ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ပြည်ကြီးငါး အကောင်သေးသေးလေးတွေနဲ့ ဆန်ပြားကြော်ပါတယ် ကြော်ပြီးပြီးချင်း ပူပူလေးစားရင် အရမ်းဘဲ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန်ပြား - တစ်ရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
- ပြည်ကြီးငါး - အကောင်သေး 200 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဘေဘီမုန့်ညှင်း - အနေတော် တစ်ပင်
- ဘေဘီပြောင်းဖူး - ငါးဖူး
- ပဲတောင့်ရှည် - ၅တောင့်
- ကြက်သွန်မိတ် - အနေတော်နှစ်ပင်
- တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
- ဘဲဥ - တစ်လုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း ၂ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြည်ကြီးငါး သန့်စင်ပုံ
- ပြည်ကြီးငါး ကိုယ်လုံးထဲမှ သည်းခြေအိတ် ပလပ်စတစ်ပြားနှင့် အစာအိတ်တို့ကို ဖယ်ပေးပါ
- သည်းခြေအိတ်ကို ထုတ်ရာမှာ ပေါက်မထွက်သွားအောင် သတိထားပြီး ထုတ်ပေးပါ
- ပြည်ကြီးငါးရဲ့ ခေါင်းပိုင်းဖက်မှ မျက်စေ့နှင့် သွားနေရာတို့ကို ဖယ်ပေးပါ
- မလိုတာတွေ ဖယ်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ
- ပြည်ကြီးငါးကို အဆင်သင့် ထားပေးပါ
- ဆန်ပြားနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
- ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
- ဘေဘီမုန့်ညှင်းကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးထားပါ
- ဘေဘီပြောင်းဖူးကို ရေဆေးပြီး ထက်ဝက်ပိုင်းထားပါ
- တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး ခပ်စောင်းစောင်း လှီးပေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထ
ည့်ကြော်ပေးပါ - ပြီးတာနဲ့ ရေစစ်ထားတဲ့ ပြည်ကြီးငါးကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
- ပြည်ကြီးငါးကို နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ တရုတ်နံနံနှင့် ကြက်သွန်မိတ်မှလွဲပြီး ကျန်နေသော အသီးအရွက်များတို့ကို ထည့်ကြော်ပေးပါ
- အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ဆန်ပြားကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
- အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
- အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ကို ထဲ့ပေးပြီး အရသာမြည်းပြီကာ လိုသလို ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
- ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ပြည်ကြီးငါး ဆန်ပြားကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment