေးပါ
  • မုန့်သားလှစေရန် သာကူများ ထည့်နေစဉ် ဇွန်းနှင့် ခပ်ဖွဖွလေး လိုက်ဖိပေးပါ
  • ပြီးတာနဲ့ glad wrap နှင့် ပန်းကန်လေးတွေကို အုပ်ပေးပါ
  • ပြီးတာနဲ့ ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ သုံးနာရီလောက် ထားပေးပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ အုန်းနို့နှင့်ဆားကိုထည့်ပြီး ကျိုပေးပါ
  • အုန်းနို့ အတော်လေး ပျစ်လာပြီဆိုရင် မီးပိတ်ပေးပြီး ပန်းကန်လုံး တစ်ခုထဲ ပြောင်းထည့်ပေးပါ
  • ထန်းလျှက်ခဲကို ကျိုရတာ မြန်စေရန် ဓါးနှင့် ခပ်ပါးပါးလေးတွေ လှီးထားပေးပါ
  • ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး အထုံးလေး ထုံးပေးထားပါ
  • အုန်းနို့ကျိုတဲ့ အိုးကိုဆေးပြီး ထိုအိုးထဲမှာ ရေထမင်းစားဇွန်း နှစ်ဇွန်း ဆွမ်းမွှေးရွက်နှင့် ထန်းလျှက်ခဲကို ထည့်ပြီး ကျိုပေးပါ
  • ခပ်ပျစ်ပျစ် အနေအထား ရတဲ့အထိ ကျိုပေးပြီး မီးပိတ်ပေးကာ ဆွမ်းမွှေးရွက်ကိုဖယ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပေးပါ
  • သာကူစေ့ ရေခဲသေတာထဲ ထည့်ထားတာ သုံးနာရီ ပြည့်ပြီဆိုတာနဲ့ အပြင်ထုတ်ပေးပါ
  • သာကူပူတင်း ထည့်ပေးရန် ပြင်ထားသော ပန်းကန်ပြားပေါ်ကို သာကူပူတင်းလေးတွေ ထည့်ပေးပါ
  • သာကူပူတင်း လှလှလေး ရစေရန် ပန်းကန်ထဲမှ ဇွန်းခရင်းလေးဖြင့် အသာလေး ကော်ပြီးတွန်းချပေးပါ
  • ပြီးတာနဲ့ အုန်းနို့နှင့် ထန်းလျှက်ရည်ကို ဆမ်းပေးပြီး ချိုချိုစိမ့်စိမ့် သာကူပူတင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday, 1 April 2020

ပုဇွန်ကင် မွှေးမွှေးလေး


ဒီတစ်ခါတော့ ပုဇွန်ကင်လေး စားချင်စိတ် ပေါ်လာတာနဲ့ နံနံပင်ထောင်း စပါးလင်ထောင်း ချင်းနဲ့ ကြက်သွန်ဖြူလေးတွေ ထုထောင်းကာ နှမ်းဆီနှင့် သံပုရာရည်လေးဆမ်းပြီး အရသာနယ်ပြီး ကင်ထားပါတယ်။

ကင်နေထဲက မွှေးတဲ့အရသာက မွှေးကြိုင်နေတဲ့အတွက် ချက်ချင်းစားချင်တွေ ဖြစ်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကင်ထားတဲ့ ပုဇွန်ကင် ကင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - ၁၅ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၇မွှာ
  6. နံနံပင် - လေးပင်ခန့်
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. စပါးလင် - တစ်လက်မ
  9. သံပုရာသီး - တစ်ခြမ်း
  10. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. အကင်အိုး
  12. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးကာ အမြှီးချန်ထားပြီး ကြောဖက်မှ အမဲကြောင်းကို ထုတ်ပေးပါ
  • အားလုံးသန့်စင်ပြီးပါက ရေနှင့်ထပ်ပြီး ဆေးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • နံနံပင်ကို အပင်လိုက် ရေဆေးကာ မညက်တညက် ထောင်းပေးပါ
  • စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ရိတ်ရိတ် လှီးကာ မညက်တစ်ညက် ထောင်းထားပါ
  • သု့ပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်ကောင်းမှုန့် ဆား ချင်းထောင်း အရသာမှုန့် ကြက်သွန်ဖြူထောင်းနှင့် နှမ်းဆီတို့ကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပုဇွန်ကိုနံနံပင်ထောင်း ကြက်သွန်ဖြူထောင်း ဆား အရသာမှုန့် ချင်းထောင်း သံပုရာရည် စပါးလင်ထောင်း ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့နှင့်ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် နှပ်ထားပါ
  • ပုဇွန်နှပ်ထားတာ အချိန်ပြည့်တာနဲ့ ကင်မည့်အိုးကို အပူပေးပါ
  • အကင်အိုး ပူလာတာနဲ့ အိုးကို ဆီသုတ်ပေးပါ
  • ဆီအငွေ့ တက်လာတာနဲ့ အရသာ နယ်ထားသော ပုဇွန်ကို တစ်ကောင်ချင်း နေရာဆန့်သလောက် ထည့်ကင်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေး ဆိုသလိုပါဘဲ တစ်ဖက်ကို တစ်မိနစ်ခွဲစီလောက်ဘဲ ကင်ပေးပါ
  • တစ်ဖက်ကျက်လို့ တစ်ဖက် လှန်ပေးပြီးတာနဲ့ အပေါ်ဖက်ကို ဆီခပ်များများလေး သုတ်ပေးပါ
  • နှစ်ဖက်လုံး ကင်ပြီးတာနဲ့ ဆယ်ပြီးပန်းကန်ထဲ ထည့်ပေးပါ
  • ထိုအကင်အိုးထဲမှာ အရသာ နယ်ထားတဲ့ ကြက်သွန်ဖတ်များ ချင်းဖတ်များကို အရည်စစ်ပြီး ထည့်ကင်ပေးပါ
  • ပြီးတာနဲ့ ဆယ်ပေးပြီး ပုဇွန်ကင် အပေါ်ကို ဖြူးပေးကာ မိမိတို့ နှစ်သက်သလို စားသုံးနိုင်မည့် ပုဇွန်ကင် မွှေးမွှေးလေး ရပါပြီ
အကင်အိုး မရှိပါက အောက်ခြေမကပ်သော ဒယ်အိုးနှင့် ကင်နိုင်သလို မီးသွေးမီးဖိုပေါ်တို့မှာလဲ အကင်ဇကာခံကာ ကင်ပေးနိုင်ပါတယ်။

မှို ကန်စွန်းရွက် ချဉ်ရည်ဟင်း





ကိုရီးယား မှိုလေးတွေ ဝယ်လာဖြစ်တာနဲ့ ကန်စွန်းရွက်နဲ့ရောကာ ချဉ်ရည်ဟင်း တစ်မယ် ချက်ဖြစ်ပါတယ် ချဉ်ရည်ဟင်းကို ပင်စိမ်းရွက်လေး အုပ်ကာ ချက်ထားတာမို့ စားလို့ အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းဖြူ  - လက်တစ်ဆုတ်သာသာ စည်းထားသောအစည်း တစ်စည်း
  2. ကိုရီးယားမှို  - နှစ်ပွင့်
  3. ပင်စိမ်းရွက် - လက်တစ်ဆုတ်စာ
  4. ကြက်သွန်နီ - တစ်ခြမ်း
  5. ကြက်သွန်ဖြူ - နှစ်မွှာ
  6. ချင်း - လက်တဆစ်၏ တစ်ဝက်
  7. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. မကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငါးဖယ်ငဆုတ် - ဆယ်ခုခန့်

ပြင်ဆင်ပုံ
  1. ကန်စွန်းရွက်ကို တစ်ပင်ချင်း ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးပြီး ရေစစ်ထားပါ
  2. မှိုကိုရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  3. ပင်စိမ်းရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
  4. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  5.  ငါးဖယ်ငဆုတ်ကို ကြော်ပြီး အဆင်သင့် ပြင်ထားပါ
  6. မကျည်းသီး အမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  7. ဇောက်နက်သော အိုးထဲမှာ ကန်စွန်းရွက်များ လှီးထားသော မှိုများ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  8. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်ပေးပါ
  9. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  10. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ငါးဆုတ်ကြော်ကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  11. ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပင်စိမ်းရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  12.  ထမင်းမိန်စေတဲ့ မှို ကန်စွန်းရွက် ချဉ်ငံစပ် အရသာမွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

Monday, 30 March 2020

ကြက်သားဟင်း နန်းကြီးသုပ်




ဒီနေ့တော့ ကြက်သားတွေ ဝယ်လာပြီး ချက်တန်တာချက် သိမ်းတန်တာ သိမ်းပြီးသကာလ အရိုးအသား အသည်းအမြစ်လေး နည်းနည်းဆီကို ဆီပြန်မွှေးမွှေးလေး ချက်ဖြစ်ပြန်ပါတယ်။

ကြက်သားနဲ့ထမင်း စားချင်တဲ့သူလဲစားကြပြီး မာမာကတော့  ကြက်သားဆီပြန် ချက်ပြီးသားလေးနဲ့ နန်းကြီးသုပ်လေး သုပ်စားဖြစ်ခဲ့ပါတယ်။

ဒီတော့လဲ လွယ်ကူမြန်ဆန် ကြက်သားဆီပြန်ဟင်းနဲ့ နန်းကြီးသုပ်လေး သုပ်ရအောင် ပြင်ဖြစ်သွားတာနဲ့ မာမာပြင်ဆင်တဲ့ ကြက်သားဟင်း နန်းကြီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. နန်းကြီး ခေါက်ဆွဲဖတ် - 400 g တစ်ထုတ်
  2. ကြက်သား - 350 g
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
  4. ကြက်သွန်နီ - အနေတော် ၅လုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
  5. ကြက်သွန်နီ - အလုံးကြီးကြီး ၃လုံး (အသုပ်ထဲထည့်သုပ်ရန်)
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဟင်းခါးချက်ရန်)
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းသုံးဇွန်း (ကြက်သားဆီသတ်ရန်)
  8. နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
  9. ဆား - လိုသလောက် သုံးပေးပါ
  10. ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  12. အရသာမှုန့် - လိုသလောက် သုံပေးးပါ
  13. ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
  14. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၈ဇွန်း
  15. အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
  16. သံပုရာသီး - လိုသလောက် သုံးပေးပါ
  17. နံနံပင် - လိုသလောက် သုံးပေးပါ
  18. ကြက်သွန်နီ - အနေတော် နှစ်လုံး
  19. မုံလာဥနီ - အနေတော် နှစ်ဥ
  20. ဂေါ်ဖီ - အနေတော် တစ်စိတ် (အသုပ်နှင့်စားရန်)
  21. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဟင်းခါးခပ်ရန်)
  22. ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ
  23. ပုဇွတ်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း (ဟင်းခါးချက်ရန်)

ပြင်ဆင်ပုံ
  1. ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  2. ပြီးတာနဲ့ ဆားထမင်းစားဇွန်း တစ်ဇွန်းနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ ထည့်ပေးကာ ခပ်နာနာ နယ်ပေးပါ
  3. အမြစ်ထဲမှ အရိအရွဲများ ထွက်လာတာနဲ့ အမြစ်ရဲ့ အတွင်းဘက်ကို ဓါးနှင့် လိုက်ခြစ်ပေးပါ
  4. ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
ကြက်သားဆီသတ်ရန်
  1. ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  5. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေးပါ
  6. ကြက်သား ထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
  7. အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  8. ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
  1. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
  3. ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
  4. မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
  5. မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
  6. ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ဟင်းခါးချက်ရန်
  1. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေလိုသလောက်ထည့်ပြီး ပုဇွန်ခြောက်မှုန့် ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မီးဖိုပေါ် တင်ပေးပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ငရုတ်ကောင်းမှုန့်နှင့် ရောပြီး မညက်တညက် ထောင်းထားပါ
  3. ဂေါ်ဖီကို ရေဆေးပြီး မထူမပါး လှီးထားပါ
  4. ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ဂေါ်ဖီထည့်ပြီး တည်ပေးပါ
  5. ဂေါ်ဖီအရမ်း မနူးသေးခင် ကြက်သွန်ဖြူထောင်းကို ထည့်ပေးပြီး အရသာမြည်းပေးပါ
  6. အရသာကို လိုသလို ပြင်ပေးပြီးတာနဲ့ ဟင်းခါးရည် ပူပူလေး ရပါပြီ။
နန်းကြီးသုပ်ပွဲပြင်ရန်
  • နန်းကြီးဖတ်များကို ပြင်ထားပါ
  • ကြက်သားချက်ပြီးသားကို ပြင်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်တွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးတွေ လှီးထားပေးပါ
  • အရသာမှုန့်ကို ပြင်ထားပါ
  • ပဲအကျက်မှုန့်နှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိုင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီး အလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ဟင်းခါးရည်နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

Sunday, 29 March 2020

စပါးလင် ပဲခြမ်းသုပ်


ဒီရက်ပိုင်း အတွင်းမှာ COVID19ကြောင့် မိမိကျန်းမာရေး မိသားစု ကျန်းမာရေး ပြည်သူလူထု ကျန်းမာရေးတို့ကို ငဲ့ကွက်အလေးထားကာ အိမ်ထဲမှာ နေနေကြရတာဟာ လူသားအားလုံးရဲ့  ကျန်းမာရေးကို စောင့်ရှောက်ရာ ကျပါတယ်။

ဒါကြောင့်မို့လို့ မိသားစု စုံစုံလင်လင် အိမ်မှာရှိနေတုန်း နေ့လည်နေ့ခင်းမှာ စကားလက်ဆုံ ပြောကြရင်း အခုလို ပဲခြမ်းအစုံကြော် အသုပ်လေး သုပ်စားကြရင်း ဗဟုသုတ ရစေမဲ့ စကားလေးတွေ ပြောကြရင်း မိသားစုတွေ နွေးနွေးဖွေးထွေး နေကြစေချင်ပါတယ်။

ဒီအသုပ်ထဲမှာ စပါးလင်လေးတွေ လှီးထည့်ထားတဲ့အတွက် အစာလဲဆေး ဆေးလဲအစာ ဆိုသလိုပါဘဲ ကျန်းမာရေးနဲ့ ကိုက်ညီအောင် သုပ်စားစေချင်ပါသေးတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲအစုံကြော် - ထမင်းစားဇွန်း ၁၅ဇွန်းခန့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. စပါးလင် - အရင်းပိုင်း တစ်ပင်
  4. ငရုတ်သီးစိမ်း - လေးတောင့်ခန့်
  5. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ (အသုပ်ထဲ ထည့်ရန်)
  7. ဆား - လက်ဖက်ရည် ဇွန်းတစ်ဝက် ( ကြက်သွန်နီ နယ်ပြီးဆေးရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
ပြင်ဆင်ပုံ



  • ဇလုံတစ်လုံးထဲမှာ ပဲအစုံကြော်ကို ထည့်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးပြီး ဆားထည့်ကာ ခပ်ဖွဖွ နယ်ပေးပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ဓါးပြတ်ပြတ်နဲ့ ခပ်ပါးပါး ရိတ်ရိတ်လေးတွေ လှီးပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပဲကြော်ပန်းကန်ထဲကို ဆီ ဆား အရသာမှုန့်တို့နဲ့အတူ ထည့်ပေးပါ
  • ပြီးတာနဲ့ ခပ်ဖွဖွလေး နယ်ပေးပြီး အရသာ မြည်းပေးကာ လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ ရေနွေးကြမ်ျးနှင့် ပြင်ပေးကာ မိသားစု စုံစုံလင်လင် စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

ပုဇွန်ကင် မွှေးမွှေးလေး


ဒီတစ်ခါတော့ ပုဇွန်ကင်လေး စားချင်စိတ် ပေါ်လာတာနဲ့ ချင်းနဲ့ ကြက်သွန်ဖြူလေးတွေ ထုထောင်းကာ အရသာနယ်ပြီး ကင်ထားပါတယ် ကင်နေထဲက မွှေးတဲ့အရသာက ထူးထူးခြားခြားလေးမို့လို့ ချက်ချင်းစားချင်တွေ ဖြစ်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကင်ထားတဲ့ ပုဇွန်ကင် ကင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - ၁၅ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၇မွှာ
  6. ချင်း - လက်တစ်ဆစ်ခန့်
  7. နှမ်းဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. အကင်အိုး

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးကာ အမြှီးချန်ထားပြီး ကြောဖက်မှ အမဲကြောင်းကို ထုတ်ပေးပါ
  • အားလုံးသန့်စင်ပြီးပါက ရေနှင့်ထပ်ပြီး ဆေးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်ကောင်းမှုန့် ဆား ချင်းထောင်း အရသာမှုန့် ကြက်သွန်ဖြူထောင်းနှင့် နှမ်းဆီတို့ကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပုဇွန်ကို ကြက်သွန်ဖြူထောင်း ဆား အရသာမှုန့် ချင်းထောင်း ငရုတ်ကောင်းမှုန့်နှင့် ဆီထမင်းစားဇွန်း တစ်ဇွန်းတို့နှင့်ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် နှပ်ထားပါ
  • ပုဇွန်နှပ်ထားတာ အချိန်ပြည့်တာနဲ့ ကင်မည့်အိုးကို အပူပေးပါ
  • အကင်အိုး ပူလာတာနဲ့ အိုးကို ဆီသုတ်ပေးပါ
  • ဆီအငွေ့ တက်လာတာနဲ့ အရသာ နယ်ထားသော ပုဇွန်ကို တစ်ကောင်ချင်း ထည့်ကင်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေး ဆိုသလိုပါဘဲ တစ်ဖက်ကို တစ်မိနစ်ခွဲစီလောက်ဘဲ ကင်ပေးပါ
  • တစ်ဖက်ကျက်လို့ တစ်ဖက် လှန်ပေးပြီးတာနဲ့ အပေါ်ဖက်ကို ဆီခပ်များများလေး သုတ်ပေးပါ
  • နှစ်ဖက်လုံး ကင်ပြီးတာနဲ့ ဆယ်ပြီးပန်းကန်ထဲ ထည့်ပေးပါ
  • ထိုအကင်အိုးထဲမှာ အရသာ နယ်ထားတဲ့ ကြက်သွန်ဖတ်များ ချင်းဖတ်များကို အရည်စစ်ပြီး ထည့်ကင်ပေးပါ
  • ပြီးတာနဲ့ ဆယ်ပေးပြီး ပုဇွန်ကင် အပေါ်ကို ဖြူးပေးကာ မိမိတို့ နှစ်သက်သလို စားသုံးနိုင်မည့် ပုဇွန်ကင် မွှေးမွှေးလေး ရပါပြီ
အကင်အိုး မရှိပါက အောက်ခြေမကပ်သော ဒယ်အိုးနှင့် ကင်နိုင်သလို မီးသွေးမီးဖိုပေါ်တို့မှာလဲ အကင်ဇကာခံကာ ကင်ပေးနိုင်ပါတယ်။

Friday, 27 March 2020

ငါးပိရည်ဖျော်


မြန်မာလူမျိုးတို့ ခံတွင်းက လူဆယ်ယောက်မှာ ကိုးယောက်လောက်က ငါးပိရည်ကို ကြိုက်ကြပါတယ် မာမာဆိုလဲ ငါးပိရည် မပါရင် ထမင်းမစားတတ်တာမို့လို့ နေ့တိုင်းလိုလို ထမင်းဝိုင်းမှာ ငါးပိရည် တို့စရာလေးတော့ ပါတတ်ပါတယ်။

ငါးပိရည်ကို အဖျော်လုပ်တဲ့အခါ ငါးကင် ငါးပြုပ် ပုဇွန်ခြောက်ထောင်းတို့ကို မိမိနှစ်သက်ရာ ငရုတ်သီးစိမ်းတို့ ငရုတ်သီး အလှော်မှုန့်တို့ ကြက်သွန်ဖြူ  ကြက်သွန်နီ ခရမ်းချဉ်သီးတို့နဲ့ အဆင်ပြေသလို အဖျော် လုပ်တတ်ကြပါတယ်။

မာမာကတော့ ဒီနေ့ငါးခူကို မီးကင်ပြီး ငါးပိရည်ကျို  အဖျော်လေး လုပ်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၄လုံးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ငါးခူ - အကောင်ကြီးကြီး တစ်ကောင်
  • ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  • ကြက်သွန်နီ - အနေတော် လေးလုံး
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေထွင်ပြီး အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကို အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ဖုတ်ပေးပါ
  • ပြီးတာနဲ့ ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ငါးကို မလိုတာတွေ ဖယ်ပြီး ရေစင်အောင်ဆေးကာ ဘေးနှစ်ဖက်ကို ခပ်စိတ်စိတ်လေး မွှန်းပေးပါ
  • ပြီးတာနဲ့ အကျက်ညီစေရန် ငါးကို ဒုတ်နဲ့ထိုးပြီး မီးသွေးမီးဖိုရှိပါက ကျက်သွားအောင် ကင်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ကင်ပေးပါ
  • ပြီးတာနဲ့ ငါးကင်ကို အရိုးအသား သပ်သပ်စီ နွှင်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ မညက်တညက် ထောင်းပေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငါးကင် ငရုတ်သီးစိမ်း ငရုတ်သီး အလှော်မှုန့် အရသာမှုန့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ကြိတ်ပေးပါ
  •  ထြောင်းပြီးပါက ငါးပိရည် ပန်းကန်ထဲ ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြိးသိမ်းထားပါ
  • ငါးပိရည်အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Thursday, 26 March 2020

သျှားဖြူသီးထောင်း







ဗီယက်နမ်ဈေးကနေ ဝယ်လာတဲ့ သျှားဖြူသီးလေးတွေကို နေ့လည်နေ့ခင်း အပျင်းပြေ စားရလေအောင် ချဉ်ငံစပ်လေး ထောင်းပါတယ်။

ထောင်းနည်းက လွယ်လွယ်လေးမို့လို့ လူတိုင်းလဲ ထောင်းတတ်ကြမှာပါ ဒါပေမဲ့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းအလွယ်လေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သျှားဖြူသီး  - အလုံး ၁၀၀ခန့်
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  3. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  6. ငါးငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
ပြင်ဆင်ပုံ
  • သျှားဖြူသီးကို ရေဆေးပြီး ရေစစ်ထားပါ။
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ နှင့် ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
  • ပြီးတာနဲ့ သျှားဖြူသီးကို မညက်တစ်ညက် ထည့်ထောင်းပေးပါ။
  • အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  • အရသာ သမသွားတာနဲ့ အရသာ သမအောင် ဇွန်းနှင့် မွှေပေးပါ။
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ သျှားဖြူသီး ချဉ်ငံစပ်ထောင်းလေးကို စားသုံရန် ပြင်ပေးးနိုင်ပါပြီ။