Saturday 15 June 2019

ကြာဇံကြော် မွှေးမွှေးလေး










ဒီနေ့တော့ ဆန်ကြာဇံကြော်လေး စားချင်တာနဲ့ အသီးအရွက်ေလးတွေလှီးပြီး အသားမပါဘဲ ကြော်ဖြစ်ပါတယ် မာမာက အခုနောက်ပိုင်း အသားသိပ်မစားတော့ အသားမထည့်ဘဲ ချက်ဖြစ်တာက များပါတယ်။

အသားမပါပေမဲ့ မာမာအခုပြထားတဲ့ အရသာလေးတွေကို ထည့်ကြော်မယ်ဆိုရင်တော့ တရုတ်ဆိုင်တွေက အရသာအတိုင်းထွက်တဲ့ ခေါက်ဆွဲကြော် ကြာဇံကြော် အရသာတွေအတိုင်း ထွက်မှာဖြစ်လို့ မာမာကြော်တဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်ကြာဇံ - 150 g
  • ပဲတောင့်ရှည် - ၅တောင့်
  • ပန်းဂေါ်ဖီ - အခက်ကြီးကြီး နှစ်ခက်
  • ဂေါ်ဖီ - တစ်စိတ်ခန့်
  • မုံလာဥနီ - အနေတော် တစ်ဥ
  • ဘရော့ကိုလီ - အခက်ကြီးကြီး နှစ်ခက်
  • တရုတ်နံနံ - အနည်းငယ်
  • ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  • ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ငံပြာရည်မွှေး - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ - တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ

  1. ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး ၅နာရီလောက် စိမ်ထားပါ
  2. ကြော်ကာနီးပါက ရေစိမ်ထားသော ကြာဇံကို ရေစစ်ထားပါ
  3. ပါဝင်သော အသီးအရွက်များ အားလုံးကိုမလှီးခင် ရေဆေးပြီး ရေစစ်ထားပါ
  4. ရေစစ်သွားတာနဲ့ မိမိနှစ်သက်သလို ခပ်ထူထူလေးတွေ လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  7. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  8. ကြက်သွန်ဖြူနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  9. ကြက်ဥကျက်တာနဲ့ ပဲသီး မုံလာဥနီ ဘရော့ကိုလီ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီတို့ကို ထည့်ကြော်ပါ
  10. အသီးအရွက်များ ထည့်ပြီးတာနဲ့ ဆား ငံပြာရည်အကြည် နှမ်းဆီမွှေး ခရုဆီ ငံပြာရည်မွှေးနှင့် အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ အနည်းငယ် နွမ်းအောင်ကြော်ပေးပြါ
  11. ပီးတာနဲ့ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံပျော့လာပြီ ဆိုတာနဲ့ ပဲငံပြာရည်နှင့် ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပါ 
  12. အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ 
  13. အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံထည့်ပြီး အားလုံးကို ရောမွှေကာ မီးပိတ်ပေးပါ။
  14. အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့  ဆန်ကြာဇံကြော်လေး ရပါပြီ။

No comments:

Post a Comment