Thursday, 10 October 2019

ရောင်စုံ ကျောက်ကျော















မုန့်လေးတွေ စားချင်တိုင်း ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြီး စားရတာကိုဘဲ သဘောကျတတ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မနေ့က မာမာပြင်ဆင်ပြီး ကျိုဖြစ်တဲ့ ကျောက်ကျောကျိုနည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ပုံပါမိုလ် ၇ခုစာအတွက်)

  1. ကျောက်ကျောမှုန့်  - 25 g( ရွှေဖလားတံဆိပ်ကို သုံးထားပါတယ်)
  2. သကြား - 100 g
  3. ရေ - 500 ml
  4. food colouring - အနီရောင် တစ်စက် (လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး)
  5. food colouring - အပြာရောင် တစ်စက် (လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး)
  6. food colouring - အစိမ်းရောင် တစ်စက် (လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး)
  7. food colouring - အဝါရောင် တစ်စက် (လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး)
  8. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး ခွက်လေးများ - ၇ခု
  9. ဇောက်နက်သော ခပ်သေးသေးအိုး - တစ်လုံး (အိုးကိုအရမ်း အကြီးကြီးမသုံးပါနဲ့)
ပြင်ဆင်ပုံ
  1. အရောင်စုံ လိုချင်တဲ့အတွက် ကျောက်ကျောမှုန့် 25 g ကို အရင်ဆုံး တစ်ဝက်ခွဲပေးပါ
  2. နှစ်ပုံပုံပြီး တစ်ပုံကို ကျောက်ကျောမှုန့် 1 2 g သာသာစီ ခွဲလိုက်ပါ
  3. ရေ 500 ml ကို ပွက်ပွက်ဆူအောင် ကျိုပေးထားပါ
  4. ပြီးတာနဲ့ ရေနွေး 500 ml ကိုလဲ 250 ml တစ်ဝက်ဆီ ခွဲပေးပါ
  5. သကြား 100 g ကိုလဲ 50 g တစ်ဝက်ဆီ ခွဲပေးပါ
  6. မိမိအသုံးပြုမည့် food colouring အရောင်များကို အဆင်သင့် ပြင်ထားပါ
  7. ကျောက်ကျောကျိုပြီးထည့်မည့် မိုလ်များကို ရေခြောက်အောင်သုတ်ပြီး အဆင်သင့် ပြင်ထားပါ
  8. ကျောက်ကျောက ကျိုလိုက်ပြီ ဆိုတာနဲ့ ခဲတာအရမ်းမြန်တဲ့အတွက် အားလုံးအဆင်သင့် ပြင်ပြီးမှ ကျိုဖို့ ပြင်ပေးပါ
  9. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ရေ 250 ml ကို အိုးထဲထည့်ပြီး သကြားတစ်ဝက် ရောထည့်ကာ မီးဖိုပေါ်တင်ပြီး  ကျိုပေးပါ
  10. သကြားပျော်သွားပါက တစ်ဝက်ခွဲထားသော ကျောက်ကျောမှုန့် ကို ထည့်ပြီး မွှေပေးပါ
  11. ကျောက်ကျောမှုန့် ပျော်သွားတာနဲ့ ပန်းကန်လုံး တစ်ခုထဲကို တစ်ဝက်ထပ်ခွဲပြီး ခပ်မြန်မြန်လေး ပြောင်းထည့်ပေးပါ
  12. ပြီးတာနဲ့ အိုးထဲမှာ ကျန်နေသော ကျောက်ကျောရည် တစ်ဝက်ကို မိမိနှစ်သက်ရာ အရောင်တစ်ရောင်ထည့်ပြီး ကျိုပေးပါ
  13. ကျိုချိန် တစ်မိနစ်ခွဲနှင့် နှစ်မိနစ်ကြား ရတာနဲ့ အသင့်ပြင်ထားသော မိုလ်ထဲကို တစ်ဝက်ဆီ လောင်းထည့်ပေးပါ
  14. ပြီးတာနဲ့ အိုးမှာ တခြားအရောင်များ ကပ်မနေစေရန် ရေနဲ့ ခပ်မြန်မြန်လေးဆေးပြီး တစ်ဝက်ခွဲထားသော ကျောက်ကျောရည်ကို ထည့်ပြီး မီးဖိုပေါ် ပြန်တင်ပေးပါ
  15. ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရောင်ကို ထည့်ပေးပြီး မွှေပေးပါ
  16. မွှေချိန်ကိုတော့ အထက်ပါ နည်းအတိုင်း တစ်မိနစ်ခွဲနဲ့ နှစ်မိနစ်ကြားမှာဘဲ ကျိုပေးပါ
  17. နောက်ထပ်ကျန်နေတဲ့ အရောင်တွေကိုလဲ အထက်ပါ နည်းအတိုင်း ကျိုပေးလိုက် မိုလ်ထဲလောင်းထည့်လိုက် လုပ်ပေးပါ
  18. မာမာကတော့ အရောင်လေးရောင် လိုချင်တဲ့အတွက် လေးခါကျိုရပါတယ်
  19. မိမိစိတ်ကြိုက ကျောက်ကျောကို ကျိုပြီးတာနဲ့ နာရီဝက်လောက် ထားပေးလိုက်ရင် ခဲသွားပါပြီ
  20. ခဲသွားတဲ့အခါ မိုလ်ထဲက ထုတ်ဖို့ကို ရာဘာယောင်းမ ထိပ်လေးနဲ့ အနည်းငယ် ကလော်လိုက်ရင် ထွက်လာပါလိမ့်မယ်
  21. ပြီးတာနဲ့ မိမိနှစ်သက်သလို သုံးဆောင်နိုင်ဖို့ အချိုပွဲအဖြစ် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။အချိုကြိုက်ပါက သကြားကို ပိုထည့်ပေးပြီး အရောင်ကိုတော့ မိမိတို့ နှစ်သက်တဲ့ အရောင်လေးတွေနဲ့ ထည့်နိုင်ပါတယ်

No comments:

Post a Comment