Wednesday, 4 September 2019

ချဉ်ငံစပ် မျောက်ငိုသီး ဂဏန်းထောင်း









ဒီနေ့တော့ မျောက်ငိုသီးလေးတွေ ဝယ်ထားလို့ ဓညင်းသီးနံ့လေးလို မွှေးနေတဲ့ မျောက်ငိုသီးနဲ့ ဂဏန်းကို ထမင်းလွတ် စားမှာမို့လို့ ဂဏန်းကိုပေါင်းပြီး  မျောက်ငိုသီး အစိမ်းနဲ့  ထောင်းပါတယ် ဒါကြောင့်မို့လို့ စားလို့အရမ်းကောင်းလွန်းတဲ့ မာမာပြင်ဆင်ပြီးထောင်းဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • မျောက်ငိုသီး - မိမိစားနိုင်သလောက်
  • ဂဏန်း - အကောင်ကြီးကြီး တစ်ကောင်
  • ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  • ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  • အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  • ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း 
  • ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ
  • မျောက်ငိုသီးကို ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ဂဏန်းကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ ပေါင်းအိုးဇကာထဲမှာ ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံခုံနှင့် ပေါင်းခံဇကာကို ထည့်ပေးပြီး အဖုံးအုပ်ကာ ၅မိနစ်ခလုတ်ကို နှိပ်ပြီး ပြုပ်ပေးပါ
  • ဂဏန်းပြုပ်ထားသော အချိန်ပြည့်တာနဲ့ အိုးအဖုံးဖွင့်ပြီး အအေးခံထားပါ

ဂဏန်းထောင်းရန်ပြင်ဆင်ပုံ

  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  2. အနည်းငယ် သမသွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  3. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  4. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး မျောက်ငိုသီးကိုထည့်ပြီး ကြည့်ထောင်းပါ
  5. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  6. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာဝင်ပါတယ်
  7. သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  8. အရေသာ သမလောက်ပြီဆိုတာနဲ့ ဂဏန်းနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  9. ထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  10. ပြီးတာနဲ့ ဂဏန်း မျောက်ငိုသီးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment