Tuesday 14 July 2020

ကြက်သား ဒိန်ချဉ်ချက်


ဒီနေ့တော့ ပြောင်းဖူးကြက်သားလေးတွေကို ဒိန်ချဉ်နဲ့ နှပ်ထားပြီး ချက်ဖြစ်ပါတယ် ဒံပေါက်ကြက်သား အရသာလေး ရတဲ့အတွက် ထမင်းဖြူလေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။

စားလို့အရမ်းကောင်းပြီး ထမင်းဖြူ  ပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားဒိန်ချဉ်နှပ်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပြောင်းဖူးကြက်သား - 600 g 
  2. ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. ကရဝေးရွက် - သုံးရွက်
  12. သစ်ဂျပိုးခေါက် - နှစ်လက်မခန့်
  13. လေးညှင်း - သုံးပွင့်
  14. ဖာလာစေ့ - နှစ်စေ့
  15. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
  • ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ကရဝေးရွက် ဖာလာစေ့ လေးညှင်း သစ်ဂျပိုးခေါက်တု့ကို ပြင်ထားပါ
  • ပါဝင်ပစ္စည်းများ အားလုံးတို့ကို ကြက်သားထဲထည့်ကာ အရသာဝင်အောင် နယ်ထားပြီး ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ် နှပ်ထားပါ

ပြင်ဆင်ပုံ
  • ကြက်သားချက်ရန် ဇောက်နက်သော အိုးတစ်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သားများကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သားအိုးကို မီးဖိုပေါ်တင်ပြီး တည်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ ငါးမိနစ်လောက် လုံးချက်ချက်ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် မကြာမကြာ လှုပ်လှုပ်ပေးပါ
  • ရေမခမ်းခင် ဆီလည်ရေလည် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ကြက်သားအရသာ မိမိစိတ်ကြိုက် ရလာပါက အရသာ ထူးကဲပြီး မွှေးကြိုင်နေတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment