Wednesday 25 March 2020

ခရမ်ကြွတ်းသီး တောချက် ဆီလည်ရေလည်


ဒီနေ့တော့ ခရမ်းကြွတ်သီးလေးတွေ ဝယ်လာပြီး ပုဇွန်ထုတ်လေးတွေနဲ့ တောချက် ဆီလည်ရေလည်ချက်လေး ချက်ပါတယ်။

ငါးပိရည် ခပ်စပ်စပ်လေးနဲ့ နယ်ဖတ်ပြီး စားလို့ရအောင် ဆီကျန်ရေကျန်လေး ချက်ထားတာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ လွယ်ကူမြန်ဆန် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းကြွတ်သီး - အလုံးနှစ်ဆယ်ခန့်
  2. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  3. ပုဇွန် - ဆယ်ကောင်ခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ

  • ခရမ်းသီးကို အညှာပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင် အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီနှင့်တို့ကို အခွံခွာပြီး ရေစင်အောင် ဆေးပေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီးထောင်းပေးပါ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး အခွံခွာပြီး အစာအိတ်နှင့် အစာလမ်းကြောင်းကို ဖယ်ပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာခရမ်းသီး နနွင်းမှုန့် ဆား ဆီ အရသာမှုန့်နှင့် ပုဇွန်တို့ကို ရောနယ်ပေးထားပါ
  • အိုးထဲမှာ အရသာ နယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာ နီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာရအောင် ပြင်ပေးပါ
  • အရသာ လိုသလို ပြင်ပေးပြီးတာနဲ့ ပုဇွန်ခရမ်းသီးတောချက် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment