Sunday, 1 September 2019

ကြက်သားစင်းကော ချိုချဉ်ကြော်


ထမင်းစားလို့ မိန်စေမဲ့ ကြက်သားချိုချဉ်ကြော်လေး ကြော်ပါတယ် စားမိန်ဟင်းလေးဖြစ်ပြီး ဟင်းတမယ်ထဲနဲ့ ထမင်းမိန်စေတဲ့အတွက် ကြော်စားနိုင်အောင် ချိုချဉ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 200 g
  • ကြက်သွန်နီ - အနေတော် တစ်ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • မုံလာဥနီ - အနေတော် တစ်ဥ
  • ပဲတောင့်ရှည် - ၃တောင့်
  • ပန်းဂေါ်ဖီ - အနေတော် ၃ခက်
  • ချင်း - အနည်းငယ်
  • ကြက်သွန်မြိတ် - ၃ပင်ခန့်
  • ချိုချဉ်ဆော့စ်ရည် - ၃ဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)


ချိုချဉ်ဆော့စ်ရည်လုပ်နည်း


  • ခရမ်းချဉ်သီးဆော့စ် - ၃ဇွန်း
  • သကြား -၂ဇွန်း
  • ပဲငံပြာရည် - ၁ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း ဇွန်းတဝက်
  • ရေ - လက်ဖက်ရည်ပန်းကန်လုံး တလုံးစာ
  • ဆား - အနည်းငယ် (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး ဆော့စ်ရည်အဖြစ် ကျိုထားပါ)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ခပ်နုတ်နုတ်လေးတွေ စင်းပေးကာ ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ် နယ်ထားပေးပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော် လှီးထားပါ
  • ချင်းကိုလဲ အခွံခွာကာ အမျှင်လေးတွေရအောင် လှီးထားပါ
  • ကြက်သွန်မြိတ်ကို ၁လက္မအရွယ် ပိုင်းဖြတ်ထားပါ
  • ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး စင်းပြီးအရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  • ကြက်သားအသားများ မာပြီးလျတ်လာပါက ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ပေးကာ တည်ပေးပါ
  • ရေခမ်းပြီး ဆီသံကြားလာပါက အိုးအဖုံးဖွင့်ပေးပြီး အသားများကို သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သွန်မိတ်မှ လွဲပြီး ကျန်အသီးအရွက်များကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ချိုချဉ်ဆော့စ်ရည် လောင်းထည့်ပြီး အရသာ သမသွားအောင် မွှေပေးပါ
  • အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်သွန်မြိတ်ထည့်ပြီး မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ကြက်သားချိုချဉ်ကြော်လေး ရပါပြီ။

No comments:

Post a Comment