ဒီနေ့တော့ ကော်ဖီပူပူလေးနဲ့ စားရလေအောင် ကောက်ညှင်းပေါင်ကိုး ဆွမ်းမွှေးရည် အုန်းနို့ သကြားတို့နဲ့ ပြန်နှပ်လေး လုပ်စားဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေး မျှဝေပေးလိုက်ပါတယ်။
ဆွမ်းမွှေးရည် အုန်းနို့တို့နဲ့ ပြန်နှပ်ပြီး အုန်းဆီမွှေးမွှေးလေး ဆမ်းထားတဲ့အတွက် မွှေးပြီးစိမ့်နေအောင်ကို ကောင်းလွန်းလှပါတယ်။
အချိုအရသာကိုတော့ မာမာကတော့ အနေတော် အချိုအရသာလေးဘဲ ထည့်ထားတဲ့အတွက် အချိုကြိုက်ရင်တော့ ပိုပြီးထည့်ပေးစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းဆန် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
- ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
- သကြား - 1/2 cup ( မုန့်လုပ်ရာတွင် ချဉ်သောခွက်) အချိုကြိုက်ပါက ပိုထည့်ပါ
- Coconut cream - 1 cup
- ဆွမ်းမွှေးရွက် - 600 ml (ပိုင်းဖြတ်ပြီးသား)
- ရေ - 300 ml (ဆွမ်းမွှေးရွက်ကြိတ်ရန် )
- ဆွမ်းမွှေးရည် - 2/8 cup
- အုန်းနို့ - 270 ml
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ဆွမ်းမွှေးရည်ကြိတ်ရန်
- ဆွမ်းမွှေးရွက်ကို အနေတော်လေးတွေ ပိုင်းပေးပါ
- အသီးအရွက်ကြိတ်သော ဗလင်ဒါထဲမှာ အရွက်များနှင့် ရေကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
- အရွက်များ ညက်သွားတာနဲ့ ဇလုံတလုံးပေါ်မှာ ပိတ်ပါးစလေး ခွံပေးပါ သွန်ချပေးပါ
- ပိတ်ပါးစလေးကို ထိပ်ဖက်မှ စုစီးကာ အသာလေး မယူပြီး အရည်များ ညှစ်ယူပေးကာ အဖတ်များကို သွန်ပလိုက်ပါ
- ဆွမ်းမွှေးရည်ကို လိုသလောက် သုံးပေးပြီး ပိုတာကို ရေခဲသေတ္တာထဲမှာ ခဲထားပါ။
အုန်းဆီချက်ရန်
- ဇောက်နက်သော အိုးထဲမှာ အုန်းနို့ 270 ml တဗူးကို ဆား လက်ဖက်ရည်ဇွန်း တ၀က်နှင့် ဆီ ထမင်းစားဇွန်း ၄ဇွန်းလောက်ထဲ့ပြီး မီးအနေတော်နှင့် အုန်းဆီဖတ်လေးများ ရအောင်ချက်ပေးပါ
- အုန်းဆီချက်နေစဉ် အုန်းနို့များ ဝေမကျအောင် မကြာမကြာ မွှေပေးပါ
- အုန်းဆီဖတ်လေးများ ရလာပါက ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး အအေးခံထားပါ
- ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
- ရေစိမ်ထားချိန် ပြည့်တာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
- ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
- ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ချိန်ပေးကာ ပေါင်းပေးပါ
- ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
- ပါဝင်ပစ္စည်းများဖြစ်သော နှမ်းလှော် သကြား အုန်းနို့ ဆွမ်းမွှေးရေတို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အောက်ချေမကပ်သော အိုးထဲမှာ ပေါင်းထားသော ကောက်ညှင်း သကြား အုန်းနို့နှင့် ဆွမ်းမွှေးရည်တို့ကို ထည့်မွှေပေးပါ
- အုန်းနို့ရည်များ ခမ်းလာပြီး မွှေးလာပါက မီးပိတ်ပေးပါ
- ဆွမ်းမွှေးရွက်အနံ့ လေးနှင့် အုန်းနို့အနံ့ လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်နှပ်လေးများကို မုန့်ထည့်ပြီး အေးခံမည့် ဗန်းထဲသို့ ထည့်ပေးကာ အားလုံးထည့်ပြီးပါက အပေါ်မှနေပြီး ခပ်သိပ်သိပ်လေး ဖြစ်သွားအောင် ယောင်းမဖြင့် လိုက်ဖိပေးပါ
- ပြီးတာနဲ့ အနည်းဆုံး သုံးနာရီလောက် အအေးခံပေးပြီးမှ မိမိနှစ်သက်သလို လှီးပေးပါ
- မုန့်သားကို လှီးပြီးတာနဲ့ အဆင်သင့် ချက်ထားသော အုန်းဆီကို မိမိနှစ်သက်သလောက် ကောက်ညှင်းပြန်နှပ် ပူပူလေး ပေါ်မှာ ဖြူးပေးပါ
- ဆွမ်းမွှေးရွက်နံ့လေးနဲ့ အုန်းနို့နံ့လေး သင်းနေတဲ့ ကျောက်စိမ်းထမင်း ကောက်ညှင်းဆွမ်းမွှေး အုန်းနို့ပြန်နှပ် မွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment