Tuesday 29 October 2019

ငါးဆီသတ်နည်း (မုန့်ဟင်းခါး ဟင်းရည်ချက်ရန်)










ဒီနေ့တော့ မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့ ငါးဆီသတ်ပြီး သိမ်းဖြစ်တဲ့ အထဲက နောက်ဆုံးအပိုင်းလေးအတွက် မာမာပြင်ဆင်ပြီး ဆီသတ်ကာ သိမ်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းမျာ (ဆီသတ်ဖို့ပြင်ဆင်ရန်)

  1. ပြုပ်ပြီးအရိုးထွင်ထားသော ငါးအသားများ 
  2. ကြကသွန်နီ - 200 g 
  3. ကြိတ်ထားသော ငရုတ်သီးများ
  4. ဆီ - နှစ်ဆယ်သား
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  7. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  1. ပြုပ်ပြီးအရိုးထွင်ထားသော ငါးများကို အဆင်သင့် ပြင်ထားပါ
  2. ကြိတ်ထားသော ငရုတ်သီး အစာများကို အဆင်သင့် ပြင်ထားပါ
  3. ကြက်သွန်နီ 200 gကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ဆီ နနွင်းမှုန့် ဆား ငံပြာရည်နှင့် အချိုမှုန့်တို့ကို ပြင်ထားပါ

ငါးဆီသတ်နည်း

  1. ဒယ်အိုးထဲမှာ ဆီနှစ်ဆယ်သား နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကိုထည့်ပြီး အပူပေးပါ
  2. ဆီပူလာတာနဲ့ ခပ်ပါးပါး လှီးထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  3. ကြက်သွန်နီ နွမ်းလာတာနဲ့ ကြိတ်ထားသော ငရုတ်သီး အစာများကို ထဲ့ပေးပြီး မွှေးလာအောင် ဆီသတ်ပေးပါ
  4. ငရုတ်သီး ဆီသတ်နေစဉ် အကျက်ညီစေရန်နှင့် အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  5. ငရုတ်သီး ဆီသတ်နံ့  မွှေးလာတဲ့အထိ ဆီသတ်ပေးပါ 
  6. ဆီသတ်ချိန် ဆယ်မိနစ်လောက် မွှေပြီးတာနဲ့ အရိုးထွင်ထားသော ငါးအသားများကို ထဲ့ပြီး မွှေပေးပါ
  7. အားလုံး သမသွားပြီ ဆိုတာနဲ့ ဆား ငါးငံပြာရည် အချိုမှုန့်တို့ကို ထဲ့မွှေပေးပါ
  8. ငါးအသားများ မွလာတာတဲ့အထိ စိတ်ရှည်ရှည်နဲ့ ဆီသတ်ပေးပါ
  9. ငါးအသားများ မွလာပြီး ခြောက်လာကာ အိုးထဲမှာ ဆီပြန်ထွက်လာပါက မီးပိတ်ပေးပါ
  10. မီးပိတ်ပြီးတာနဲ့ အိုးကိုမီးဖိုပေါ်မှ ဖယ်ထားကာ အအေးခံပေးထားပါ
  11. ငါးဆီသတ်ထားတာ အေးသွားပါက လေလုံဗူးလေးများနှင့်ထဲ့ပြီး အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပြီး ဟင်းရည်ချက်ခါနီး နှစ်နာရီလောက် ကျိုထုတ်ထားပြီး မိမိလိုသလောက် ယူပြီး ဟင်းရည်ချက်ဖို့ ပြင်ပေးနိုင်ပြီ။

1 comment: