Sunday 19 April 2020

သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲကြော်


ဒီနေ့တော့ သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲလေး ကြော်ပါတယ် အသားမပါပေမဲ့ ကန်စွန်းဥ ခေါက်ဆွဲရဲ့  တထုတ်ထုတ် အရသာလေးကြောင့် စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ခေါက်ဆွဲကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်ဥခေါက်ဆွဲခွေ - ၃ခွေ
  2. မုန့်ညှင်းဖြူ  - ငါးရွက်
  3. ဂေါ်ဖီ - တစ်စိတ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. ကြက်သွန်မိတ် - နှစ်ပင်
  6. ဆီ - ထင်းစားဇွန်း ၅ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီ - လက်ဖက်ဇွန်း သုံးပုံတစ်ပုံ
  10. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော အသီးအရွက်များကို ရေစင်အောင်ဆေးပြီးမှ လိုအပ်သလို လှီးဖြတ်ကာ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ရေနွေး 8 cups လောက်ကို ဆူအောင်တည်ပေးပြီးမှ ခေါက်ဆွဲခွေကို ထည့်ပြုပ်ပေးပါ
  • အနေတော် အနေအထား ရပါက ဇကာထဲ သွန်ချကာ ခေါက်ဆွဲဖတ်များ အေးလာတဲ့ထိ ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေစင်အောင် စစ်ထားပေးပါ
  • ရေစစ်တာနဲ့ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ကာ ဆား ပဲငံပြာရည်တို့နဲ့နယ်ပေးပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  မွှေးလာတာနဲ့ ကြက်သွန်နီ ဂေါ်ဖီနှင့် မုန့်ညှင်းဖြူတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ နှမ်းဆီနှင့် ကြက်သွန်မိတ်ထဲ့ပြီး တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲကြော်လေးကို ရပါပြီ
  • အပေါ့အငံကို အရသာကို မီးဖိုပေါ်က မချခင် မြည်းပေးပြီး လိုသလို ပြင်ပေးကာ ကန်စွန်းဥ ခေါက်ဆွဲကြော် ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment