Friday 20 March 2020

ငါးသေတ္တာ ပြန်ချက်


ဒီနေ့တော့ ချက်နည်းအရမ်းလွယ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ဟင်းတစ်မယ်ကို ရစေမဲ့ ငါးသေတ္တာ ပြန်ချက်ဟင်းလေး ချက်ပါတယ် ချက်ရတာ မြန်သလောက် စားလို့အရမ်းကောင်းတဲ့ ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးသေတ္တာ - ဗူးကြီး တစ်ဗူး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး 
ပြင်ဆင်ပုံ
  • ငါးသေတ္တာဗူးကို ဖောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လှီးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်နီကို နွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ ငါးသေတ္တာနှင့် ဆားတို့ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ရေဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပြီး တစ်မိနစ်လောက် တည်ပေးပြီးပါက ငါးသေတ္တာဟင်း  ရပါပြီ။

No comments:

Post a Comment