COVID 19 ကာလကြီးမှာ အပြင်ထွက်လဲ အထိတ်တစ်လန့်နဲ့ ထွက်နေရတော့ တော်ရုံအပြင်သွားဖို့ ဝန်လေးနေမိတာတော့ အမှန်ပါဘဲ တစ်ပါတ်တစ်ခါ ဈေးသွားပြီး လိုမယ်ထင်တာလေးတွေ ဝယ်ထားကာ အိမ်ထဲမှာဘဲ အမျိုးမျိုး လုပ်စားဖြစ်ပါတယ်။
ဒီနေ့တော့ ငှက်ပျောသီးလေးတွေ ဝယ်လားတာ တစ်ပါတ်ပြည့်တော့မယ် အတော်လေးလဲ မှည့်ကုန်ပြီမို့လို့ ငှက်ပျောသီးပေါင်းလေး လုပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး လုပ်ရတာ လွယ်ကူတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- 3 - bananas
- 1 - egg
- 1/2 cup - white sugar
- 1/2 cup - brown sugar
- 1/2 cup - milk
- 1 tsp - vanilla
- 1 1/2 cup - all purpose flour
- 1 tsp - salt
- 1 tsp - baking soda
- 1 tsp - baking powder
- 1/2 cup - butter
ပြင်ဆင်ပုံ
- ထောပါတ်ခဲကို အနည်းငယ် အပူပေးပြီး အရည်ဖျော်ထားပါ
- မုန့်ထည့်ပေါင်းမည့် ပန်းကန်လေးများကို ထောပါတ်သုတ်ပေးထားပါ
- ပထမဦးဆုံး ငှက်ပျောသီးကို အခွံခွာပြီး ဇလုံတစ်လုံးထဲထည့်ကာ ကျေညက်သွားတဲ့အထိ ချေထားပါ
- ငှက်ပျောသီးများ ကျေညက်သွားတာနဲ့ ကြက်ဥကို ဖောက်ထည့်ကာ ငှက်ပျောသီးနဲ့ ရောပြီး မွှေပေးပါ
- ပြီးတာနဲ့ သကြားအဖြူ သကြားအညို တို့ကို ရောပြီးသကြားများ ပျော်သွားတဲ့အထိ မွှေပေးပါ
- သကြားများ ပျော်သွားတာနဲ့ နောက်ထပ် ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့် ဆား ဘိတ်ကင်ပေါင်ဒါနှင့် ဘိတ်ကင်ဆိုဒါတို့ကို ရောပြီးမွှေပေးပါ
- ပြီးတာနဲ့ ငှက်ပျောသီး ဇလုံထဲကို ဇကာခံပြီး ဂျုံ မှုန့်များကို စစ်ချ ပြီးထည့်ပေးပါ
- ဂျုံမှုန့်ထည့်ပြီးတာနဲ့ မုန့်နှစ်သမသွားအောင် မွှေတံဖြင့် မွှေပေးပါ
- ပြီးတာနဲ့ မုန့်နှစ်များကို ထောပါတ်ဆီ သုတ်ပေးထားသော ပန်းကန်လေးတွေထဲကို ပန်းကန်တစ်ဝက် သာသာလောက် လိုက်ထည့်ပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံအိုးထဲကို ပေါင်းခံခုံကို ထိတယ်ဆိုရုံလေး ရေထည့်ပေးပါ
- ရေထဲမှာ ပေါင်းခံကို ထည့်ပေးပြီးတာနဲ့ ခုံပေါ်မှာ အိုးဆန့်သလောက် ပန်းကန်လေးတွေ ထည့်ပေးပါ
- ပေါင်းအိုးကို အဖုံးလုံအောင်အုပ်ပြီး steam ခလုတ်ကို နှိပ်ပေးကာ ၁၅မိနစ် ပေါင်းပေးပါ
- မုန့်ပေါင်းချိန် ပြည့်တာနဲ့ အိုးထဲမှ လေတွေကုန်အောင် အကုန်ထုတ်ပေပြီးမှ အိုအဖုံးကို ဖွင့်ပေးပါ
- ပေါင်းအိုးထဲမှာ လေများကျန်နေပါက အဖုံးဖွင့်တဲ့အခါမှာ ပေါက်ကွဲပြီး လူကိုအပူလောင်စေပါတယ်
- ပေါင်းအိုးထဲမှ ငှက်ပျောပေါင်းလေတွေကို အိုးအပြင်ကို ထုတ်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ မာမာပြထားသော အိုးမျိုးနှင့် မပေါင်းဘဲ ရိုးရိုးပေါင်းအိုး အောက်ခံအိုးကို ရေထည့်ပြီး အပေါ်မှ ပေါင်းခံဇကာကိုတင်ကာ ပေါင်းပါက မိနစ်သုံးဆယ် ပေါင်းပေးရပါမယ် နောက်တစ်ခုက ငှက်ပျောသီးတို့ရဲ့  သဘာဝ ပေါင်းပြီးကာစမှာ အရောင်ရဲရဲလေးနေပေမဲ့ အအေးခံပြီးတာနဲ့ ညိုရောင်လေး သန်းသွားတတ်ပါတယ်။
No comments:
Post a Comment