ငှက်ပျောသီးလေးတွေ ဝယ်လာပြီး ဒီေ့တော့ ငှက်ပျောသီးနဲ့ တန်ပူရာ မုန့်နှစ်တို့ကို ရောသမမွှေပြီး ကြော်ဖြစ်ပါတယ် ငှက်ပျောသီးက သဘာဝ ချိုပြီးသားမို့လို့ မာမာကတော့ အချိုအရသာ သကြားကို ထပ်ထဲ့မထားပါဘူး။
တစ်ကယ်လို့ အရမ်းချိုတာကို ကြိုက်ရင်တော့ သကြားကို သင့်သလို ထဲ့ပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငှပ်ပျောသီး မွှေကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ငှက်ပျောသီး - ၁၀ လုံး
- တန်ပူရာမှုန့် - တစ်ခွက်ခွဲ (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- ရေ - 200 ml
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ဆား တန်ပူရာမှုန့်နှင့် ရေတို့ကို ရောပြီး အမှုန့်များ ကျေသွားအောင် ဖျော်ထားပေးပါ
- ငှက်ပျောသီးကို အခွံနွာပြီး ကျေသွားတဲ့အထိ ချေထားပါ
- ငှက်ပျောသီးများ ကျေသွားတာနဲ့ အရည် ဖျော်ထားသော မုန့်နှစ်ထဲမှာ သမသွားအောင် မွှေပေးပါ
- ဒယ်အိုးထဲမှာ ဆီထဲ့ပြီး ဆီကိုမီးအနေတော်နှင့် အပူပေးပါ
- ဆီပူလာပါက မုန့်နှစ်လူးထားသော ငှက်ပျောသီး မုန့်နှစ်ကို ထမင်းစားဇွန်း ဇွန်းရှည်ဖြင့် တစ်ဇွန်းခပ်ပြီး ဆီပူထဲ ထဲ့ပေးပါ
- အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
- တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက အရသာချိုချိုနဲ့ကောင်းလွန်းတဲ့ ငှက်ပျောမွှေကြော် မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။
No comments:
Post a Comment