ဒီနေ့တော့ ချင်းနံ့လေးသင်းပြီး စားလို့အရမ်းကောင်းလွန်းတဲ့ ဟင်းတမယ် ချက်နည်းလေးကို ထမင်းမိန်မိန် စားရအောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 200 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- မုံလာဥနီ - အနေတော် တစ်ဥ
- မှိုခြောက် - ဆယ်ပွင့်ခန့်
- ပဲလိပ် - အနေတော် ၃ရွက်
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
- သကြား - ထမင်းစားဇွန်း ၂ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)
ဆော့စ်ရည်လုပ်နည်း
- သကြား -၂ဇွန်း
- ပဲငံပြာရည် - ၁ဇွန်း
- သံပုရာရည် - ထမင်းစားဇွန်း ဇွန်
းတဝက် - ရေ - လက်ဖက်ရည်ပန်းကန်လုံး တလုံးစာ
- ဆား - အနည်းငယ် (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိ
ုရောပြီး ဆော့စ်ရည်အဖြစ် မွှေထားပါ)
ပြင်ဆင်ပုံ
- ကြက်သားကို ရေစင်အောင်ဆေးပြီး ခပ်ပြားပြားလေးတွေ လှီးပေးကာ ဆားအနည်းငယ် ခရုဆီ အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ် နယ်ထားပေးပါ
- ကြက်သွန်နီကို လေးစိတ်ခွဲပြီ
း အလွှာတွေရအောင် ခွာထုတ်ထားပါ - ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
- မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ
- မှိုခြောက်ကို ရေမြုပ်အောင်ထည့်ပြီး တနာရီခန့် စိမ်ထားပါ
- မှိုများ ရေဝပြီး ပွလာပါက မှိုမှာကပ်နေသော သဲနှင့်ကျောက်ခဲများ စင်သွားအောင် ရေများများထဲမှ ပွတ်ပွတ်ပြီး ဆေးပေးပါ
- ပဲလိပ်များကိုလဲ ရေပြုပ်အောင်ထည့်ပြီး စိမ်ထားပေးပါ
- ဒယ်အိုးတစ်လုံး
ကို ဆီထည့်ပြီး အပူပေးပါ - ဆီပူလာလျှင် အရသာ နယ်ထားသော ကြက်သားကို ထ
ည့်ကြော်ပါ - ကြက်သားအသားများ မာပြီးတင်းလာပါက ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ပေးကာ တည်ပေးပါ
- ရေခမ်းပြီး ဆီသံကြားလာပါက အိုးအဖုံးဖွင့်ပေးပြီး အသားများကို သမအောင် မွှေပေးကာ အိုးထဲမှ ခပ်ထားပေးပါ
- ပြီးတာနဲ့ ထိုအိုးထဲမှာ ဆီထမင်းစားဇွန်း နှစ်ဇွန်းလောက် ထပ်ထည့်ပေးပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ကြော်ပေးပါ
- ကြက်သွန်များ အနည်းငယ် နွမ်းသွားပါက မှိုခြောက် ပဲလိပ်နှင့် မုံလာဥနီတို့ ထည့်ပေးကာ ဆော့စ်ရည် လောင်းထည့်ပြီး အရသာ သမသွားအောင် မွှေပေးပါ
- အရသာ သမသွားတာနဲ့ ကြော်ပြီးဖယ်ထားသော ကြက်သားများ ထည့်မွှေပေးပါ
- ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ
- အရမ်းစားလို့ ကောင်းလွန်းတဲ့ ချင်းအမျှင် ကြက်သားကြော်ကို စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။
No comments:
Post a Comment