ဆယ်လ်မွန်းငါး ပိုင်းပြီးသားလေးတွေ ဝယ်လာပြီး ဒီနေ့တော့ pressure cooker အိုးလေးနဲ့ ကင်ဖြစ်သွားလို့ မာမာကင်တဲ့နည်းလေး မျှဝေလိုက်ပါတယ် မိမိအသုံးပြုမဲ့ ငါးရဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး မိနစ်အနည်းအများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆယ်လ်မွန်ငါး - လေးပိုင်း
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
- သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
- ငါးကိုရေဆေးပြီး ရေစစ်ထားပါ
- သံပုရာသီးကို ရေဆေးပြီး စိတ်ထားပါ
- ရေစစ်ထားသောငါးကို ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
- အသားငါးကင်ရန်အတွက် အကင်အိုးကို အသုံးမပြုပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ
- အိုးပူလာပါက ဆီထည့်ပြီး မီးကိုအနည်းငယ်လျှော့ပြီးမှ အရသာနယ်ထားသောငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
- ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
- အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
Pressure Cooker နဲ့ကင်နည်း
- Pressure Cooker ကို brown ခလုတ်ကို နှိပ်ပြီး ၅မိနစ် နာရီ ချိန်ပေးပါ
- ပြီးတာနဲ့ အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
- ဆီပူတာနဲ့ ငါးကို အရည်ခွံဘက်မှ စပြီး ထည့်ပေးပြီး အဖုံးမအုပ်ဘဲ ကင်ပေးပါ
- သုံးမိနစ်လောက် ကင်ပေးပြီး အရည်ခွံဖက်မှ ကျက်တာနဲ့ အသားဘက်ကို လှန်ပေးကာ နှစ်မိနစ်ခန့် ကင်ပေးပါ
- ငါးအသား ကျက်ပြီဆိုတာနဲ့ အိုးထဲမှ ဖယ်ပေးပြီး စားပွဲပြင်ပေးပါ
- ဆယ်လ်မွန်ငါးကင်နှင့်သံပုရာသီးစိတ်လေးများကို ပြင်ပေးပြီးတာနဲ့ ငါးကင် မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment