သားကြီးလာလည်တုံးက ငါးသံပုရာပေါင်း စားချင်တယ် ဆိုတာနဲ့ ချဉ်ငံစပ်လေး ပေါင်းဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ငါးသံပုရာပေါင်းလေး ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ငါးပေါင်းရန်အတွက်
- ကကတစ်ငါး - 500 g
- Chinese cooking wine - ထမင်းစားဇွန်း ၂ဇွန်း
- ချင်း - လှီးပြီးသား ထမင်းစားဇွန်း ၃ဇွန်းခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ငါးပေါင်းပြီး ဟင်းပွဲအရသာစပ်ရပ်အတွက်
- Fish Sauce - ထမင်းစားဇွန်း တစ်ဝက်
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇တက်ခန့်
- နံနံပင် - သုံးပင်ခန့်
- သကြား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- သံပုရာသီး - အနေတော် တစ်လုံး
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
ပြင်ဆင်ပုံ
- ငါးကို အရည်ခွံနှင့်အတူ မလိုတာတွေဖယ်ပြီး ရေဆေးကာ၂လက်မသာသာ အရွယ်တော်တုံးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ နနွင်းမှုန့် ဆား အရသာမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ပေးပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အရှည်အမြှောင်းလေးများ ရအောင် လှီးထားပါ
- အပူခံသော ကြွေပန်းကန် တစ်ခုထဲမှာ အရသာ နယ်ထားသောငါးကို ထည့်ပြီး ငါးအပေါ်မှာ ချင်းကိုထည့်ပေးပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံ ရေအိုးကို ရေတ၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
- ရေဆူလာတာနဲ့ ငါးထည့်ထားသော ပန်းကန်ကို ပေါင်းအိုးဇကာထဲထည့်ကာ အဖုံးအုပ်ပြီး ၁၅မိနစ်လောက် ပေါင်းပေးပါ
- ငါးပေါင်းကျက်သွားပါက ပေါင်းအိုးထဲမှာ ငါးပန်းကန်ကို ခနထားပေးပါ
ငါးအပေါ်ဆမ်းရန် အရသာစပ်ရန်
- သံပုရာသီးကို ရေဆးကာ အကွင်းလိုက် ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါး ခပ်နုတ်နုတ် လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ပြီးတာနဲ့ ပေါင်းထားသော ငါးပန်းကန်ထဲကို သံပုရာကွင်းများ နံနံပင်တို့ ဖြူးပေးထားပါ
- ဇောက်နက်သော အိုးသေးသေး တစ်လုံးမှာ ဆား သကြား သံပုရာရည် ငံပြာရည် ပဲငံပြာရည်အကြည်နှင့် ရေတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
- ပွက်ပွက်ဆူအောင် ကျိုထားသော အရသာ အရည်ကို ငါးအပေါ် လောင်းချဖို့ ပြင်ပေးပါ
- ပွက်ပွက်ဆူနေသော ဟင်းအရသာ အရည်ကို ပူနေတုန်း ဖြည်းဖြည်းချင်း လောင်းချပပေးပါ
- ပြီးတာနဲ့ သံပုရာ ငါးပေါင်း မွှေးမွှေးလေးကို ခပ်ပူပူလေး စားသုံရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment