Wednesday 24 June 2020

ကြက်ဥသုပ် စိမ့်စိမ့်လေး


ဒီနေ့တော့ ကျောင်းတစ်ပါတ်ပိတ်လို့ ပြန်လာတဲ့ သမီးလေးက ကြက်ဥသုပ်လေး စားချင်တယ် မေမေရေ ဆိုတာနဲ့ ကြက်ဥပြုပ်ကို ပဲဆီမွှေးမွှေးလေးနဲ့ သုပ်ပေးဖြစ်ပါတယ်။

ခပ်စိမ့်စိမ့် အရသာမို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပြီး စားလို့ကောင်းလွန်းကာ လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိုင်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကြက်ဥသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - သုံးလုံး 
  2. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် မရှိတစ်ရှိ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. သံပုရာသီး - တစ်စိတ် (ကြက်ဥပြုပ်ထဲထည့်ရန်)
ပြင်ဆင်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်ဥကို ရေမြုပ်အောင် ထည့်ပေးပါ
  2. အခွံခွာရ လွယ်ကူစေရန် သံပုရာသီး တစ်စိတ် ထည့်ပြုပ်ပေးပါ
  3. ကြက်ဥကို ကျက်အောင်ပြုပ်ချိန် ဆယ်မိနစ်လောက် ရေပွက်ပွက် ဆူလာရင် ရပါပြီ
  4. ကြက်ဥပြုပ် အိုးထဲမှ ရေပူများကိုသွန်ပြီး ရေအေးနှင့် စိမ်ပေးကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
  5. ဇလုံတစ်လုံးထဲမှာ ကြက်ဥ  ဆား အချိုမှုန့် နှင့် ဆီတို့ထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
  6. အားလုံး အရသာ သမသွားပါက ကြက်ဥသုပ် မွှေးမွှေးစိမ့်စိမ့်လေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment