Thursday 21 February 2019

ဆန်ပြားဖတ်လုပ်နည်း

ဆန်ပြားဖတ်

ဆန်မှုန့်နှင့် ပီလောပီနံမှုန့်

ဆန်မှုန့် ပလောပီနံမှုန့်နှင့်ဆားတို့ကို ရောမွှေပါ

ရေထည့်ပြီး အမှုန့်များ ကျေသွားအောင် မွှေပါ

မုန့်နှစ်ရည်ရတာနဲ့ အဆင်သင့်ဖြစ်ပါပြီ

အဝကျယ်သော ဒယ်အိုးထဲ သံခုံလေးတင်ကာ
 ရေထည့်ပြီး ဆူအောင်တည်ပါ

သံခုံလေးပေါ်ကို မုန့်နှစ်လုပ်မည့် ပန်းကန်ကို တင်ပါ

ပြီးရင် အဖုံးဖုံးပြီး ၅မိနစ်ပေါင်းပါ

မုန့်နှစ်ရည် ကျက်ပါပြီ

အခုလို ခွာပေးပါ

ခွာပေးရင်း လိပ်သွားပါ

တစ်ချပ်ပြီးတာနဲ့နောက်တစ်ချပ်လုပ်ရန် ပြင်ပေးပါ

ဆန်ပြားလိပ်ပြီးသားတင်ရန် စဉ့်နီတုန်းလေးတွေကို 
ဆီသုပ်ထားပါ

ဆန်ပြားလိပ်လေးတွေ ရပါပြီ

ပန်းကန်ပြားကို ဆီသုတ်ထားပါ

ဓါးနှင့် ပိုင်းဖြတ်ပေးပါ

ပန်းကန်ထဲထည့်ပြီး အလိပ်များ ပြေသွားအောင်
 ဖွပေးပါ
ဆန်ပြားဖတ်လေးတွေ ရပါပြီ

ဒီနေ့တော့ မိမိနှစ်သက်သလို ကြော်စား ချက်စား သုပ်စား အရည်သောက်လေးတွေ ပြင်ဆင်ပြီး စားနိုင်ဖို့အတွက် ဆန်ပြားဖတ် လုပ်နည်းလေး မျှဝေပေးချင်ပါတယ်။

ဆန်ပြားဖတ် လုပ်တဲ့နေရာမှာ မြန်မာပြည်မှာ အသုံးများတဲ့ ဒန်အုံးဖုံးလိုမျိုး ခန့်ပြန့်ပြန့် ဒန်ပန်းကန်ပြား စတီးလ်ပန်းကန်ပြား ကြွေပန်းကန်ပြားတို့ကို သုံးရင် လုပ်ရတာ လွယ်ပါတယ် အဓိက ဗန်းလိုခပ်ပြန့်ပြန့်လေးဆိုရင် ပိုပြီးအဆင်ပြေပါတယ်။

မာမာကတော့ အိမ်မှာဗန်းလိုခပ်ပြန့်ပြန့်လေး မရှိတဲ့အတွက်  ခပ်ပြန့်ပြန့် ကြွေပန်းကန်ပြားနဲ့ဘဲ လုပ်လိုက်ပါတယ်။

မာမာ အခုလုပ်တဲ့ အချိုးအစားက မိသားစု လေးယောက် တစ်ခါစားစာ ရပါတယ် နှစ်ယောက်စာ ဆိုရင်တော့ တစ်ဝက်အချိုးအစားလောက်ဘဲ လုပ်ပေးရင် အဆင်ပြေပါတယ်။

