ဒီနေ့တော့ အသီးအရွက်လေးတွေနဲ့ ထမင်းပေါင်း ပူပူလေး ချက်စားဖြစ်ပါတယ် အသားဟင်း မလိုဘဲ အသီးအရွက်လေးတွေနဲ့ ပြင်ထားတာမို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ထမင်းပေါင်း အလွယ်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- ပန်းဂေါ်ဖီ - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးမောက်မောက်
- ဂေါ်ဖီ - ဟင်းပြင်ပန်းကန်း တစ်လုံးမောက်မောက်
- မုံလာဥနီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးမောက်မောက်
- တရုတ်နံနံ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးမောက်မောက်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ချယ်ရီခရမ်းချဉ်သီး - ၇လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ကော်ရည်ဖျော်ရန်
- ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ရေ. - ဟင်းပြင်ပန်းကန် အကြီးတစ်လုံး မရှိတရှိတို့ကို အားလုံးရောပြီး ဖျော်ထားပါေ
- ကော်ရည်များများ ကြိုက်ပါက ရေပိုထဲ့ပြီး ဖျော်ပေးပါ
ပြင်ဆင်ပုံ
- ဆန်ကိုရေဆေးပြီး ကျက်သွားအောင် ထမင်းချက်ထားပါ
- ပန်းဂေါ်ဖီကို ရေဆေးပြီး အခက်လေးများ ရအောင် လှီးပေးထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ပန်းပွင့်ပုံစံ လှီးထားပါ
- တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်ားကမ်း လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ပြီး အဖတ်လေးများ ရလာအောင် ခွာထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းပေးထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးအောက်ချေထူသော အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ကြက်သွန်ဖြူကို မွှေးလာတဲ့ထိ ကြော်လိုက်ပါ
- ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ အသီးအရွက်များကို တရုတ်နံနံမှလွဲပြီး အားလုံးကို ထဲ့ကြော်လိုက်ပါ
- နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပါ
- အရသာ မျှတအောင် အားလုံးကို မွှေပေးပြီးတာနဲ့ ပဲငံပြာရည်ထဲ့ကာ မွှေပေးကာ အရသာမြည်းပေးပါ
- အရသာမြည်းပြီးတာနဲ့ မိမနှစ်သက်သလို အရသာရအောင် ပြင်ပေးပြီး တရုတ်နံနံထဲ့ပြီး မွှေပေးပါ
- ကော်ရည်များများ ကြိုက်ပါက ရေထပ်ထဲ့ပြီး မွှေပေးနိုင်ပါတယ်
- အသီးအရွက်များ နူးလွန်းပါက စားလို့မကောင်းတဲ့အတွက် ချက်ချိန် ၃မိနစ် သာသာလောက်ဘဲ ချက်ပေးပြီး မီးပိတ်ပေးပါ။
ထမင်းပွဲပြင်ဆင်ပုံ
- ချက်ပြီးသား ထမင်းကို ပန်းကန်တချပ်ထဲမှာ ထဲ့ပေးပါ
- ပြီးတာနဲ့ ချက်ပြီးကာစ ပူနေသော အသီးအရွက်ကော်ရည်တို့ကို ထမင်းပေါ်သို့ ဇွန်းမှုတ်နှင့်ခပ်ကာ လောင်းချပေးပြီး ပြင်ပေးပါ
- ထမင်းပွဲ ပြင်ပြီးတာနဲ့ နှစ်သက်ရာ အချဉ် အစပ်တို့နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment