Friday 24 July 2020

ဆန်ပြားကြော်


ဒီနေ့တော့ အိမ်မှာ မကြာမကြာ ကြော်စားဖြစ်တဲ့ ဆန်ပြားခေါက်ဆွဲကို စားတော်ပဲ ပဲပြုပ်လေးနဲ့ ခပ်စိမ့်စိမ့် အရသာလေး ရအောင်လို့ ကြော်စားဖြစ်ပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - 500 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. တရုတ်ကန်စွန်းရွက် - အနေတော် သုံးပင်
  5. ပဲတောင့်ရှည် - ငါးတောင့်
  6. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  7. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  8. ဘဲဥ - နှစ်လုံး
  9. စားတော်ပဲပြုပ် - မိမိနှစ်သက်သလောက်
  10. ဗနီကာ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  16. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
  • စားတော်ပဲပြုပ် ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သည့်ပုံစံ လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ကန်စွန်းရွက်ကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးပြီး ရေဆေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဗနီကာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ပဲပြုပ် တရုတ်နံနံနှင့် ကြက်သွန်မိတ်မှလွဲပြီး ကျန်နေသော အသီးအရွက်များတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကို အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာ မလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ ပဲပြုပ် တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ကို ထဲ့ပေးပြီး သမသွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment