Thursday 30 April 2020

ခရမ်းချဉ်သီး ကြက်ဥကြော်





ဒီနေ့တော့ ကြက်ဥကို အအီပြေအောင်လို့ ခရမ်းချဉ်သီးနဲ့ ကြော်ထားပါတယ် ထမင်းပူပူလေးနဲ့ အရမ်းဘဲ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - သုံးလုံး
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး 
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်ဥကို ဆား အရသာမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ဥခလောက်ထားသော ပန်းကန်ထဲကို လှီးထားသော ခရမ်းချဉ်သီးများထည့်ပြီး မွှေပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့် အနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခလောက်ထားသော ကြက်ဥကို ထည့်မွှေကာ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ နွမ်းသွားပါက  ကြက်ဥမွှေကြော်ကို နောက်တစ်ဖက်လှန်ပြီး ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများ ကျက်လာလျှင် ဟင်းပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးကာ သုံဆောင်နိုင်ပါပြီ။

No comments:

Post a Comment