ဒီနေ့တော့ ငါးရံ့ အသား လွှာထားတာလေးတွေနဲ့ ဆန်လှော်ဆန်ပြုပ်လေး ပြုပ်ပါတယ် ဆန်ပြုပ်ဟေ့လို့ဆိုရင် ငါးရံ့ အသားနဲ့ ပြုပ်တဲ့ ဆန်လှော်ဆန်ပြုပ်က အရသာ တစ်မျိုးလေး ပိုနေတတ်တဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆန်ပြုပ် ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ရေ - လိုသလောက်
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
- ငါးရံ့ အသား - 150 g
- ကြက်သွန်နီ - အနေတော် သုံးလုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ကြက်သွန်နီကြော် - မိမိနှစ်သက်သလောက်
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
ဆန်လှော်ပုံ
- ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
- ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
- ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ
ပြင်ဆင်ပုံ
- ဆန်ပြုပ်မည့် အိုးထဲသို့ ဆန်လှော်များကို ထည့်ပေးပါ
- ဆန်လှော်အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- အောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
- ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကို ကြည့်ပြီးထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
- ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ
- ကြက်သွန်မိတ်ကို အနေတော် လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ
- ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
- ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
- ငါးရံ့ အသားများကို ခပ်ပါးပါး လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တစ်ဝက် ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် နယ်ထားပါ
- ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
- ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တစ်ဝက်ဆီ ထည့်ကြော်ပါ
- ကြက်သွန်များ နွမ်းတာနဲ့အရသာ နယ်ထားသော ငါးအသားများကိုထည့်ပြီး ၄မိနစ်လောက် ဆီသတ်ပါ
- ငါးအသား အသားမာလာတာနဲ့ ဆန်ပြုပ်အိုးထဲ ပြောင်းထဲ့ပါ
- ငါးအသား ထည့်ပြီးတာနဲ့ ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီနွမ်းတဲ့ထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
- ကြက်သွန်နီ နူးလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးကို ထည့်ပေးပါ
- ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့ထည့်ပြီး ရေဆူအောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ကာ ငါးရံ့ ဆန်လှော်ဆန်ပြုပ်ကို ကြက်သွန်နီကြော်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိုင်ပါပြီ။
No comments:
Post a Comment