မှတ်ချက် ။ ။ အစားကြီးရင်တော့ မုန့်နှစ်ရည်ကို ပိုလုပ်ပါ။

ပါဝင်ပစ္စည်းများ

  1. ထိုင်းဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ထိုင်းပလောပီနံမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  5. ဆီ - လိုသလောက်သုံးပါ
  6. ခပ်ပြန့်ပြန့် ဗန်း (သို့) ပန်းကန်ပြား
  7. အောက်ခံ အဝကျယ်ဒယ်အိုး - ခပ်ကြီးကြီး တစ်လုံး
  8. ဗန်းတင်မည့် သံခုံ - တစ်ခု (သို့ ) ကြွေပန်းကန်လုံး တစ်ခု
  9. မုန့်သားကော်ရန် ရာဘာယောင်းမ - တစ်ခု
  10. ဆန်ပြားဖတ်တင်ရန် ပန်းကန် (သို့) စဉ့်နီတုံးလေးများ
  11. ဆီသုပ်ရန် - brush တစ်ခု
  12. အောက်ခံအိုးနှင့် တော်မည့် အိုးအဖုံး - တစ်ခု
ပြင်ဆင်ပုံ
  1. ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ပလောပီနံမှုန့် ဆားတို့ကို အရင်ဆုံး သမအောင် မွှေပေးပါ
  2. အားလုံးသမသွားတာနဲ့ ရေထည့်ပြီး အမှုန့်များ ကျေသွားအောင် မွှေပေးပါ
  3. ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပေးပါ
  4. အားလုံးအဆင်သင့်ဖြစ်တာနဲ့ မီးဖိုပေါ်မှာ ပေါင်းခံအိုး အောက်ခံအိုးအဖြစ်သုံးမည့် ဒယ်အိုးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပေးပါ
  5. ရေဆူတာနဲ့ ပေါင်းအိုးအောက်ခံအိုးထဲကို သံခုံလေး တင်ပေးပါ
  6. သံခုံလေး မရှိပါက ကြွေပန်းကန်လုံးထဲကို ရေထည့်ပြီး ပေါင်းအိုးအောက်ခံအိုးထဲကို ထည့်ပေးပါ
  7. သတိထားရမှာက သံခုံ (သို့) ပန်းကန်လုံးကို ရေမမြုပ်အောင် သတိထားပါ
  8. မိမိအသုံးပြုမည့် ဗန်း (သို့ ) ပန်းကန်ပြားကို ဆီသုပ်ပေးပါ
  9. ဆန်ပြားဖတ်လုပ်ပြီး တင်ရန်အတွက် ပန်းကန်ပြား (သို့ ) စဉ့်နီတုန်းလေးများကို ဆီသုတ်ထားပါ
  10. ပြီးတာနဲ့ မုန့်နှစ်ကိုယောက်ချိုဇွန်းဖြင့် သမအောင်မွှေကာ ခပ်ပြီး မိမိအသုံးပြုမည့် ပန်းကန်ပြား (သို့ ) ဗန်းထဲကို ထည့်ပေးပါ
  11. အသုံးပြုမည့် ဗန်း (သို့) ပန်းကန်ပြား ကြီးပါက ယောက်ချိုဇွန်းတစ်ဇွန်းခွဲလောက် ထည့်ပေးပါ
  12. အသုံးပြုမည့် ဗန်း (သို့) ပန်းကန်ပြား အနေတော် ဖြစ်ပါက တစ်ဇွန်းစာဘဲ ထည့်ပေးပါ
  13. မုန့်နှစ်ရည် ထည့်ပြီးတာနဲ့ ပြန့်သွားအောင် ဖြန့်ပေးပြီးမှ ပေါင်းအိုးအောက်ခံ ခုံလေးပေါ်တင်ပေးကာ အဖုံးအုပ်ပေးပါ
  14. ပေါင်းချိန် ၅မိနစ်ခန့် ထားပါ
  15. ပြီးတာနဲ့ အိုးထဲမှ ပန်းကန်ပြားကိုယူကာ ရာဘာယောက်းမလေးဖြင့် အနားသားလေးကို စတင်ပြီး ခွာပေးပါ
  16. အနားသားလေး ကွာလာတာနဲ့ တစ်ချပ်လုံးကို ကွာသွားအောင် ခွာရင်း အလိပ်လေးရအောင် လိပ်သွားပါ
  17. အလိပ်လေး ရလာတာနဲ့ အဆင်သင့် ပြင်ထားသော စဉ့်နီတုံးပေါ်တင်ပေးပါ
  18. နောက်တစ်ခါ မုန့်နှစ်ရည် ပြန်မထည့်ခင် ပန်းကန်ပြားကို ဆီသုတ်ပြီးမှ မုန့်နှစ်ရည်ထပ်ထည့်ပြီး ပေါင်းပေးပါ
  19. ထိုနည်းအတိုင်း မုန့်နှစ်ရည် ကုန်တဲ့အထိ ဆီသုတ်လိုက် မုန့်နှစ်ရည်ထည့်လိုက် မုန့်နှစ်ရည် ကုန်တဲ့အထိ ပေါင်းပေးပါ
  20. မုန့်နှစ်ရည် ပေါင်းနေစဉ် အောက်ခံအိုးမှာ ရေခမ်းတတ်တဲ့အတွက် သတိထားပြီး ရေထပ်ထပ် ထည့်ပေးပါ
  21. မုန့်နှစ်ရည် အားလုံးကုန်အောင် လုပ်ပြီးတာနဲ့ ပေါင်းထားသော ဆန်ပြားဖတ်များ ရအောင် ဓားကိုဆီသုပ်ပြီး မိမိနှစ်သက်သလို အနေအထားလေးတွေ လှီးပေးပါ
  22. အားလုံးလှီးပြီးတာနဲ့ လှီးထားတာလေးတွေကို လက်မှာဆီသုတ်ပြီး ဖွပေးပြီးရင် ဆန်ပြားဖတ်လေးတွေ ရပါပြီရှင်။

No comments:

Post a Comment