Monday, 7 October 2019

ငရုတ်သီးစိမ်း ပုဇွန်အစပ်ဟင်း


ဒီနေ့တော့ အစပ်ကြိုက်တဲ့ သူတွေအတွက် ထမင်းစားလို့ မိန်စေမဲ့ ငရုတ်သီးစိမ်းနဲ့ ပုဇွန်ကို ခပ်စပ်စပ်လေး ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခေါင်းချိုး - 300 g
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အရသာနယ်ရန်နှင့် ဟင်းချက်ရန် ခွဲသုံးပါ)
  7. ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
  8. ကြက်သွန်နီ - အနေတော် တစ်လုံး

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး အခွံခွာ အမြှီးနှင့်ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • သန့်စင်ပြီးသော ပုဇွန်ကို ရေငံပုဇွန်ဖြစ်ပါက ရေ၃ထပ်လောက် ဆေးပးပြီး ထက်ခြမ်းခွဲပေးပါ
  • ပြီးတာနဲ့ နနွင်းမှုန့်နှင့် ဆားအနည်းငယ်ထဲ့ကာ နယ်ထားပါ
  • ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီကို ထည့်ကြော်ပါ
  • နွမ်းရုံလေး ကြော်ပြီးတာနဲ့ ငရုတ်သီးစိမ်းကို တစ်မိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ ပုဇွန်ကို အရောင်ပြောင်းသွားတဲ့အထိ ထည့်ကြော်ပါ
  • ပုဇွန်အရောင်ပြောင်းတာနဲ့ အရသာမှုန့်နှင့် ငံပြာရည်ကို ထည့်ကြော်ပြီး ရေမြုပ်အောင် ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်း လိုသလို ပြင်ပေးကာ ရေအနေတော်လောက် ရပြီဆို မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ ရှူးရှူးရှဲရှဲ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment