Monday 28 October 2019

ငါးအရိုးပြုပ် အရည်ငင်ရန် (မုန့်ဟင်းရည်ချက်ရန်)









ဒီနေ့တော့ မုန့်ဟင်းခါး ချက်တဲ့အခါမှာ အရမ်းကို အသုံးဝင်တဲ့ ငါးပြုပ်ရည်နဲ့ ငါးအရိုး အရည်ငင် ထားတာလေးတွေကို ပြင်ဆင်ပြီး သိမ်းတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်အရည်ငင်ရန်

  1. ငါးပြုပ်ရည်ထဲမှ စပါးလင်နှင့်ငါးအရိုးများကို ဗလင်ဒါထဲထဲ့ပြီး ညက်နေအောင် ရောပြီကြိတ်ပေးပါ 
  2. ဗလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထဲ့ထောင်းပေးပါ
  3. အားလုံးညက်အောင် ကြိတ်ပြီးပါက ငါးပြုပ်ရည် လက်ကျန်နှင့် ရေအနည်းငယ်ရောကာ ထောင်းတာတာတွေကိုထည့်ပြီး အရည်ငင်ပေးပါ
  4. အရည်ငင်တဲ့အခါမှာ အရိုးသေးသေးလေးတွေ မပါရအောင် ဇကာခံ စိတ်စိတ်လေး ခံပေးကာ အရည်စစ်ပေးပါ
  5. အရည်ငင်ပြီးတာနဲ့ အရည်စစ်ပြီးသား စပါးလင်ဖတ်များနှင့် ငါးအရိုးများကို လွှင့်ပြစ်လိုက်ပါ
  6. ပြီးတာနဲ့ အရည်စစ်ပြီးသား ငါးပြုပ်ရည်များကို နောက်တစ်ခါ ဇကာစိတ်စိတ်လေးနှင့် အိုးတစ်လုံးခံကာ အရည်စစ်ပေးပါ
  7. အရည်စစ်ပြီးသော အရည်များကို ပွက်ပွက်ဆူအောင် ကျိုပေးပြီး အအေးခံထားပေးပါ
  8. ကျိုထားသော ငါးပြုပ်ရည်များ အေးသွားပါက လေလုံသော ဗူးလးများနှင့် ထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာထဲ့ပြီး သိမ်းထားပါ
  9. မုန့်ဟင်းရည် ချက်မည်ဆိုပါက မချက်ခင် နှစ်နာရီလောက် ကျိုထုတ်ထားပြီး အရည်ဖျော်ပြီးမှ မိမိလိုသလောက် ထုတ်ယူကာ ချက်ယူနိုင်ပါတယ်။

No comments:

Post a Comment