ပါဝင်ပစ္စည်းများ
- ငါးခူ - 1000 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငရုတ်ကောင်း - အစေ့ ၂၀ခန့်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ငါးအရသာ နယ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးနယ်ဆေးရန်)
- မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် နှစ်လုံးစာ (တစ်လုံးစာကို ငါးနယ်ဆေးရန် ကျန်တစ်လုံးစာကို ဟင်းချက်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးအရသာနယ်ရန်)
- ဆားကြမ်း ( ထမင်းစားဇွန်း နှစ်ဇွန်း ငါးနယ်ဆေးရန်)
- ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ
- အရင်ဆုံး ငါးခူကို ဆူးတောင်ခုတ်ပြီး ဆား နနွင်းထည့်ပြီး အကောင်လိုက် ပွတ်တိုက်ပြီး ရေဆေးပါ
- နောက်တဆင့် မကျီးသီးအမှည့်ထည့်ပြီး ငါးကို အညှိများ ထွက်လာအောင် နယ်ပြီး ရေဆေးပေးပါ
- ပြီးတာနဲ့ ခေါင်းနှင့်ဆူးတောင်ကြားမှ အသားနေရာကို ဓါးနှင့်မွှန်းပြီး အသားထဲမှ အညှိလုံး နီညိုရောင်ကို ညှစ်ထုတ်ပေးပါ
- ဆူးတောင်နှစ်၂ဖက်လုံးမှ အညှိလုံးကို ထုတ်ပေးပါ
- အားလုံးပြီးလျှင် ငါးကို ခပ်ပါးပါး ခပ်ရွှေရွှေ စောင်းစောင်းလေးတွေလှီးပြီး ရေစင်အောင် ထပ်ဆေးပေးပါ
- ရေဆေးပြီးပါက ငံပြာရည် နနွင်းမှုန့် ဆားနှင့် အရသာမှုန့်တို့နဲ့ အရသာနယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
- ကြက်သွန်နီးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ငရုတ်သီးမှုန့်ကို အဆင်သင့် ပြင်ထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေထည့်ကာ ရေတစ်နာရီလောက် စိမ်ထားပါ
- ငရုတ်ကောင်းကို အနည်းငယ် လှော်ပေးပြီး မညက်တစ်ညက် ထောင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီ မီးအပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်ကောင်းမှုန့် ငရုတ်သီးမှုန့်တို့ကို ထည့်ကြော်ပါ
- ငရုတ်သီး အနံ့မွှေးလာပါက ငါးကိုထည့်ပြီး လေးငါးချက်လောက် မွှေပေးပါ
- ပြီးတာနဲ့ ငါးအသားများ မာပြီး အရောင်ပြောင်းလာတဲ့ထိ အိုးကိုလှုပ်လှုပ်ပေးပြီး ဆီသတ်ပေးပါ
- ဆီသတ်နေစဉ် အသားများ ကြေမသွားစေရန် မမွှေတော့ဘဲ အိုးကို ကိုင်ပြီးလှုပ်ပေးပါ
- ငါးအသား မာလာပါက ရေမြုပ်အောင်ထည့် ငံပြာရည်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူပြီး ရေအနည်းငံ ခမ်းလာပါက မကျည်းမှည့်အနှစ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
- ဆီပြန်ကာနီး အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
- ဆီပြန်လာပါက ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနှင့် ငါးခူချဉ်ငံစပ် ဆီပြန်ဟင်းလေး ရပါပြီ။
No comments:
Post a Comment