ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ငါးဥလေးတွေကို သရက်သီးစိမ်းနဲ့ ချဉ်စိမ့်စိမ့်လေး ကြော်ဖြစ်လို့ စားလို့ရမ်းကောင်းလွန်းတဲ့ ငါးဥ အချဉ်ဆီပြန်ကြော်လေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးဥ - ၂ခု
- ကြက်သွန်ဖြူ - အမွှာကြီးကြီး မွှာ
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ချင်း - လက်တဆစ်ခန့်
- သရက်သီးစိမ် - အနေတော် နှစ်လုံး
- ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
- ငါးဥကို ရေဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလောက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ လှီးပေးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
- သရက်သီးစိမ်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- အရင်ဆုံး pressure cooker ကို simmer ခလုတ်ကိုနှိပ်ပြီး ၇မိနစ် ချိန်ပေးပါ
- ပြီးတာနဲ့ ဆီထည့်ပေးပြီး ဆီပူလာအောင် တည်ပေးပါ
- ဆီပူလာပါက နနွင်းမှုန့် ချင်း ကြက်သွန်ဖြူ ကြက်သွန်နီနီနှင့် ချင်းတို့ကို တမိနစ်လောက် မွှေးလာတဲ့ထိ ကြော်ပေးပါ
- ဆီကြော်နံ့မွှေးလာပြီး ကြက်သွန်များ နွမ်းလာပါက သရက်သီးစိမ်းကို ထည့်ကြော်ပေးပါ
- သရက်သီးစိမ်းများ အိသွားပါက ငါးဥ ဆား ငံပြာရည် အရသာမှုန့်တို့ကိုထဲ့ပြီး ငါးဥအသားများ ကျေလာတဲ့အထိ သစ်သားယောင်းမဖြင့် ဖိချေပေးပါ
- ငါးဥများ ကျေသွားတာနဲ့ ဆီကြွတ်ကြွတ်မြည်တဲ့အထိ တည်ပေးပါ
- ဆီမပြန်ခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ဆီပြန်လာပါက ချဉ်ချဉ်စိမ့်စိမ့်လေးနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ငါးဥ သရက်သီးစိမ်းကြော်ဟင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment