Sunday 24 February 2019

Dandelion ပန်းပွင့်ကြော်


Dandelionပင်နှင့် ပန်းပွင့်

Dandelionပန်းပွင့်

တန်ပူရာမုန့်နှစ်နှင့် စိမ်ပေးပါ

တန်ပူရာမုန့်နှစ်နှင့် ပန်းပွင့်တပွင့်လုံးကို နှစ်ပေးပါ

ဆီပူလာပါက ထည့်ကြော်ပေးပါ

ပန်းပွင့်တပွင့်လုံး ရွှေဝါရောင်သန်းလာပါက 
ဆယ်ပြီး ဆီစစ်ပေးပါ


ဒီတစ်ခါတော့ မာမာတို့ အိမ်ခြံထဲမှာ အလေ့ကျပေါက်နေတဲ့ Dandelion ပန်းပွင့်လေးကို တန်ပူရာ မုန့်နှစ်လေးနဲ့ ကြော်ဖြစ်ပါတယ်။

ပန်းပွင့်အနံ့က ပျားရည်နံ့လေးသင်းပြီး မွှေးနေတဲ့အတွက် စားလို့အရမ်းကောင်းပါတယ် ကြုံကြိုက်လို့ ပန်းပွင့်လေးများ ရခဲ့ရင်တော့ ကြော်စားလို့ရအောင် မာမာကြော်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  • Dandelionပန်းပွင့်  -  ဆယ်ပွင့်
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  • ရေ - ချင့်ချိန်ထည့်ပါ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံး
ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ပန်းပွင့်ကို ရေဆေးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ပန်းပွင့်များကို နှစ်ပေးပါ
  • ဇောက်နက်သော အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူပြီး ကျက်လာပါက မီးကို အလယ်လောက်အထိ လျှောပပေးပြီးမှ ပန်းပွင့် မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • ပနိးပွင့်ရဲ့  တစ်ဖက်ရွှေဝါရောင်သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက dandelion ပန်းပွင့်ကြော် ကြွတ်ကြွတ် မွှေးမွှေးလေးကိုမိမိ နှစ်သက်သလို စားလို့ရပါပြီ။

No comments:

Post a Comment